တနင်္သာရီတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ဦး အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ခံရ

0
484

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးကောက်ခံခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက်တနင်္သာရီတိုင်းဒေသကြီးမှကိုယ်စားလှယ်လောင်း ၆ ဦးအား ကိုယ်စားလှယ်လောင်း အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၂၆ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။

ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို ဥပဒေနှင့်အညီတင်သွင်းရန်ပျက်ကွက်ခြင်းကြောင့်တစ်နိုင်ငံလုံးတွင်လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၀ ဦးနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်အချို့ကိုအရည်အချင်းပျက်ယွင်းသူများအဖြစ်ကြေညာရာတွင်တနင်္သာရီတိုင်းမှလွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ဦးပါဝင်နေခြင်းဖြစ်သည်။

အရည်အချင်းပျက်ယွင်းသူများအဖြစ်သတ်မှတ်ခံရသူများသည်ထုတ်ပြန်ကြေညာသည့်နေ့မှစ၍လက်ရှိလွှတ်တော်သက်တမ်းအတွင်း ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြုင်ခွင့် မရှိဟု သိရသည်။

 

အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ခံရ

စဉ်လွှတ်တော်

ကိုယ်စားလှယ်လောင်း

ရွေးကောက်ပွဲ

ကိုယ်စားလှယ်

မဲဆန္ဒနယ်ပါတီ
 ဦးမင်းသက်နိုင်ကျွန်းစုမဲဆန္ဒနယ် ၂၊ တိုင်းဒေသကြီးလွှတ်တော် ဒီမိုကရက်တစ်ပါတီ(မြန်မာ)
 ဦးအောင်ကျော်ဇော ဦးသီးဆွေ ကျွန်းစုမဲဆန္ဒနယ် ၂၊ တိုင်းဒေသကြီးလွှတ်တော် ကရင်ပြည်သူ့ပါတီ
စောကဲဒို စောအေးရှော တနင်္သာရီမဲဆန္ဒနယ် ၂ တိုင်းဒေသကြီးလွှတ်တော် ထားဝယ်တိုင်းရင်းသားများ ပါတီ
ဦးမောင်ကြိုင်(ခ) နိုင်ဝင်းမွန် ထားဝယ်မဲဆန္ဒနယ် ၁၊ တိုင်းဒေသကြီးလွှတ်တော် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
ဦးရန်နိုင်ဖြိုးမြိတ်မဲဆန္ဒနယ် ၂၊ တိုင်းဒေသကြီးလွှတ်တော် ဒီမိုကရက်တစ်ပါတီ(မြန်မာ)
ဦးသူရအောင် ရေဖြူမဲဆန္ဒနယ် ၁၊ တိုင်းဒေသကြီးလွှတ်တော် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ