မော်လမြိုင်တွင် သက်တမ်းလွန် ဆေးဝါး၊ အစားအသောက်နှင့် အလှကုန် ပစ္စည်းများ မီးရှို့ဖျက်ဆီး

0
502

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အတွင်း၌ သိမ်းဆည်းရမိထားသည့် တန်ဖိုးကျပ်သိန်း ၄၅၀ ရှိ သက်တမ်းလွန် ဆေးဝါးများ၊ ဓာတုပစ္စည်းပါ အလှကုန် ပစ္စည်းများနှင့် စားသုံးရန်မသင့်သည့် အစားအသောက်များကို မေလ ၄ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု အစား အသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီး ဌာနမှ သိရသည်။


မီးရှို့ဖျက်ဆီးခဲ့သည့် ပစ္စည်းများ သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၆ ခုနှစ် မတ်လထိ သိမ်းဆည်းရမိထား သည့် တရားမဝင် ဆေးဝါး ၄ မျိုး၊ သက် တမ်းလွန် ဆေးဝါး ၄၂ မျိုး၊ စပ်ဆေး ၁ မျိုး၊ ဓာတုပစ္စည်းပါ အလှကုန်ပစ္စည်း ၈၁ မျိုးနှင့် စားသုံးရန် မသင့် သည့် အစားအသောက် ၂ မျိုး ပါဝင်သည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်ပန်းရိပ်အောင်က ပြောသည်။
မော်လမြိုင်တွင် သက်တမ်းလွန် ဆေးဝါးများ၊ ဓာတုပစ္စည်း ပါအလှကုန် ပစ္စည်းများနှင့် စားသုံးရန်မသင့်သည့် အစား အသောက်များကို ၂၀၁၅ ခုနှစ် စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ၂ ကြိမ် မီးရှို့ဖျက်ဆီးမှုရှိခဲ့သည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေး ဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ သိရ သည်။