ကြက်ခြံဝန်းကျင်ရှိ ရေတွင်း တစ်ဆယ်ကျော် ပျက်စီး

0
468

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စု ကုန်းဖောက်ရပ်ကွက်ရှိ ထူးထူး တိုး ဥစားကြက်မွေးမြူရေးခြံအနီးဝန်းကျင်ရှိရေတွင်းတစ်ဆယ်ကျော် ပျက်စီး နေသည်ဟု ရေတွင်းပိုင်ရှင်များထံမှ သိရသည်။ယင်းကြက်ခြံမှ အနံ့ဆိုးများ ထွက် နေပြီး ရပ်ကွက်အတွင်း အများဆုံး ၁၅ ပေအနက်ရှိ ရေတွင်းများမှ ရေများ ပျက် ဆီးမှုများ ရှိနေကြောင်း ကုန်းဖောက် ရပ်ကွက်သားတစ်ချို့က ပြောသည်။


“ကြက်ချေးလှောင်ကန်ကို မြေသား ကန်ပဲ လုပ်ထားတယ်၊ အင်္ဂတေ ကန် အဖြစ် ပြုလုပ်ပေးစေချင်တယ် ” ဟု ကုန်းဖောက်(၂) ရပ်ကွက်နေ ဦးခင်ညွှန့် က ပြောသည်။ယင်းကဲ့သို့ ရေတွင်းများ ပျက်စီး နေရခြင်းသည် ကြက်ချေးလှောင် ကန် များမှာ အထက်ပိုင်းတွင် တည်ရှိ နေပြီး ရေတွင်းများမှာ မြေနိမ့်ပိုင်းတွင် တည် ရှိနေသည့်အတွက် ရေတွင်း ၁၃ တွင်းမှ ရေများ အရောင်ပြောင်းလဲမှုများ ရှိလာ နေပြီး သောက်သုံးမရ ဖြစ်နေကြောင်း ရေတွင်းပိုင်ရှင်များထံမှ သိရသည်။

myeik_well_hen
“မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ အတွက် ဘာအနံ့မှမနံပါဘူးလို့  ပြောလို့ မရပါဘူး။ ယုတ္တိ လည်းမရှိဘူး အနံ့ အသက်တော့ ရှိတယ်။ ဒါပေမယ့် ခြံထဲ ကထွက်တဲ့ ရေဆိုးရေညစ်တွေကို အကောင်းဆုံးနည်းလမ်းနဲ့ စွန့်ပစ်ထား တာပါ “ဟု ထူးထူးတိုး ဥစားကြက်မွေး မြူရေးခြံ တာဝန်ခံ ဦးသိန်းနိုင်စိုးက ပြောသည်။
ကြက်ခြံအနီးတွင်နေထိုင်သည့် ရေတွင်းပိုင်ရှင် ဒေါ်ကြူက သင်္ကြန်ပြီး ချိန်ကစပြီး ရေတွင်းရေမှာ အနံ့ထွက် လာပြီး ရေအရောင်မှာလည်း ကြံရည် ရောင်သို့ ပြောင်းလာပြီး သုံးစွဲ၍ မရ တော့ဟု ပြောသည်။ “ကြက်ချေးကို ဂတ်စ် ထုတ်တယ်၊ ဂတ်စ်ထုတ်ပြီးသား ကြက်ချေးကိုမှ အဆင့်ဆင့် ရေပြန်စစ်ထုတ်ပြီး အဲသည် ရေကိုမှ မြောင်းထဲ လွှတ်ချခဲ့တာပါ ”  ဟု ကြက်ခြံတာဝန်ခံ ဦးသိန်းနိုင်စိုးက ပြော သည်။
ယင်းစွန့်ပစ်ရေများကို မြေသား ကန်သုံးကန်ကို ဖြတ်သန်းစေခြင်း ဖြင့်လည်းကောင်း၊ ပိုက်လိုင်းသွယ်ထား သည့် ရေမြောင်းများသို့ လည်းကောင်း လမ်းကြောင်းနှစ်ကြောင်းခွဲပြီး စွန့်ပစ် နေကြောင်း ယင်းကြက်ခြံမှ သိရသည်။
ယင်းကဲသို့ ကြက်ခြံမှ အနံဆိုး များထွက်ရှိနေခြင်းနှင့် မြေသားကြက်ချေးလှောင်ကန်များကြောင့် တွင်းရေ များ ပျက်စီးနေရသဖြင့် အနံ့ဆိုးများနှင့် ကြက်ချေးလှောင်ကန်များကို စနစ်တကျ ပြန်ဆင်ပေးရန် ရပ်ကွက်သူ/သား ၁၀၀ ဦးကျော်လက်မှတ်ရေးထိုးပြီး မေလ ၁၆ ရက်က မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားကြောင်း ယင်းရပ်ကွက်သူ/ သားများမှ သိရသည်။
အဆိုပါ ကုန်းဖောက်ရပ်ကွက်သည် ထူးထူးတိုး ကြက်ခြံအနံ့ဆိုးများအပြင် ငါးအမှုန့် ကြိတ်စက်ရုံများနှင့် နီးကပ်စွာ တည်ရှိနေသည့် ရပ်ကွက်ဖြစ်နေသည့် အတွက် ငါးမှုန့်ကြိတ်စက်ရုံမှ အနံဆိုး များကိုလည်း ခံစားနေရကြောင်း ယင်း ရပ်ကွက်သားများမှ သိရသည်။
ထို့ပြင် ဧပြီလ ၂၅ ရက်က တိုင်း ဝန်ကြီးချုပ် မြိတ်မြို့သို့ရောက်ခဲ့စဉ် ပုလဲ ရတနာခမ်းမတွင် ပြုလုပ်သည့် လူထု တွေ့ဆုံပွဲတွင် ထူးထူးတိုးကြက်ခြံကို ရွာပြင်သို့ ရောက်အောင်ပြုလုပ်ပေးရန် မြို့နယ်စည်ပင်သို့ မှာကြားခဲ့ပြီး ဖြစ် သည်။
ထူးထူးတိုး ဥစားကြက်မွေးမြူရေး ခြံတွင် ကြက်အကောင်ရေ ၆ သောင်း ကျော်မွေးမြူထားပြီး နေ့စဉ် ကြက်ဥ အလုံးရေ ၅ သောင်း ဝန်းကျင်ခန့် ထွက် ရှိကြောင်း ယင်းကြက်ခြံမှ သိရသည်။