နှုတ်ခမ်းကွဲ အာခေါင်ကွဲ အခမဲ့ ခွဲစိတ်မည့် မြိတ်မှ ဝေဒနာရှင် ၁၀၀ နီးပါးရ

0
474

နှုတ်ခမ်းကွဲ အာခေါင်ကွဲ အခမဲ့ ခွဲစိတ်ကုသမှုပြုလုပ်ရန် မြိတ်ခရိုင် အတွင်းမှ ဝေဒနာရှင် ၁၀၀ နီးပါးကို ဇန်နဝါရီ ၅ ရက်နေ့မှ စပြီး ကော့သောင်း ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးနေကြောင်း မြိတ် MFD ရုံးမှ သိရသည်။

myeik_free_operation
ယင်းအခမဲ့ ကုသမှုအတွက် မြန်မာစားဖိုမှူးများ အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ စေတနာ အလှူရှင်များက ကုသိုလ် ပြုကြပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အရေပြားပေါ်မှ အကြိတ်အဖု များနှင့် မီးလောင်ဒဏ်ရာ ရထားသည့် ဝေဒနာရှင်များကို ကုသပေး မည်ဟု ယင်းရုံးမှ သိရသည်။

ကော့သောင်းခရိုင် ပြည်သူ့ ဆေးရုံကြီးတွင် ဇန်နာဝါရီလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဂျာမနီနိုင်ငံမှ ဆရာဝန်ကြီး DR.HEINZ ခေါင်းဆောင်သော GARMAN PLASTIC SURGERY TEAM မှ ပရဟိတဆရာဝန်ကြီး ၇ ဦးမှ လာရောက်၍ အခမဲ့ခွဲစိတ်ကု ပေး သွားမည်ဟု ကော့သောင်းသို့ လူနာများကို ဦးစီးပို့ဆောင်ပေးနေသူ MFD ရုံမှ ဦးဖိုး ကျော်သိန်းက ပြောသည်။