အဆိပ်သင့်အချိုရည်ဘူး ဓာတ်ခွဲစစ်ဆေးရန် ရန်ကုန်ပို့၊ မည်သို့အရေးယူမည်ကို မသိရသေး

0
445

ကျောင်းမုန့်ဈေးတန်းတွင် ဝယ်သောက်မိပြီး ကျောင်းသူကျောင်းသားများ မူးဝေအော့အန်ခဲ့သဖြင့် သောက်သုံးမိသော ကျားတံဆိပ်ပါ Ranger အချိုရည်ဘူးများကို ဓာတ်ခွဲစစ်ဆေးရန် ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်သို့ပို့ထားကြောင်း ကော့သောင်းမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောကြားသည်။

ကျောင်း မုန့်ဆိုင်တန်းတွင် ရောင်း ချနေသော ထိုင်းနိုင်ငံထုတ် Ranger အချိုရည်အချိုရည်ဘူးများကို ဇန်နဝါရီလ၁၅ ရက်နေ့က ဝယ်ယူသောက်သုံးပြီးနောက်ခေတ္တအကြာ အဏ္ဏဝါရပ်ကွက်အစိုးရ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသူကျောင်းသားများမူးဝေလာခြင်း၊ ပျို့အန်လာခြင်းများဖြစ်လာပြီး အတန်းပိုင်ဆရာထံ တိုင်ကြားရာမှဆေးရုံပို့လိုက်ရကြောင်း အဆိုပါကျောင်းထံမှ သိရသည်။ တရားမဝင်ဝင်ရောက်
လာသော ယင်းအချိုရည်ဒါဇင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က သိမ်းဆည်းထားသော်လည်းမည်သို့ဆက်လက်အရေးယူဆောင်ရွက်မည်ကို မည်သည့်ဌာနကမျှ ထုတ်
ဖော်ပြောဆိုခြင်း မရှိသေးပေ။
ranger_kt
မူးဝေ၊ အော့အန်ခြင်းခံစားနေရသော တတိယတန်း၊ ပဉ္စမတန်းနှင့် ဆဋ္ဌမတန်းကျောင်းသူ ကျောင်းသား ၁၈ ဦးကိုစမ်းသပ်ကုသပေးလျက်ရှိကာ ယင်းတို့
အနက် ကျောင်းသား၈ဦးကို ဆေးရုံတင်ပို့ခဲ့ရပြီး ၄ ဦးမှာ   ဆေးရုံတွင်ညအိပ်လိုက်ရကြောင်း    ဆေးရုံအုပ် ဒေါက်တာနေလင်းက ဆိုသည်။

“စမ်းသပ်ချက်အရတော့ အဲဒီအချိုရည်သောက်ပြီးတဲ့ ကလေးတိုင်း ခေါင်းတွေမူးပြီး အန်ချင်တာတွေဖြစ်နေတယ်ဆိုတော့ အချိုရည်ကြောင့်လို့ ပြောလို့ရ
တယ်”ဟု ဒေါက်တာနေလင်းက အတည်ပြုပြောကြားသည်။ကလေးငယ်များ၏ အခြေအနေမှာစိုးရိမ်စရာမရှိတော့ကြောင်း ဒေါက်တာနေလင်းက ဆိုသည်။ ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည်ဟုဖော်ပြထားသော ယင်းအချိုရည်ကိုဈေးကွက်အတွင်း လက်ကားဈေးတစ်ဗူးတစ်ရာကျပ်ဖြင့် ရောင်းချနေပြီး ဘူး
အောက်ခြေတွင်           ဖော်ပြထားလေ့ရှိသောထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်ဆုံးရက်စွဲများကို လည်းဖျက်ဆီးထားကြောင်းကျောင်းသားမိဘများက ဆိုသည်။

ယင်းအချိုရည်တွင် ကဖီးဓာတ်ပါဝင်ပြီး တစ်ရက်လျှင် အများဆုံးနှစ်ဘူးသာ သောက်သုံးသင့်ကြောင်း၊ကလေးငယ်များ၊ ကိုယ်ဝန် ဆောင်များ၊နို့တိုက်မိခင်မသောက်သုံး သင့်ကြောင်းဘူးခွံတွင်အနီရောင်အင်္ဂလိပ်ဘာသာစာတမ်းဖြင့် သတိပေးထား သည်။
“ကလေးအတွက်ရော လူကြီးတွေပါအန္တရာယ်ပေးနိုင်တဲ့ စားသောက်ကုန်၊ Date Out (သက်တမ်းကုန်) နေတာတွေ ဈေးကွက်ထဲ ယူလာမရောင်းသင့်
ဘူး။ အဲအချိုရည်တင်သွင်းလာသူရောရောင်းချသူရော တာဝန်ရှိတယ်” ဟုကျောင်းသားမိဘတစ်ဦးဖြစ်သူက ဆို
သည်။

အထက်ပါ အချိုရည်များကိုကျောင်းမုန့်ဈေးတန်းနှင့် စားသောက်ကုန်ရောင်းဈေးဆိုင်အချို့နှင့် ရပ်ကွက်ဈေးတွင် အနှံ့အပြားတွေ့နေရသည်ဟု
ကော့သောင်းမြို့ခံများက ဆိုသည်။