ဆင်ခြေသမားတွေ ထပ်ထပ် မွေးနေသလား

0
487

ကျောင်းဖွင့်ရာသီဖြစ်သည်နှင့် ထုံးစံအတိုင်း အလှူငွေကောက်ခံသည့်ကိစ္စ ဟိုနား ဒီနား ပွက်ထလာသည်။နောက်ထပ်အသံထွက်လာသည်မှာ KG သူငယ်တန်းကိစ္စ ဖြစ်သည်။ သင်ထောက်ကူမလောက်၊ စာသင်ခန်းကုG စနစ်သုံးရန်အတွက် ပနံမသင့်၊ စာသင်ခန်းပြင်ပ သင်ထောက်ကူမရှိစသဖြင့် အသံစုံထွက်လာသည်။

ယခုအခြေအနေ အတိုင်းသာဆိုလျှင် KG စနစ်သစ် အသက်ဝင်ရေး ဝေးနေဦးမည့် အခြေ။ကလေး ဗဟိုပြုပညာရေးနှင့်ပတ်သက်ပြီး ကျောင်းများတွင် ကြိုးစားသုံးရေး ယင်းသင်တန်းတက်ဖူးသည့်မိတ်ဆွေဆရာဆရာမများကိုပြောတိုင်း ” သင်တန်း သည်သင်တန်းသာဖြစ်သည် ” ဟု ဆိုသည်။
ဆင်ခြေပေါင်းများစွာဖြင့် လက်တွေ့တွင် ခက်ခဲသည်ဟု ဆိုသည်။လက်ရှိအခြေအနေတွင်လည်း KG စနစ်အတွက် သင်တန်းတက်ချိန်က တက်ကြွခဲ့သည့် ဆရာ ဆရာမများ၏ စိတ်ထဲတွင် သင်တန်းကသင်တန်းပါပဲဟု တွေးကောင်း တွေးနေနိုင်သည်။

မူဝါဒတစ်ခု အသက်ဝင်ရေးအတွက် အကောင်အထည်ဖော်ရသည်မှာ အင်မတန် အနုစိတ်နက်နဲ လက်ဝင်သည်။
ချမှတ်သည့်စနစ်နှင့်ပနံသင့်သည့်အခင်းအကျင်း အထောက်အပံ့များ မရှိ ပါက နဂိုကတည်းက အကြောင်းပြချက်ပေး၊ လမ်းဟောင်းအတိုင်း အလွယ်လိုက် ချင်သည့်စိတ်ကို အားပေးသကဲ့သို့ဖြစ်မည်။အခက်အခဲနှင့် ဆင်ခြေကိုလုံးချလိုက်ခြင်းဖြင့် ချမှတ်သည့် မူဝါဒများသည် လည်း မူနေသည့် ဝါဒများသာ ဖြစ်နေပေဦးမည်။

မည်မျှဆိုးသည့်အခြေအနေတွင်ဖြစ်စေ ဖောက်ထွက်မည့်သူများက ဖောက် ထွက်ရန် ကြိုးစားမည်ဖြစ်သည်။
ယင်းနှင့်ပြောင်းပြန် မည်မျှကောင်းသည့် အခြေအနေတွင်ဖြစ်စေ လမ်း ဟောင်းလိုက်ဆင်ခြေပေး ရောချချင်သူများက ရောချနေမည်ဖြစ်သည်။
ယင်းသို့ ရောချမည့်သူများကို သေချာစွာကိုင်တွယ်နိုင်ရန် ဖိအားပေးနိုင်ရန် မှာ မူဝါဒများနှင့် ပနံသင့်သည့် အခင်းအကျင်း ရှိရမည်ဖြစ်သည်။
သို့မဟုတ်ပါက ကောင်းမွန်ပါသည်ဟူသည့် မူဝါဒများသည် ဆင်ခြေသမား များကိုသာ ပိုမိုမွေးထုတ်ပေးသည့် မူဝါဒများ ဖြစ်နေမည် ဖြစ်သည်။