ဖာလိန်လူငယ်များ ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်သည့်စစ်တမ်း စာအုပ်ထုတ်မည်

0
632

ကျောက်မီးသွေး သုံးလျှပ်စစ်ဓာတ် အားပေးစက်ရုံကြောင့် ဒေသအတွင်းရှိ သဘာဝသယံဇာတများမပျက်စီး စေရေး နှင့် သဘာဝအတိုင်းတည်ရှိနေစေရေးတို့အတွက် ရေးမြို့နယ်၊ ဖာလိန်ဒေသခံ လူငယ်များ ကိုယ်တိုင်စစ်တမ်း ကောက် ယူထားသည့် စာအုပ်ဖြန့်ဝေမည်ဖြစ် ကြောင်း ဖာလိန်ဒေခံလူငယ်များထံမှ သိရသည်။

ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် တည်ဆောက်မည့်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည် ဆောက်ရန် တိုယိုထိုင်းကုမ္ပဏီနှင့် ပြည် ထောင်စုအစိုးရတို့၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က MOA လက်မှတ်ရေးထိုး ထားပြီး ဖြစ်သည်။

အဆိုပါစာအုပ်မိတ်ဆက်ပွဲကိုရန်ကုန်မြို့ ၊ Orchid Hotel တွင်မတ်လ ၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ကျောက် မီးသွေးစက်ရုံဆိုးကျိုးများနှင့်ပတ်သက်သည့် ကွန်ရက်အဖွဲ့အစည်း များ၊ NGO အဖွဲ့အစည်းများကိုဖြန့်ဝေသွားမည်ဟု ဖာလိန်ဒေသခံလူငယ်အဖွဲ့ မှ မသီရိဦးက ပြောသည်။

အုပ်ရေ ၁၀၀၀ ဖြန့်ဝေဖို့ရှိပါတယ်။ ရောင်းချမှာတော့မဟုတ်ပါဘူး။ ကျွန်မ တို့ဆီမှာ ကျောက်မီးသွေး သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖြစ်လာခဲ့မယ်ဆိုရင် ကျွန်မတို့ဆီမှာရှိတဲ့ အဖိုးတန်သဘာဝ သယံဇာတတွေက ဘယ်လောက်ထိပျက် စီးသွားနိုင်သလဲ။ လက်တွေ့နှိုင်းယှဉ် ပေးတာပေါ့” ဟု ၎င်းက ပြောသည်။
စာအုပ်နာမည်ကို “ဖာလိန်ဒေသ၏ သယံဇာတကြွယ်ဝပုံနှင့်လူမှုစီးပွားဖြစ်ထွန်းပုံ” ဟု အမည်ပေးထားပြီ ဖာလိန်ဒေသကျေးရွာ ၇ ရွာအတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ရိုးရာယဉ်ကျေးမှု၊ ကျေးရွာများ၏ ဖြစ်စဉ်သမိုင်းကြောင်းနှင့် တစ်နှစ်တာဝင်ငွေများအပြင် နေထိုင်မှုပုံစံ များ ပါဝင်မည်ဟု သိရသည်။

” သဘာဝသယံဇာတပေါကြွယ်ဝ မှုကို ဒီအတိုင်းရှိစေချင်တယ်၊ ကျွန်မတို့ ဒေသအပေါ် ကျရောက်လာမယ့် ဆိုးကျိုး တွေကိုလက်မခံဘူး၊ နည်းလမ်းမှန်စွာနဲ့ ကိုယ့်ဒေသကို ဖွံ့ဖြိုးအောင်ရှိစေချင် တယ်” ဟု မသီရိဦးက ပြောသည်။