လွတ်လပ်ရေးနေ့ ပြခန်း ဝန်ကြီးဌာနအလိုက် စုပေါင်းပြမည်

တနင်္သာရီတိုင်းဒေသကြီး ၇၂ ကြိမ် မြောက် လွတ်လပ်ရေးနေ့အခမ်းအနား တွင် ပြခန်းများကို ဝန်ကြီးဌာန အလိုက် စုပေါင်းပြသမည်ဖြစ်ကြောင်း ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ လွတ်လပ်ရေးနေ့အခမ်းအနား ပြခန်းများကို ယခင်က ဦးစီးဌာနတစ်ခုချင်းအလိုက်ခင်း ကျင်းပြသရာမှ ယခုနှစ်တွင်...

ယမန်နှစ်ချန်ပီယံ တနင်္သာရီဘောလုံးအသင်း ကွာတားအဆင့်မှ လှည့်ပြန်

တိုင်းနှင့်ပြည်နယ် အသက် ၂၁ နှစ် အောက် ဘောလုံးပြိုင်ပွဲ ယမန်နှစ်ချန်ပီယံ တနင်္သာရီတိုင်း ဘောလုံးအသင်းသည် ကွာတားဖိုင်နယ်တွင် ချင်းပြည်နယ် အသင်းကို ၂ ဂိုး၊ ၁ ဂိုးဖြင့် ရှုံးပြီး ပြိုင်ပွဲ မှ ထွက်ခွာသွားပြီဖြစ်သည်။

အားကစားကဏ္ဍတွင် တနင်္သာရီတိုင်း အဆင့်လေးသို့ ပြန်ဆင်း

၂၀၁၉-၂၀၂၀ အားကစားနှစ်အတွက် တိုင်းနှင့်ပြည်နယ် အားကစားအဆင့် သတ်မှတ်ချက်များ ဖေဖော်ဝါရီလ ၁၂ ရက်က ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်းက ယမန်နှစ်ကထက် အဆင့်တစ်ဆင့် လျော့ကျပြီး အဆင့်လေးသို့ ပြန်ဆင်း သွားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

နည်းပညာတက္ကသိုလ်အသင်းက ယမန်နှစ်ချန်ပီယံ ထားဝယ်တက္ကသိုလ် အသင်းကို အနိုင်ယူဗိုလ်စွဲ

ထားဝယ်ခရိုင် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ယမန်နှစ်က ထားဝယ်ခရိုင်နှင့် တနင်္သာရီတိုင်း တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ နှစ်ခုတို့၏ ချန်ပီယံဖြစ်သော ထားဝယ်တက္ကသိုလ်အသင်းကို ထားဝယ် နည်းပညာ တက္ကသိုလ်အသင်းက အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့သည်။ ပွဲကစားချိန်...

ကလပ်အသင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ မြိတ်အသင်း အဆင့်ရှစ်တွင် ရပ်တည်

မြိတ်စစ်တုရင်အသင်းမှ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ဆဋ္ဌမအကြိမ် မြောက် မြန်မာနိုင်ငံကလပ်အသင်း ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွင် မြိတ် စစ်တုရင်ကလပ်က အဆင့်ရှစ်နေရာဖြင့် ရပ်တည်ခဲ့ကြောင်း မြိတ်စစ်တုရင်ကလပ် ဥက္ကဋ္ဌ ဦးကိုကိုဦးထံမှ သိရသည်။ အဆိုပါပြိုင်ပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ...

ထားဝယ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်နှင့် ရုပ်ရှင်သရုပ်ဆောင်အသင်း ဘောလုံးကန်မည်

ထားဝယ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် အသင်းနှင့် Actor Star အနုပညာကြယ်ပွင့် ရုပ်ရှင်သရုပ်အသင်းတို့ ချစ်ကြည်ရေး ဘောလုံးကန်မည်ဖြစ်ကြောင်း မြို့နယ်ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ မေလ ၁၉ ရက် ညနေ ၄ နာရီတွင် ထားဝယ်မြို့ရှိ တိုင်းအားကစားကွင်း၌ ကန်မည်ဖြစ်ကြောင်း ယင်း ဘောလုံး အဖွဲ့ချုပ်ထံမှ သိရသည်။

ဒီဇင်ဘာ လူထုအားကစား လှုပ်ရှားမှု အတက်ကြွဆုံးဆု တစ်နိုင်ငံလုံးတွင် မြိတ်ခရိုင် ပထမရ

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အစီအစဉ် တွင် တက်ကြွဆုံးဆုကို မြန်မာတစ်နိုင်ငံ လုံးတွင် မြိတ်ခရိုင်က ပထမရရှိခဲ့ကြောင်း မြိတ်ခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ နှစ်စဉ်ချီးမြှင့်နေသည့် ယင်းအား ကစားဆုကို မတ်လ ၁၃ ရက်က နေပြည် ...

သရက်ချောင်းတွင် အသက် ၁၇ နှစ်အောက် ဖိတ်ခေါ်ဘောလုံးပွဲပြိုင်လို သူများ စာရင်းပေးပါ

သရက်ချောင်းမြို့နယ်တွင် ကျင်းပ မည့် အသက် ၁၇ နှစ်အောက် အမျိုးသား ရပ်ကွက်ကျေးရွာပေါင်းစုံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ၀င်လိုသည့် အသင်းများ အနေဖြင့် မတ်လ ၁ ရက်မှ စတင် စာရင်းပေးနိုင်ပြီဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ထားဝယ်အသင်း ဗိုလ်လုပွဲတက်

အသက် ၁၇ နှစ်အောက် မြို့နယ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ထားဝယ်အသင်း ဗိုလ်လုပွဲသို့ တက်ရောက်သွား ပြီဖြစ်သည်။ ဇွန်လ ၂၂ ရက်က ကျင်းပသည့် အကြိုဗိုလ်လုပွဲတွင် ကော့သောင်းမြို့နယ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ် ရပ်/ကျေးဘောလုံးပွဲ နှစ်ကုန်ခါနီးမှ ကျင်းပမည်

ထားဝယ်မြို့တွင် ပြိုင်ဆိုင်မှု ပြင်းထန် လေ့ရှိသည့် ရပ်ကွက်၊ ကျေးရွာ ဘောလုံး ပြိုင်ပွဲကို နှစ်ကုန်ခါနီး စက်တင်ဘာလမှ ကျင်းပရန် စီစဉ်ထားကြောင်း ထားဝယ်မြို့ နယ် အားကစားနှင့် ကာယပညာ ဦးစီး ဌာန အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။ ယခင်က...