လယ်မြေမြေဖို့သူများ ထောင်ကျနိုင်ဟု တနင်္သာရီဝန်ကြီးချုပ် သတိပေး

0
438

လယ်ယာမြေတွင် မြေဖို့သူများကို ဥပဒေအရ အမြန်ဆုံးအရေးယူသွားမည် ဖြစ်ပြီး ထောင်ဒဏ်အထိ ကျခံရနိုင် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန် ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်က သတိ ပေးလိုက်သည်။

ဇွန်လ ၁၁ ရက်နေ့က ထားဝယ်မြို့ ရှိမြို့တော်ခန်းမတွင် ပြုလုပ်သည့် တိုင်း အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အရပ် ဖက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ နှင့် မီဒီယာများတွေ့ဆုံပွဲတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။” အခုချိန်ကစပြီး မြေစာရင်း၊ ဌာန တွေနဲ့ပူးပေါင်းပြီးတော့ အလျင်အမြန်ဆောင်ရွက်မှာဖြစ်တဲ့အတွက် အခု လက်ရှိ လုပ်ကိုင်ထားသူများ ကိုယ့်အနီး ဝန်းကျင်မှာရှိရင် အမြန်ဆုံးပြန်လည် ဖြေရှင်းပေးပါ။ ထောင်ဒဏ်အထိ ကျနိုင် ပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးသည် လယ်ယာမြေနည်းပါးပြီး ဆန်ဖူလုံမှု မရှိသဖြင့် ဆန်၊ စပါးကို အခြားဒေသမှ တင်သွင်းနေရသည့် ဒေသဖြစ်ခြင်း ကြောင့် လယ်ယာမြေကို အဆုံးရှုံးမခံနိုင် ကြောင်း ၎င်းက ပြောသည်။လယ်ယာမြေကို မည်သည့်နည်း လမ်းနှင့်မျှ မည်သူ့ကိုမဆို သုံးစွဲခွင့် ပြုမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

တနင်္သာရီတိုင်းရှိ အချက်အချာ ကျသော လမ်းမများ၊ ကျေးရွာများတွင် နေရာအချို့တွင် လယ်ယာမြေကို မြေဖို့ ကာ အိမ်ဆောက်ခြင်း၊ အကွက်ရိုက် ရောင်းချခြင်း၊ အခြားနည်း အသုံးပြု ခွင့်လျှောက်ကာ ဓာတ်ဆီဆိုင်ဖွင့်ခြင်း စသဖြင့် ပြုလုပ်လျက်ရှိသည်။