ပရဟိတအဖွဲ့များ ချထားသည့် အမှိုက်ပုံး တစ်ချို့ပျောက်

0
422

မြိတ်မြို့နယ်တွင် ယခုရက်ပိုင်း အတွင်း ပရဟိတအဖွဲ့များ၏ အမှိုက်ပုံး တချို့ ပျောက်ရှမှုများရှိနေကြောင်း ယင်းပရဟိတ အဖွဲ့များမှ သိရသည်။

ပြီးခဲ့သည့် တစ်လခန့်မှစပြီး လမ်းစ ပရဟိတလူငယ်များအဖွဲ့ အမှိုက်ပုံး ၅၂ လုံး နှင့် ကိုမြတ်ထွဋ် facebook သူငယ်ချင်းများမှ အမှိုက်ပုံး ၂၇ လုံးတို့ကို ဆိပ်ငယ်ဈေးအရှေ့၊ အခြေခံပညာ စာသင် ကျောင်းရှေ့များ၊ ကန်ကြီးရပ်ကွက် ကန်တော်ကြီး နံဘေးတစ်လျှောက်၊ ထားဝယ်စုရပ်ကွက်စသည့် လူအများ သွား လာသည့်နေရာတို့တွင် ချထား ပေးထားကြောင်း အထက်ပါအဖွဲ့များမှ သိရသည်။
rubbish_myeik
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ရက်က ကမ်းနားလမ်း ဆား တံတားအနီးတွင် အမှိုက်ပုံးတစ်လုံး ပျောက်သွားကြောင်း လမ်းစ ပရဟိတလူငယ်များအဖွဲ့မှ ကိုမိုးသူရက ပြောသည်။

ထို့အပြင် ကိုမြတ်ထွဋ် facebook သူငယ်ချင်းများမှ လှူဒါန်း ထားသည့် အမှိုက်ပုံး ၂ လုံးလည်း ဖေဖော်ဝါရီ ၁၃ ရက်က ပျောက်ခဲ့သည်ဟု ကိုမြတ်ထွဋ်က ပြောသည်။

“ပရဟိတစိတ်ဓာတ်နဲ့ စေတနာ အလျှောက် လှူဒါန်းထားတဲ့ အမှိုက် ပုံးတွေ ပျောက်တာ စိတ်မကောင်းပါဘူး။ ခိုးတဲ့သူကလည်း သူလိုအပ်လို့ ခိုးသွား တာဖြစ်မယ်။ ဒေါသလည်း မဖြစ်ပါ ဘူး” ဟု ကိုမြတ်ထွဋ်က ပြောပြသည်။

ယင်းအမှိုက်ပုံးများကို ပုံးမဲ၊ ပုံးဝါ၊ ပုံပြာတို့နှင့် ဝါးလတ်ပုံး (ဝါးလတ်လှေ များ တွင် အသုံးပြုသည့်ပုံး)တို့ဖြင့် ပြုလုပ်ထားပြီး ပြန်လည် အသုံးမပြုနိုင် အောင် ပုံးများ၏ အောက်ခြေ မျက်နှာ တွင် အပေါက်များ ဖောက်ထားပြီး ဖြစ်ကြောင်း လမ်းစအဖွဲ့မှ သိရသည်။
အဆိုပါ အမှိုက်ပုံးများမှ အမှိုက် များကို သိမ်းယူနိုင်ရန်အတွက် တိုင်း စည်ပင်မှ အမှိုက်ကားတစ်စီးကို ချထား ပေးပြီး ဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင် ရုံးမှ သိရသည်။