ကော့သောင်း- မြိတ် ခရီးသည်တင်ယာဉ် တိမ်းမှောက် တစ်ဦးသေ၊ ခြောက်ဦး ဒဏ်ရာရ

0
394

ကော့သောင်းမှ မြိတ်မြို့သို့ မောင်း နှင်လာသည့် လူစီးသီးသန့် ရွှေဝယ်ဟိန်း ခရီးသည်တင် ယာဉ်တစ်စီးသည် မြိတ်မြို့ တက်လက်ငယ် ကျေးရွာတွင် တိမ်း မှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြိတ်မြို့မ ရဲစခန်းမှ သိရသည်။

အဆိုပါ ယာဉ်သည် မတ်လ ၁၀ ရက် နံနက် ၄ နာရီခန့်က ယာဉ်မောင်း အိပ်ငိုက်ရာမှ မိုင်တိုင်အမှတ် (၃၁ / ၃၂) အကြား တက်လက်ငယ် ချောင်းထဲ ကျခဲ့ခြင်းဖြစ်ကြောင်း မြိတ်မြို့မ ရဲစခန်း မှ သိရသည်။” ကားထဲမှာပါတဲ့ ခရီးသည် အား လုံးက အိပ်ပျော်နေကြတော့ ဘယ်လိုဖြစ် တာမှန်းတောင် မသိလိုက်ဘူး။ ချောင်း ထဲ ကျပြီးမှ ကားထဲရေဝင်လာမှ ပြုတ်ကျ မှန်း သိတယ်” ဟု ခရီးသည် မခင်ငြိမ်း လှက ပြောပြသည်။

လိုက်ပါလာသည့် ခရီးသည် များသည် မွန်ပြည်နယ်မှ ဖြစ်ပြီး ဒဏ်ရာ ရသူ ၆ ဦးတွင် ယာဉ်မောင်းလည်း ပါဝင် ကြောင်း သိရသည်။
” ယာဉ်တိမ်းမှောက်မှုမှာ ခရီးသည် ၁၀ ဦးကျော်ပါ ပါတယ်၊ အဲ့ဒီ အထဲ ကမှ ခရီးသည် အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး အသက်ရှုကြပ်ပြီး ဆေးရုံ အရောက်မှာ သေဆုံးသွားပါတယ်” ဟု မြို့မ ရဲစခန်း စခန်းမှူး ဦးဝင်းဇော်ဦးက ပြောသည်။

လက်ရှိတွင် ယာဉ်မောင်းသူအား အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။