သင်္ကြန်ကာလ တရားမဝင် အရက်ဘီယာ ရောင်းသူများကို ဥပဒေ အတိုင်း အရေးယူမည်

0
478

သင်္ကြန်ကာလအတွင်း တရားမဝင် အရက် ဘီယာရောင်းချသူများကို ဥပဒေအတိုင်းသာ အရေး ယူရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားသည်။


လက်ရှိ အသစ်ထွက်ရှိထားသည့် ယစ်မျိုး ဥပဒေအသစ်တွင် အမြင့်ဆုံး ပြစ်ဒဏ်ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ် ကျပ်သိန်း ၂၀ အထိ ချမှတ် နိုင်သည့်အတွက် သင်္ကြန်ကာလအတွင်း တရားမဝင် အရက်ဘီယာ ရောင်းချသူများကို ဥပဒေအတိုင်း အရေးယူရန်မှာ တိုင်းအစိုးရအဖွဲ့၏ သဘောထား အပေါ်တွင်လည်း မူတည်သည်ဟု တိုင်းရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦး၏ ပြောဆိုချက်နှင့် ပက် သက်၍ ဝန်ကြီးချုပ်ဦးမြတ်ကိုက ယင်းသို့ ပြောကြား ခြင်းဖြစ်သည်။

no_beer_at_thingyan
” ရဲကတော့ ဥပဒေနဲ့အညီ လုပ်ရမှာပေါ့။ တရား မဝင်တာကို တိုင်းအစိုးရအဖွဲ့က ခွင့်ပြုမယ်ဆိုရင် ဥပဒေနဲ့မညီဘူး ဖြစ်သွားမှာပေါ့။ အစိုးရဆိုတာ ဥပဒေအတိုင်း လိုက်နာရမှာလေ။ ဥပဒေကို မျက်ကွယ် ပြုလိုက်ရင် ဘယ်အဆင်ပြေမလဲ” ဟု ဝန်ကြီးချုပ်က ဆိုသည်။
ရဲတပ်ဖွဲ့အနေဖြင့် တရားမဝင် အရက်ဘီယာ ရောင်းချမှု မရှိစေရန် အတွက် ကြိုတင်သတိပေးခြင်း၊ တားမြစ်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ရောင်း ချသည်ကို တွေ့ရှိပါက ပစ္စည်းသိမ်းဆည်းမည် ဖြစ်ကာ ယစ်မျိုး ဥပဒေအသစ်ဖြင့် အရေးယူရန်မှာ တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ သဘောထားအပေါ် တွင်မူတည်၍ ချိန်ဆလုပ်ဆောင်ရကြောင်း တိုင်း ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိက ပြောသည်။
” ဥပဒေအတိုင်း အတိအကျလုပ်နိုင်ရင်တော့ ကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။
သင်္ကြန်ကာလသည် နောက်အစိုးရ သစ်တက် ပြီးသည့် အချိန်ဖြစ်သည့်အတွက် လက်ရှိအစိုးရက လုပ်နိုင်သည့် ကိစ္စများ (ဥပမာ-မဏ္ဍပ်ဆောက် လုပ်ရေး) တို့ကို လုပ်ဆောင်ပေးခဲ့ပြီး သင်္ကြန်ကာလ နှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို နောက်အစိုးရက ထုတ်ပြန်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးမြတ်ကိုက ဆိုသည်။
” လိုင်စင်မရှိဘဲ ရောင်းချနေတဲ့ သူတွေကို ပြတ်ပြတ်သားသား အရေး ယူခိုင်းရမယ်။ ရဲပေးတွေ ဘာတွေ လာလုပ်မနေနဲ့တော့။ အခွန်ထမ်းပြည်သူ တွေ မနစ်နာအောင် အစိုးရအသစ်က တိတိကျကျ ကိုင်တွယ်ရမယ်” ဟု ကြက်စား ပြင်ရပ်ကွက်မှ အရက်ရောင်းသူတစ်ဦးက ပြောသည်။
ရဲတပ်ဖွဲ့အနေဖြင့် အစိုးရ ဖိအား ပေးမှုနှင့်မဆိုင်ဘဲ ကိုယ်လုပ်ရမည့် အလုပ် ကိုသာ လုပ်ဆောင်ပြီး လိုင်စင်မရှိဘဲ ရောင်းချသူများကို အရေးယူသင့်ကြောင်း တစ်ခါတစ်ရံ အရက်သောက်လေ့ရှိသူ ဝဲကျွန်းရပ်ကွက်မှ အသက် ၂၆နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
” ဒီမိုကရေစီစနစ်မှာ အထက်မိန့် အောက်မိန့် စောင့်နေတာမျိုး မဖြစ်သင့် တော့ဘူး” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်မူ သင်္ကြန် ရက်များအတွင်း အရက်၊ ဘီယာ ရောင်းချ သူများအား အထူးစီမံချက်ဖြင့် ဖမ်းဆီး ကာ အမြင့်ဆုံး ပြစ်ဒဏ်ထောင်ဒဏ် ၂နှစ် ချမှတ် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောဆိုထားသည်။
သင်္ကြန်ကာလ မတိုင်မီဖြစ်သည့် လက်ရှိအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးအတွင်း တရားမဝင်အရက်၊ ဘီယာ ရောင်းချသူများကို ဖမ်းဆီးအရေးယူ လျက်ရှိပြီး ထားဝယ်မြို့နယ်တွင် ဖေဖော် ဝါရီလက ယစ်မျိုးအမှု ၇ မှုနှင့် မတ်လ ၁ရက်မှ ၁၅ရက်အထိ ယစ်မျိုးအမှု ၅ မှု ဖမ်းဆီးခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်း ထံမှ သိရသည်။
ထားဝယ်မြို့နယ်တွင် လိုင်စင်မဲ့ အရက်ဆိုင်များကို ပြီးခဲ့သည့် ဇန်နဝါ ရီလ ၁၄ ရက်မှ စတင်ဖမ်းဆီးခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးကမူ လိုင်စင် များကို လာရောက် လျှောက်ထားနိုင် သည်ဟု ပြောဆိုထားသော်လည်း လက်ရှိ အချိန်ထိ လိုင်စင်ချထားပေးခြင်း မရှိ သေးကြောင်း ထားဝယ်မြို့နယ်ရှိ အရက် ဆိုင်ပိုင်ရှင် အသိုင်းအဝိုင်းထံမှ သိရ  သည်။