ဒီမိုး ဒီရေ ဒီလူတွေနဲ့

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကျွန်တော်တို့ ဘိတ်သူဘိတ်သား တွေဟာ မုန့်ပဲသရေစာ အနေနဲ့ ဖြစ်စေ၊ အိမ်ထမင်း အိမ်ဟင်းကို ငြီးငွေ့လို့ဖြစ်စေ ဘာစားရရင် ကောင်းမလဲလို့ စဉ်းစား ကြတဲ့အခါ ဦးဦးဖျားဖျား သတိရမိတာက ကတ်ကြေးကိုက်ပါပဲ။


” ဟုတ်ပါတယ်။ တကယ်တော့ ကတ်ကြေးကိုက်ဟာ ဘိတ်သူဘိတ်သား တွေရဲ့ ဖွားဖက်တော် ဖြစ်သလို ဘယ် တော့မှ ရိုးအီမသွားနိုင်တဲ့ ဘိတ်ရိုးရာ စားစရာ တစ်မျိုးပါ။” ကျွန်တော်တို့ ဘိတ်မြို့မှာ ကတ် ကြေးကိုက်ဆိုင်တွေ မှိုလို ပေါက်နေကြ ပေမယ့် ဆိုင်တိုင်းဟာ သူ့ပရိသတ်နဲ့ သူမို့ မရောင်းရတဲ့ဆိုင် မရှိသလောက် ရှားပါတယ်။ ဒါကြောင့်လည်း ဘာမှ မလုပ်တတ်ရင် ကတ်ကြေးကိုက် ရောင်း လို့တောင် ဆိုရိုးစကား ရှိခဲ့ဖူးတယ် မဟုတ်လား။ ဒါတွေအပြင် ကျွန်တော်တို့ ဘိတ်သူဘိတ်သားတွေဟာ ကိုယ့်ဒေသ ကို ခေတ္တအလည်အပတ် ရောက်ရှိလာတဲ့ ဧည့်သည်တွေကို ဂုဏ်ယူဝင့်ကြွားစွာ ဧည့်ခံ ကျွေးမွေးတဲ့ အစားအစာ တစ်မျိုး ကတော့ ကတ်ကြေးကိုက်ပါပဲ။

finger_point
တစ်ညနေ ကျွန်တော်အိမ်ထမင်း အိမ်ဟင်းကို ငြီးငွေ့လာလို့ သူငယ်ချင်းရဲ့ ကတ်ကြေးကိုက်ဆိုင်ကို ခြေဦး လှည့် လိုက်တယ်။ အရသာ ကောင်းမွန်တဲ့အပြင် ပိုပိုသာသာလေး ထည့်ပေးတတ်တဲ့ သူငယ်ချင်းဆိုင်မှာ ထုံးစံအတိုင်း ဝယ် ယူ အားပေးသူတွေ ကြိတ်ကြိတ် တိုးလို့၊ သူငယ်ချင်း ကတ်ကြေးကိုက် ဆရာ လည်း ချွေးတလုံးလုံးနဲ့ ကြော်လို့ လှော် လို့၊ မီးပြင်း အတိုက်ခံထားရတဲ့ ဒယ်အိုး ပြန့်ထဲမှာ ငစိန်ဆန်နဲ့ ပြုလုပ်ထားတဲ့ ကတ်ကြေးကိုက် မုန့်သားနဲ့ မတ်ပဲကို ရေစိမ်ဖောက်ထားတဲ့ ပဲပင်ပေါက်တွေ ဟာ တောင်ပုံယာပုံ ပုံလို့ပါပဲ။ ဆိုင်ထဲ ကျွန်တော် ဝင်လာတာ မြင်တော့ သူငယ်ချင်းက “ကတ်ကြေးကိုက် လာ စားတာလား၊ ထိုင်လေလို့ ပဋိသန္ဓာရ စကားဆိုရင်း တစ်လက်စတည်း ကျင့် သားရနေတဲ့ သူ့လက်ဟာ ဇယ်ဆက် သလို ကတ်ကြေးကိုက် တစ်ပွဲပြီး တစ်ပွဲ ဆက်တိုက်” လှော်နေပါတော့တယ်။
ဒီနေ့က ကျွန်တော် နာရီဝက် လောက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်း ပြီးမှ ကတ်ကြေးကိုက်တစ်ပွဲ စားလိုက် ရပါတယ်။ ဒီနောက်ပိုင်း စောင့်ရမှာ သိပ်စိတ်မရှည်တဲ့ ကျွန်တော်ဟာ သူ ငယ်ချင်း ကတ်ကြေးကိုက်ဆိုင် မ ရောက်ဖြစ် တော့ပါဘူး။ ဒီလိုနဲ့ တစ်နေ့ သူငယ်ချင်း ကတ်ကြေးကိုက် ဆရာနဲ့ လမ်းမှာတွေ့တော့ သူ့ဆိုင်မှာ စောင့်ရ လွန်းလို့ ကျွန်တော် လာမစား ဖြစ်တော့ ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြတော့  သူငယ်ချင်းက” နောက်ဆို မင်း ကတ်ကြေးကိုက် လာစားတဲ့အခါ လူရှေ့သူရှေ့မှာ ဘယ်နှစ်ပွဲစောင့်ရမလဲ လို့ ငါ့ကိုမမေးနဲ့၊ ကြိုတင် မှာထားပြီး တစ်နေရာ သွားနေသလိုလိုနဲ့ ငါမှာထား တာ ကြာလှပြီ၊ အခုထိ မရသေးဘူး လားလို့ ခပ်တည်တည်နဲ့ အားလုံးကြား အောင် မေးလိုက်၊ ဒါဆို ငါလည်း ကြားဖြတ် လုပ်ပေးလို့ ရတာပေါ့”  လို့ လမ်းကြောင်း ချပေးပါတယ်။ ဒီနောက် ပိုင်း သူငယ်ချင်းရဲ့ လမ်းညွှန်ချက် နဲ့အညီ ကိုယ့်ရှေ့မှာ တန်းစီစောင့်ဆိုင်း နေသူ ဘယ်လောက်များများ ခပ်တည် တည်နဲ့ ဝင်ထိုင်ပြီး လိုအပ်သည်များကို မှာ စားတော့တာပါပဲ။ သူငယ်ချင်းက လည်း မျက်နှာပူပူနဲ့ ကျွန်တော့်ကို လူကျော်ဘော လုပ်ပေးတာပါပဲ။ ဒါပေ မဲ့ တစ်ခါတရံ ကိုယ့်ရှေ့က တန်းစီစောင့် ဆိုင်းနေသူတွေရဲ့ သင်္ကာမကင်းတဲ့ အကြည့်တွေ၊ ခိုးခိုးချနေကြတဲ့ သက် ပြင်းတွေနဲ့ ရင်ဆိုင်ရတဲ့ အခါလည်း နည်းနည်းတော့ ရှိုးတိုးရှန့်တန့် ဖြစ် ရတာပဲ။ ကိုယ်တွေက ဟိုခေါင်းပေါင်းစ တလူလူနဲ့ ပုဂ္ဂိလ်ကြီးတွေလောက်မှ အ ရေမထူတာကိုး။
တစ်နေ့ သူငယ်ချင်းရဲ့ ကတ်ကြေး ကိုက်ဆိုင်မှာ အခွင့်ထူးခံမလို့ လုပ်တုန်း ကျွန်တော်နဲ့ မျက်မှန်းတန်း မိနေတဲ့ သူငယ်ချင်း ကတ်ကြေးကိုက်ဆရာရဲ့ တစ်ဝမ်းကွဲ ညီမတစ်ဦး ရောက်ရှိလာပြီး သူကြိုတင်မှာထားတဲ့ ကတ်ကြေးကိုက် မရသေးဘူး လားလို့ ခပ်တည်တည်နဲ့ ဖိန့်ပါလေရော။ ဒါပေမဲ့ မြွေမြွေချင်း ခြေမြင် ဆိုသလို သူငယ်ချင်း မျက်နှာ ပေါ် တဒင်္ဂ ဖြတ်ပြေးသွားတဲ့ စိတ်ရှုပ် ထွေးမှုကို ဆဝါး ကြည့်လိုက်ခြင်းအားဖြင့် သူလည်း ကျွန်တော့်လို အခွင့်ထူးခံ တစ်ယောက်ဆိုတာ ချက်ချင်းတန်း သိ လိုက်ပါတယ်။
အဲဒီနေ့က ကျွန်တော် ကတ်ကြေး ကိုက်တစ်ပွဲကို ရှေ့မှာထားပြီး အတွေး နယ်ချဲ့ မိပါတယ်။ သူငယ်ချင်း ဖြစ် သူက ကျွန်တော့်ကို ခင်မင်ရင်းနှီးမှုနဲ့ အခွင့်အရေး ပေးပါတယ်။ ဒီအခွင့် အရေးဟာ တခြားလူတွေကို ကြီးကြီး မားမား ထိခိုက်နစ်နာမှု မရှိတဲ့အတွက် ကျွန်တော်ကလည်း စည်းကမ်းတွေ၊ ကျင့်ဝတ် သိက္ခာတွေ၊ နိုင်ငံကြီးသား ပီသမှုတွေကို ဘေးဖယ်ထားပြီး အခွင့် ထူး ခံနေမိ ပါတယ်။ ရှင်းရှင်းပြောရရင် သာယာနေမိတယ် ဆိုပါစို့။ အလားတူပဲ သူငယ်ချင်း ဖြစ်သူမှာလည်း ဆွေမျိုး အသိုင်းအဝိုင်းတွေ၊ မကင်းရာ မကင်း ကြောင်းလေးတွေ ရှိနေလေတော့ မျက်နှာ ပူပူနဲ့ အထူးအခွင့်အရေး ပေးရမယ့်VIP တွေ MIP တွေ(Most Important Person)ဘယ်နှယောက် လောက်တောင် ရှိနေမလဲ၊ တန်ရာတန် ကြေးပေးပြီး ဝယ်စားသူချင်း အတူတူ ခင်မင်မှုကို အကြောင်းပြုပြီး အခွင့်ထူး ခံသင့်ပါသလား လို့ တွေးနေမိပါတယ်။
အကယ်၍ ကျွန်တော်လို၊ ကျွန် တော့် သူငယ်ချင်းလို လူတွေ နိုင်ငံတော် သမ္မတတွေ၊ ဝန်ကြီးတွေ တက်ဖြစ်ကုန်မှ ဖြင့် ခက်ရချည်ရဲ့။ ခင်မင်မှုကြောင့်၊ မျက်နှာနာ နေရတာကြောင့်၊ မကင်းရာ မကင်းကြောင်း ဖြစ်နေတာကြောင့် အခွင့်အရေး ပေးသူကပေး သလို ရတဲ့ အခွင့်အရေး မှန်သမျှကို ယူသင့် မယူ သင့် မစဉ်းစားဘဲ အခွင့်ထူး ခံသူကခံနဲ့ အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်သွား မှာ မြင်ယောင်မိပါတယ်။
အနီးခေတ် မြန်မာ့သမိုင်း စာမျက် နှာကို ပြန်လည် လှန်လှော ကြည့် လိုက်ရင် နိုင်ငံ့ခေါင်းဆောင် ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အခုလို ” သားတူညီများ ကောင်းစားရေး”  လမ်းစဉ်ကို ကျင့်သုံးခဲ့ လို့လည်း တစ်ချိန်က ဆီကိုရေချိုး ဆေးရိုးမီးလှုံ ခဲ့ကြတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်း ဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံကို ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး ချိန်ကစလို့ အစိုးရ အုပ်ချုပ်ရေး ယန္တရားရဲ့ ပင်မ အစိတ်အပိုင်းတွေ အားလုံးမှာ သူ့ဩဇာခံမယ့် လက်ရင်း တပည့် သားမြေးတွေနဲ့ အစားထိုး ခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် အခွင့်ထူး ခံခွင့်ပေးခဲ့တယ် ဆိုပါစို့။ ဒါကြောင့် ရှိရှိသမျှ ဌာနအားလုံးမှာ တစ်မိုးလုံး ဖျောက်ဆိပ်ကြယ်ဆိုသလို စစ်ဗိုလ်တွေ၊ စစ်ဗိုလ် လူထွက်တွေနဲ့ချည်း ပြည့်နှက် နေပါတော့တယ်။ တစ်သက်လုံး အ ထက်အမိန့် မှန်သမျှ ဘာတစ်ခွန်းမှ ပြန်လည် စောဒက တက်ခွင့် မရှိတဲ့၊ ဒေါင်လိုက် ဆက်ဆံရေး စနစ်နဲ့ ကျင့် သား ရလာခဲ့တဲ့ စစ်ဗိုလ်တွေဟာ နေ့ချင်းညချင်း ညွှန်ချုပ်တွေ၊ ဝန်ကြီး တွေ တက်ဖြစ်ကုန်ကြတော့ သူတို့ထက် ရာ ထူးနိမ့်တဲ့ အရပ်သား ပညာရှင်တွေကို တရစပ် အမိန့်တွေ ပေးတော့တာပါပဲ။ တတ်သိနားလည်တဲ့ ပညာရှင်တွေက မသင့်တော်ကြောင်း ဘယ်လောက်ပဲ အကျိုးသင့် အကြောင်းသင့် ရှင်းပြပါစေ ဘူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ တပ်တွင်း ဆောင်ပုဒ် ကို ပြင်ပလူမှု စီးပွားနယ်ပယ်ထဲမှာ လာရောက် ကျင့်သုံးတော့ ဘယ်လိုမှ စရွေး မကိုက်ဘဲ အလွဲလွဲ အချော်ချော် တွေ ဖြစ်တော့တာပါပဲ။
ကြုံတုန်း ကျွန်တော့် အတွေ့ အကြုံလေး တစ်ခုကို ပြောပြပါရစေ။လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်ကျော် လောက်က မြန်မာ့ စိုက်ပျိုး မွေးမြူရေး ဝန်ကြီးဌာနမှာ ပိုက်ကျော်ခြင်း ကစား ခဲ့ဖူးပါတယ်။ ဒီဌာနမှာရှိတဲ့ ဦးစီးမှူးတွေ၊ ညွှန်ကြားရေးမှူးတွေဟာ အများအားဖြင့် ကိုယ်လက်အင်္ဂါ တစ်ခုခု ချို့ယွင်းနေတဲ့ စစ်ဗိုလ် လူထွက်တွေ ဖြစ်ကြပါတယ်။ ဒီစစ်ဗိုလ် လူထွက်တွေဟာ သူတို့ နယ်ပယ်မှာ ဘယ်လောက် နားလည် တတ်ကျွမ်းကြသလဲတော့ မသိဘူး။ ကျွန်တော်တို့ ပိုက်ကျော်ခြင်း နည်းပြ^  အုပ်ချုပ်သူ စစ်ဗိုလ်လူထွက် ကတော့ တော်တော်ချာတဲ့ ပုဂ္ဂိုလ်လို့ ဆိုရပါ လိမ့်မယ်။ သူ့နာမည်ကတော့ ဦးစိုးသိန်းပါ။ ဒါပေမဲ့ ပုဂ္ဂိုလ်ကြီးက သူ့ကို ဦးစိုးသိန်းလို့ခေါ်ရင် တယ် မကြိုက်ချင်ဘူး။ ဗိုလ်ကြီးလို့ ခေါ်မှ သဘောကျတော်မူတယ်။ ငါးပိတစ်ခါ ထုပ်ဖူးတဲ့ဖက် တစ်သက်လုံး အနံ့မပြယ် သလိုပေါ့။ အကယ်၍ ဘုန်းကြီး လူထွက်တွေလည်း ဗိုလ်ကြီးစိုးသိန်းကို အားကျပြီး သူတို့နဲ့ စကားပြောတဲ့အခါ “အရှင်ဘုရား” “တင်ပါ့ဘုရား” လို့ သုံးနှုန်းခိုင်းရင် ခက်ရချည်ရဲ့။ ထားပါ တော့။
အနှီ ဗိုလ်ကြီးစိုးသိန်းဆိုတဲ့ ပုဂ္ဂိုလ် ဟာ သူ့ကို တာဝန်ပေးလို့သာ နည်းပြ လာလုပ်ရရှာတယ်။  ပိုက်ကျော်ခြင်း အကြောင်း ဘာမှမသိသလို၊ ပိုက် ကျော်ခြင်း စည်းမျဉ်း စည်းကမ်းလေး တောင် နကန်းတစ်လုံးမှ နားမလည် ရှာပါဘူး။ ဒါပေမဲ့ ပုဂ္ဂိုလ်ကြီးက စစ်ဗိုလ် လူထွက်ပီပီ မသိတာကို ဝန်ခံရ ရှက်သလို သူသိကြောင်း တတ်ကြောင်း လေးလည်း  ပြချင်ရှာတော့ နောက်ထိန်း ကို ရှေ့တက် ကစားခိုင်းလို ကစားခိုင်း၊ ခုတ်ရိုက်ဘော ကစားတဲ့ ဖိုက်တာကို ပင့်ထောင်ဘော ကစားခိုင်းလို ကစား ခိုင်းနဲ့ ကိုးယိုကားယားတွေ လျှောက်လုပ် ခိုင်းတော့တာပါပဲ။ ကမ္ဘာကျော် ဟော် လန် ဘောလုံးအသင်းရဲ့Total football ကစားဟန်ကို သဘောကျလို့လား မသိပါဘူး။ ဒီလို ပေါက်တတ်ကရတွေ လျှောက်လုပ်ခိုင်းလို့ ရရှိလာတဲ့ အကျိုး ဆက်က ပထမရဖို့ အလားအလာ အလွန်ကောင်းတဲ့ ကျွန်တော်တို့ စိုက် / မွေးအသင်းဟာ တတိယဆုနဲ့ပဲ ကျေ နပ် လိုက်ရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗိုလ်ကြီးစိုးသိန်းလို နကန်းတစ်လုံး နား မလည်တဲ့ အခွင့်ထူးခံတွေရဲ့ ဆတ်ဆော့ မှုကြောင့် လျှောမွေး ဖြစ်ခဲ့ရတဲ့ စီမံကိန်း တွေ ဘယ်လောက်တောင် ရှိနေပြီလဲ။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေ ဘယ် လောက်တောင် အလေအလွင့် ဖြစ်ခဲ့ရ ပြီးပြီလဲ။ စေ့စေ့ တွေးကြည့်ရင် ရင်နာ စရာပါ။အလားတူပဲ မ.ဆ.လ လမ်းစဉ်ကို မိတ္တူကူးခဲ့တဲ့ န.၀.တနဲ့ န.အ.ဖ စစ်အ စိုးရ လက်ထက်မှာလည်း ခွေးလှေးပျား တောအနှံ့ ဆိုသလို ရှိရှိသမျှ ဌာနတိုင်း မှာ အခွင့်ထူးခံ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ ဆွေတော်အပေါင်း မျိုးတော် တစ်သောင်းပဲ ကြီးစိုးခဲ့ကြတာ အားလုံး အသိပါ။ ဒီပုဂ္ဂိုလ်တွေဟာ ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် နယ်ပယ်တိုင်းမှာ ဝင်ရောက် စွက်ဖက်တတ်ကြပြီး အာဏာ ပြတတ်ကြပါတယ်။
ကိုယ်တွေ့လေးတစ်ခု ပြောပြချင် ပါသေးတယ်။ န.၀.တ ခေတ်က ကျွန် တော်တို့ ဘိတ်မြို့မှာ ဆိုင်ကယ် ဦးထုပ် ဖမ်းတဲ့အခါ မဆီမဆိုင် တပ်ထိန်း တွေလည်း ပါဝင်နေတာ တွေ့ဖူးကြ မှာပါ။ တကယ်တော့ ဆိုင်ကယ် ဦးထုပ် ဖမ်းတာ၊ ယာဉ်ထိန်း ရဲတွေရဲ့ တာဝန် ဖြစ်ပြီး တပ်ထိန်းတွေက ဘုမသိ ဘမသိ ဝင်ပါနေရတော့ ယောင်တောင်တောင် ဖြစ်နေတာကို ကြည့်ပြီး ကျွန်တော့် မျက်စိထဲမှာ လယ်ကွင်းထဲ စာခြောက် ရုပ်ကြီး ချထားတာကို ပြေးမြင်ယောင် မိပါတယ်။ အမြင်မတော် ဆင်တော်နဲ့ ခလောက် ဆိုပါတော့။ ဒါက စတိ သဘောလောက် ပြောပြတာပါ။ တကယ့် တကယ် စစ်ခေတ်တစ်လျှောက်လုံး စစ်ဗိုလ်ချုပ်တွေရဲ့ မထော်မနှမ်း လုပ်ရပ်တွေကို အကုန်အစင် ပြောရရင် တစ်ထောင့်တစ်ညပုံပြင်လောက် ရှည် လျားသွား နိုင်တယ်။
အလားတူပဲ လက်ရှိ အရပ်သား တစ်ပိုင်း အစိုးရလက်ထက်မှာရော ဘာ ထူးလို့လဲ။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတဲ့ ဘုတ်အုပ်စိမ်းကြီးကို ခံတပ် တစ်ခုလို အခိုင်အမာ တည်ဆောက်ပြီး ကိုယ်နဲ့ဘာမှ မသက်ဆိုင်တဲ့ လွှတ်တော် ထဲမှာ ယူနီဖောင်းစိမ်းတွေ တစ်မတ် သားဖိုး ဝင်ထိုင်နေ ကြတာပဲ မဟုတ်လား။
ဧကန္တ အရှိန်ပြင်းပြင်းနဲ့ လည် ပတ်နေတဲ့ ပန်ကာတစ်လုံးဟာ ထောက်ခ နဲ ခလုတ်ပိတ်လိုက်ပေမယ့် အရှိန်မကုန် သေးသရွေ့ ဆက်လက် လည်ပတ်နေတဲ့ သဘောလား မသိပါဘူး။
ဪ……….ဒီတိုင်းပြည် ဒီလူမျိုး ဒီအကျင့်ဆိုးတွေနဲ့။    ဒီမိုး ဒီရေ ဒီလူတွေနဲ့။