လယ်သိမ်းခံ လယ်သမား ၅ ဦး ထောင်ဒဏ်ချမှတ်ခံရ

0
460

ထားဝယ်မြို့တွင် လယ်ယာမြေ သိမ်းဆည်းခံ လယ်သမား ၅ ဦးအား ဇန်နဝါရီလ ၈ ရက်တွင် ထားဝယ်မြို့နယ် တရားရုံးတွင် တရားလိုနှစ်ဦး စွဲဆိုထား သည့်အမှုနှစ်မှုအတွက် စုစုပေါင်း ထောင် ဒဏ်လေးလစီအသီးသီး ချမှတ်လိုက် ကြောင်း ယင်းအမှုအား လိုက်ပါဆောင် ရွက်ပေးနေသည့် အထက်တန်းရှေ့နေထံမှ သိရသည်။

အမှုနှစ်မှုတွင် လယ်သမား ဦးယူရှိန် အပါအဝင် ၅ ဦးအား ဇန်နဝါရီလ ၈ ရက်က ပထမ တရား လိုစွဲဆိုထားသည့် ပုဒ်မ ၄၄၇ အတွက် ထောင်ဒဏ် ၁ လနှင့် ပုဒ်မ ၃၄၁ အတွက် ထောင်ဒဏ် ၁ လ တို့ဖြင့် လည်းကောင်း၊ ဒုတိယတရားလို စွဲဆို ထားသည့် ပုဒ်မ၄၄၇ အတွက် ထောင်ဒဏ် ၁လ နှင့် ပုဒ်မ၃၄၁ အတွက် ထောင်ဒဏ် ၁လ တို့ဖြင့်လည်းကောင်း စုစုပေါင်း ထောင်ဒဏ် ၄ လစီ အသီးသီး ပြစ်ဒဏ်ချမှတ်ခံရကြောင်း တရားခံရှေ့ နေက ဆိုသည်။
ပုဒ်မ ၄၂၇ အား ပယ်ဖျက်လိုက် သည်။

၂၀၁၅ မတ်လတွင် တရားလို နှစ်ဦး ဖြစ်သည့် ဦးဆန်နီနှင့် ဦးမောင်သန်းတို့က ပုဒ်မ ၄၄၇၊ ၄၂၇၊ ၃၄၁ တို့ဖြင့် စွဲဆိုခဲ့ ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားခဲ့သည့် လယ်ယာ မြေမှာ လယ်သမားများ ဘိုးဘွား လက် ထက်ကတည်းက ထွန်ယက်လုပ်ကိုင် လာသည့် မြေဖြစ်ပြီး နစ်နာကြေးလျော် ကြေးငွေ တစ်စုံတစ်ရာရယူထားခြင်း မရှိသေးကြောင်း၊ (ဦးဆန်နီက ပိုင်ဆိုင် သည်ဆိုသော) အခင်းဖြစ်မြေသည် ထားဝယ်မြို့နယ် မြေစာရင်းဌာနမှ ဒုဦး စီးမှူးဟောင်းတစ်ဦး၏ အမည်ပေါက်ဖြစ် နေပြီးအခြားနည်းဖြင့် အသုံးပြုခွင့်ကျ ထားသည်ကိုလည်း မူလ လယ်ပိုင်ရှင်များ မသိရှိခဲ့ကြောင်း ဒေါ်ဝေဝေရှိန်ကဆို သည်။

“တရားမျှတမှု မရှိဘူးလို့ ခံစားရ တယ်” ဟု အထက်တန်းရှေ့နေ ဒေါ်ဝေဝေ ရှိန်က ပြောသည်။
၎င်းအပြင် ၂၀၁၅ နိုဝင်ဘာလ တွင် တရားလို ဦးဆန်နီက လက်ရှိထောင်ဒဏ် ချမှတ်ခံထားရသည့် ဦးယူရှိန်က စိုက် ပျိုးထားသော အခင်းဖြစ် လယ်မြေ ၂ ဧကရှိ မှည့်ဝင်းနေသည့် စပါးခင်း ပေါ်သို့ သဲဖြင့် ဖုံးအုပ်ခဲ့သည့်အတွက် လယ်သမား ဦးယူရှိန်က ထားဝယ်မြို့ ရဲစခန်းတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ၂၇ ရက်၌ ပုဒ်မ ၄၂၇ ဖြင့် ပြန်လည် တရား စွဲဆိုထားပြီး ဇန်နဝါရီ ၁၃ ရက်နေ့တွင် ၄ ကြိမ်မြောက် ရုံးချိန်း ချိန်းဆိုထားခဲ့ သည်ဟု ၎င်းထံမှ သိရသည်။