အကြောင်းမထူးသည့် ကံပေါက်မိုင်း ဆိုးကျိုးကိစ္စ အစိုးရသစ်ကို ထပ်တိုင်

0
407

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံ ပေါက်ဒေသတွင် သတ္တုတူးဖော်နေသည့် ဒယ်(လ်)ကို ကုမ္ပဏီ၏ စီမံကိန်းကြောင့် ဖြစ်ပေါ်နေသည့်ဆိုးကျိုးများကို ယခင် တိုင်းအစိုးရအဖွဲ့က မဖြေရှင်းခဲ့သော ကြောင့် အစိုးရသစ်ထံ ထပ်မံတောင်းဆို ထားကြောင်း ဒေသခံများထံမှ သိရ သည်။


ယခင်အစိုးရ လက်ထက်က တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သတ္တုတွင်း ဝန်ကြီး အပါအဝင် သက်ဆိုင်ရာဌာန များကိုနှစ်ကြိမ်စာပို့ တောင်းဆိုခဲ့ဖူးသော် လည်း အရေးယူ ဖြေရှင်းခဲ့ခြင်း တစ်စုံ တစ်ရာ မရှိသောကြောင့် ယခုအစိုးရ အသစ်က ဖြေရှင်းပေးရန် မေလ ၉ ရက် က ထပ်မံတောင်းဆိုခဲ့ကြောင်း ဦး ဆောင်တောင်းဆိုသည့် ကံပေါက်ဒေသခံ ဦးခင်စိုးက ပြောသည်။

kanpaunk_mine
” ကုမ္ပဏီကိုရပ်ဆိုင်းဖို့၊ ထွက်သွား ဖို့တောင်းဆိုတာ မဟုတ်ပါဘူး။ ဥပဒေနဲ့ အညီ လုပ်ဆောင်ဖို့၊ ကုမ္ပဏီကြောင့် ဒေသထိခိုက် နစ်နာမှုတွေ မရှိဖို့ တောင်း ဆိုတာပါ ” ဟု ဦးခင်စိုးက ပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဒယ်(လ်)ကို ကုမ္ပဏီမှ တည်ဆောက် ထားသည့် နုန်းစစ်ကန်ပြိုကျခြင်းကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၄၀ ကျော် ပျက် စီးခဲ့သည့် ဖြစ်ရပ်နောက်ပိုင်း ကုမ္ပဏီနှင့် ဒေသခံများ အကြိမ်ကြိမ် တွေ့ဆုံခဲ့ သော်လည်း သဘောတူညီမှု တစ်စုံ တစ်ရာ ရယူနိုင်ခဲ့ခြင်း မရှိသေးကြောင်း တိုင်းဒေသကြီး အစိုးရထံသို့ တင်ပြထား သည့်စာတွင် ပါရှိသည်။
ကုမ္ပဏီမှစွန့်ပစ်သည့် နုန်းမြေများ ချောင်းဖျားနေရာများတွင် စွန့်ပစ်ထား ခြင်း၊ ရေကန်တောင်ပေါ်ရှိ ရေကို ဒေသ ခံများ၏ သဘော ဆန္ဒမပါဘဲ ကုမ္ပဏီမှ သွယ်ယူသုံးစွဲခြင်း စသဖြင့် ကုမ္ပဏီ၏ လုပ်ဆောင်ချက်များကြောင့် ချောင်းများ ပျက်စီးကာ သဘာဝ ပတ်ဝန်းကျင် ထိ ခိုက်မှုများ ရှိနေခြင်းကြောင့် အစိုးရ အသစ်အနေဖြင့် အလေးထားဆောင်ရွက် ပေးရန် ယခုကဲ့သို့ စာဖြင့်တင်ပြ တောင်း ဆိုခြင်းဖြစ်ကြောင်း ဦးခင်စိုးက ဆို သည်။
ယင်းကိစ္စနှင့်ပက်သက်၍ မေးမြန်း နိုင်ရန် ဒယ်(လ်)ကို ကုမ္ပဏီရုံး၏ ဖုန်း နံပါတ်များဖြစ်သည့် ၀၉၈၇၅၂၀၅၆၊ ၀၉၈၇၄၂၉၆၃ တို့ကို အကြိမ်ကြိမ် ဆက် သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထား ခြင်းကြောင့်  မေးမြန်းခွင့်မရခဲ့ပေ။
ကုမ္ပဏီကြောင့် ဖြစ်ပေါ်နေသည့် ဆိုးကျိုးများကြောင့် ဒေသခံများက ဒယ်(လ်)ကို ကုမ္ပဏီကို ယခုနှစ် ဇန်န ဝါရီလက ဆန္ဒတစ်ကြိမ် ထုတ်ဖော်ခဲ့ ဖူးသည်။
ဒယ်(လ်)ကို ကုမ္ပဏီသည် ကံပေါက် ကျေးရွာတွင် မြေ ၂၀၈၇ ဧကကို သတ္တု ရှာဖွေ တူးဖော်ထုတ်လုပ်ရန် အတွက် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လုပ်ကိုင် ခွင့်ရထားသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။