စကိတ်စီးပြိုင်ပွဲတွင် အမျိုးသမီး ပြိုင်ပွဲဝင်ဦးရေ နည်းနေသေးဟုဆို

0
492

ထားဝယ်မြို့တွင် ကျင်းပပြုလုပ်သော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စကိတ် စီးပြိုင်ပွဲတွင် အမျိုးသမီးပြိုင် ပွဲဝင်ဦး ရေမှာ အခြား တိုင်း^ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက နည်းနေသေးကြောင်း မြန်မာ နိုင်ငံ စကိတ်စီး အားကစားဝါသနာရှင် များအသင်းမှ သိရသည်။
ယင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၇၀ ဦး ကျော် ဝင်ရောက်ယှဉ်ပြိုင်ရာ၌ အမျိုး သမီး ပြိုင်ပွဲဝင်ဦးရေမှာ ၁၁ ဦးသာ ရှိခဲ့သည်ဟု မြန်မာနိုင်ငံစကိတ်စီး အား ကစားဝါသနာရှင်များအသင်း ဥက္ကဋ္ဌ ဦးလွင်လတ်က ပြောသည်။

skate_dawei

“ဒီမှာ အမျိုးသမီးအများစုက အပျော် တမ်းစီးကြတာများတယ်” ဟု ဦးလွင်လတ် က ပြောသည်။
ထားဝယ်ဒေသရှိ ပြိုင်ပွဲဝင်များ သည် ကြိုးကြိုးစားစား ပြိုင်ပွဲဝင်ခဲ့ကြကာ အချို့ပြိုင်ပွဲဝင်များမှာ မြို့ကြီးများရှိ စကိတ်သမားများနီးပါး အဆင့်မီကြပြီး နောင်တွင်ပုံမှန်လေ့ကျင့်ကြကာ စကိတ်စီး အားကစား ပိုမိုတိုးတက်စေ ချင်သည်ဟု ဦးလွင်လတ် က ဆက်ပြော သည်။
စကိတ်စီးခြင်းအား အားကစား တစ်မျိုးဟု ခံယူကာ ပြိုင်ပွဲဝင်ဖြစ်ခဲ့ပြီး ထားဝယ်ဒေသတွင်ပြိုင်ပွဲဝင်လိုသည့် အမျိုးသမီး အတော်များများရှိသော်လည်း ကျွမ်းကျွမ်းကျင်ကျင် မစီးတတ်ခြင်းနှင့် ရှက်ကြောက်ခြင်းတို့ကြောင့် ဝင်မပြိုင် ဖြစ်ကြကြောင်း စကိတ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ထားဝယ်မြို့မှ မဇူဇူးပိုင် က ဆိုသည်။

“ဆုတော့မရလိုက်ဘူး။ ဒိုင်လူကြီး တွေ နားရောက်မှ လဲကျသွားလို့” ဟု မဇူဇူးပိုင်က ပြောသည်။
မြန်မာနိုင်ငံ စကိတ်စီးအားကစား ဝါသနာရှင်များအသင်းတွင် အသင်း ဝင်ပေါင်း ၄၅၀ဦးခန့်ရှိကာ ထားဝယ် ဒေသမှ အသင်းသားအဖြစ် ၁၅၀ဦးခန့် အသင်းဝင်ထားပြီး ယခုပြိုင်ပွဲတွင် တိုင်း နှင့်ပြည်နယ် အဆင့်ပြိုင်ပွဲအတွက် ကစား သမား ၉ဦး ရွေးချယ်ထားသည်ဟု သိရ သည်။
ပြိုင်ပွဲအား ၂၀၁၆ မတ်လအတွင်း ကျင်းပသွားမည်ပြီး နောင်လာမည့် နှစ် တွင် အခြေအနေပေးပါက ပြိုင်ပွဲ ဆက်လုပ် သွားမည်ဖြစ်ကာ ပြိုင်ပွဲအမျိုးအစားများ ထပ်မံတိုးချဲ့သွားမည်ဟု မြန်မာနိုင်ငံ စကိတ်စီးအားကစား ဝါသနာရှင်များ အသင်းမှ သိရသည်။