ဆလုံတိုင်းရင်းသား ရိုးရာပွဲတော် ကျင်းပမည်

0
417

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာအုပ်စု (ခင်ပြည့်စုံ ကျွန်း) လငန်းကျေးရွာတွင် ဆလုံတိုင်း ရင်းသား တို့၏ ရိုးရာပွဲတော်ကို မတ်လ ၁၀ နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ယင်းကျေးရွာ ဆရာတော် အရှင်နန္ဒဝံသထံမှ သိရသည်။

ယခင်နှစ်များက အကျဉ်းရုံးသာ ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် မွေးမြူရေးဝန်ကြီးဌာနမှ ပံ့ပိုးသဖြင့် စည်းကားစွာ ကျင်းပမည်ဖြစ်ကြောင်း ဆရာတော်အရှင်နန္ဒဝံသက မိန့်ကြား သည်။

ယင်းပွဲတွင် ဆလုံတိုင်းရင်းသား တို့၏ ရိုးရာနတ်ကပွဲများ၊ လှေလှော် ပြိုင်ပွဲများ၊ ရေကူးပြိုင်ပွဲများနှင့် ဆလုံ တိုင်းရင်းသားတို့၏နေထိုင်မှုပုံစံကို ဖော် ညွှန်းထားသည့် ဓာတ်ပုံပြခန်းတို့ ပါဝင် မည်ဖြစ်ကြောင်း လငန်းရွာ ရာအိမ်မှူး ဦးသိန်းစံက ပြောပြသည်။
နှစ်စဉ် တပေါင်းလရောက်တိုင်း ဆလုံတိုင်းရင်းသားတို့၏ ရိုးရာ နတ်ပူ ဇော်ပွဲကို ကျင်းပလေ့ရှိကြကြောင်း လငန်း ရွာသားတစ်ချို့ထံမှ သိရသည်။
အဆိုပါ ပွဲတော်တွင် တနင်္သာရီ တိုင်းအတွင်းရှိ ဆလုံတိုင်းရင်းသားများ အားလုံး ပါဝင်လာနိုင်အောင် စီစဉ် ဆောင်ရွက်ထားကြောင်း ရာအိမ်မှူး ဦးသိန်းစံက ပြောသည်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ဒုံးပလဲအော်၊ ညောင်မှိုင်း တို့နှင့် ဘုတ် ပြင်းမြို့နယ် လငန်းရွာ၊ မကျုံဂလက် ကျေးရွာဂျလန်းကျွန်း၊ ဇာဒက်ကြီးကျွန်း တို့တွင် ဆလုံ(မော်ကင်း)တိုင်းရင်းသား များ နေထိုင်လေ့ရှိကြကြောင်း သိရ သည်။