ထားဝယ်တွင်တိုက်ခန်း အငှားဈေးကွက် တွင်ကျယ်လာ

0
351

ထားဝယ်မြို့တွင် ပြီးခဲ့သည့်နှစ်နှစ်ခန့်မှစ၍ တိုက်ခန်းအငှားဈေးကွက်တွင်ကျယ်လာကြောင်း အခန်းပိုင်ရှင်များထံမှ သိရသည်။
အဆောက်အအုံအမျိုးအစားနှင့် အရွယ်အစားအပေါ်မူတည်၍ ဈေးနှုန်းကိုတစ် လျှင် ကျပ် ၅၀၀၀၀ ဝန်းကျင်မှ ၈၀၀၀၀ အထိဈေးနှုန်းအမျိုးမျိုးရှိပြီး ငှားရမ်းလိုသူများ ကြောင်း အခန်းပိုင်ရှင်များထံမှ သိရသည်။

“လာငှားတဲ့သူပေါတယ်။ စည်းကမ်းတကျနေမယ့်သူမျိုးကိုပဲ ရွေးငှားတယ်”ဟု ညောင်ရမ်းတောင်ရပ်ကွက်မှ အခန်းပိုင်ရှင်တစ်ဦးက ဆိုသည်။
ထားဝယ်မြို့ ဆန်းချီရပ်ကွက်ကျွန်းမွှေးရပ်၊ ညောင်ရမ်းတောင်(ဘုန်းကြီးပျံကုန်းအနီး)နှင့် ဝဲကျွန်းရပ်ကွက်တို့တွင် ငှားရမ်းသည့်အခန်းအများဆုံးရှိကြောင်း အခန်းပိုင်ရှင်များထံမှ သိရသည်။

လူဦးရေသိပ်သည်းမှုများလာပြီး ဝန်ထမ်းအိမ်ရာမရသည့် ဝန်ထမ်းများ၊ ရွှေ့ပြောင်းအလုပ်သမားများ စသဖြင့် နေရာမရှိသူများလာခြင်းကြောင့် အငှားတိုက် ခန်းဈေးကွက် ပိုမိုကျယ်ပြန့်လာသည်ဟု အထက်ပါအခန်းပိုင်ရှင်ကပြောသည်။”ပုံမှန်ဝင်ငွေလေး ရချင်လို့ပါ” ကျွန်းမွှေးရပ်ကွက်မှ အိမ်ခန်းပိုင်ရှင်တစ်ဦးကပြောသည်။

ရေမီးအစုံအလင်ပါပြီး အချို့အခန်းများတွင်ရေခနှင့်မီးခများကို သတ်မှတ် ဈေးနှုန်းများဖြင့် ကောက်ခံကြောင်း အခန်းပိုင်ရှင်များကပြောသည်။
“အခန်းကနည်းနည်းကျဉ်းတယ်။ တစ်လကို ၇၅၀၀၀ နဲ့ငှားထားတယ်။ ဒီမှာကရန်ကုန်နဲ့မတူဘူး။ ငှားမယ့်လစာသုံးလဆိုသုံးလအပြတ်လည်းပေးရတယ်။ စဘော်လည်းပေးရသေးတယ်။ ပြီးတော့မီတာခကလည်း ဈေးကြီးတော့သိပ် အဆင် မပြေဘူး”ဟု ရန်ကုန်မှ ထားဝယ်တွင် အလုပ်လာရောက်လုပ်ကိုင်သူအမျိုးသား တစ်ဦးက ပြောသည်။

အခန်းအများစုမှာ ပြည့်နေပြီဖြစ်ပြီး ဒေသခံလူလတ်တန်းစားများ၊ အစိုးရဝန်ထမ်းများနှင့် ရွှေ့ပြောင်းလုပ်ကိုင်သူများ အများဆုံးနေထိုင်ကြကြောင်း အခန်းပိုင်ရှင်များထံမှ သိရသည်။