တားမြစ်ထားသည့် လောင်းလုံး ဘုတ်ကျွန်းကို သွားလည်ခွင့်ပြုရန် တောင်းဆို

0
347

ထားဝယ်ဒေသရှိ နာမည်ကျော် လောင်းလုံးဘုတ်ကျွန်းသို့ နေ့ချင်းပြန် သွားလာလည်ပတ်ခွင့် ခွင့်ပြုစေရန် အတွက်  မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ရှင်များအသင်းထံ ပြီးခဲ့သည့် ဧပြီလ၂၇ ရက်က စာဖြင့်တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း (တနင်္သာရီဇုန်) အတွင်းရေးမှူး က ပြောကြားသည်။


လောင်းလုံးဘုတ်ကျွန်းကို ခရီး သွားများအား မပို့ဆောင်ရန် တနင်္သာရီ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ရုံးမှ ပြီးခဲ့သည့် ဧပြီလ ၄ ရက်က ညွှန်ကြားခဲ့ခြင်းကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းကြောင့် သွားရောက် လည်ပတ်ခွင့်ပြုရန်အတွက် အကူအညီ ပေးနိုင်ရန် တောင်းဆိုထားခြင်း ဖြစ် ကြောင်း   မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (တနင်္သာရီဇုန်) အတွင်း ရေးမှူး ဦးထိန်ဝင်းက ပြောသည်။
” ခရီးသွားလုပ်ငန်း လုပ်တယ် ဆိုတာ သဘာဝပတ်ဝန်းကျင် မပျက်စီး အောင်နဲ့ ဒေသခံအလုပ်အကိုင် အခွင့် အလမ်းတွေ ပေါများအောင်ဆောင်ရွက် ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းသာ ဖြစ် တယ်” ဟု ဦးထိန်ဝင်းက ပြောသည်။
ယင်းကျွန်းအား တစ်ဦး၊ တစ် ယောက်၊ တစ်ဖွဲ့မှထိန်းသိမ်း ကာကွယ် ငှားရမ်း လုပ်ဆောင်သွားမည် ဆိုပါက သဘော မတူနိုင်ကြောင်း ၎င်းက ဆိုသည်။
လောင်းလုံးဘုတ်ကျွန်းထံ သွား ရောက်လည်ပတ်ခွင့်အား ပိတ်သိမ်းရန် တပ်မတော်(ရေ)မှ တိုင်းဒေသကြီးအစိုး ရထံ တင်ပြလာကာ တိုင်းအစိုးရ(ယခင် အစိုးရ)က ညွှန်ကြားသည့်အတွက် သွား လာခွင့်ပိတ်သိမ်း ခဲ့ခြင်းဖြစ်ကြောင်း  ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
သွားလာခွင့် ပိတ်ထားခြင်းအား ဖြေလျော့ပေးစေရန်အတွက် ပို့ဆောင် နေသူများက အသင်းအဖွဲ့များ စနစ် တကျ ဖွဲ့စည်းကာ စည်းကမ်းတကျ လုပ်ဆောင်သွားရန်လိုပြီး လိုအပ်ပါက ဌာနဖက်မှ ထောက်ခံချက်ဆန်သည့် မှတ်ချက်မျိုးကို ထုတ်ပေးမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
” ပို့နေတဲ့လှေတွေက လိုင်စင်မ ပြောနဲ့၊ လှေဂရမ်တောင် မရှိကြဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က ယင်းကျွန်းသည် လုံခြုံရေးအရ တားမြစ် နယ်မြေဖြစ်၍ ခရီးလှည့်လည်ရေး ကုမ္ပဏီများမှ ခရီးသွားလုပ်ငန်းများ လုပ်ဆောင်ခြင်းမပြုရန်နှင့် ကမ်းလွန် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဓာတ်ငွေ့ ပိုက်လိုင်းများ ဖြတ်သန်း ဝင်ရောက် သည့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာနှင့် ၂၅ မိုင်သာ ကွာဝေးသည့် အတွက် ယင်းကဲ့သို့ ကန့်သတ်လိုက် ကြောင်း ထားဝယ်ခရိုင် ဟိုတယ်^ခရီးမှ ထုတ်ပြန်သည့်စာတွင် ဖော်ပြပါရှိ သည်။
လောင်းလုံးဘုတ်ကျွန်းအား ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ မောရ၀တီရေတပ် စခန်း ဌာနချုပ်၏ တပ်ပိုင်မြေအဖြစ် လွှဲပြောင်း ပေးခဲ့သည့် ကျွန်းဖြစ်ကြောင်း ဟိုတယ်^ ခရီးမှ သိရသည်။