လမ်းကျဉ်းများအတွက် မီးသတ်ဌာနတွင် ထော်လာဂျီစသုံး

0
435

မီးလောင်မှုဖြစ်ပွားအချိန်တွင် လမ်းကျဉ်းမြောင်းပြီး မီးသတ်ကားများ ဝင်ထွက်ရ ခက်ခဲသည့် နေရာများ၌ အသုံးပြုနိုင်ရန် မီးသတ်ဌာနသုံး ရေ သယ်ထော်လာဂျီများကို စတင်အသုံးပြု နေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသ ကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မီးလောင်မှုဖြစ်စဉ် ယင်းထော်လာ ဂျီများသည် မီးသတ်ယာဉ်ကြီးများ နေရာ အတည်တကျမယူနိုင်မီ ကျဉ်းမြောင်း သည့် လမ်းများအား ဝင်ရောက် မီးငြိမ်း သတ်ခြင်း၊ မီးသတ်ယာဉ်ကြီးများ နေရာ ယူပြီးချိန်တွင် ရေဖြည့်ပေးခြင်းတို့ကို လုပ်မည်ဟု ယင်းဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။
ထားဝယ်မြို့နယ် မီးသတ်စခန်း တွင် ၃စီးနှင့် မောတောင်နယ်မြေ မီး သတ်စခန်းတွင် ၁စီး တို့ကို ဝယ်ယူဖြည့် တင်းထားကြောင်း ၎င်းက ပြောသည်။
” မီးငြိမ်းသတ်ရာမှ ဘက်စုံအသုံး ချနိုင်အောင် လုပ်ဆောင်ထားတာပါ”ဟု အထက်ပါတာဝန် ရှိ သူက ဆိုသည်။

ယခုနှစ် ထားဝယ်မြို့၊ အိုးလုပ်ရပ် ကွက် မီးလောင်မှုဖြစ်ပွားအချိန်တွင် ကျဉ်းမြောင်းသော လမ်းများသို့ ဝင် ရောက်၍ ပုဂ္ဂလိက ထော်လာဂျီရေသယ် ယာဉ်များက မီးငြိမ်းသတ်လုပ်ဆောင် ခဲ့ပြီးနောက် မီးသတ်ဦးစီးဌာနက ထော် လာဂျီ ရေသယ်ယာဉ်များကို ဝယ်ယူ အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် ကျေးလက်ဒေသ မီး လောင်မှု လျှော့ချနိုင်ရန်အတွက် မီးငြိမ်း သတ်ရေး အထောက်အကူအပြု အပေါ့ စားမီးစက်အလုံး ၂၈၀ကို ကျေးရွာများ သို့ ဖြန့်ဖြူးပေးထားပြီး၊ ဆိပ်ကမ်းမြို့ရှိ စက်လှေနှင့် သင်္ဘောများ မီးလောင်မှု များတွင် တိုက်ရိုက်သွားရောက်၍ မီးငြိမ်း သတ်နိုင်ရန် မီးငြိမ်းသတ်ရေးလှေ (FIRE BOAT) ၄စီးကို ထားဝယ်၊ မြိတ်၊ကော့သောင်းနှင့် ကျွန်းစုမြို့တို့တွင် အရန်သင့်ထားရှိသည်ဟု မီးသတ်ဦးစီး ဌာနထံမှ သိရသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွား ချိန်၊ သင်္ဘော(သို့)လှေ တိမ်းမှောက် အချိန်များ ကို ကူညီရန်ရှာဖွေ ကယ်ဆယ် ရေး လှေ (FIRE BOAT) ၄စီးကို ထားဝယ်၊ ပုလော၊ တနင်္သာရီ၊ ဘုတ်ပြင်း မြို့များ၌ ထားရှိပြီး၊ လောင်း လုံးမြို့နယ်၊ မောင်းမကန် နယ်မြေ မီးသတ်စခန်းတွင် လေမှုတ်သွင်း၍ အသုံးပြုရသည့် ရာဘာ လေသွင်းလှေ ၂ စီးက တာဝန်ချထား သည်ဟု သိရသည်။

တိုင်းအတွင်း ထားဝယ်မြို့တွင် မီးသတ်ယာဉ် ၁၃စီး၊ မြိတ်မြို့တွင် ၁၂စီး၊ ကော့သောင်းမြို့တွင် ၁၁စီးရှိပြီး၊ ကျန်ရှိ သော မြို့များတွင် မီးသတ်ယာဉ် ၅စီးနှင့် နယ်မြေမီးသတ်စခန်းများကို မီးသတ် ယာဉ် ၂စီးတို့ကိုဖြည့်တင်းထားသည်ဟု တိုင်းမီး သတ်ဦးစီးဌာနထံမှ သိရသည်။