၁၇ နှစ်အတွင်း ယူရိုပါလိဂ်ချန်ပီယံဆုကို ၇ ကြိမ်မြောက် ရယူပြီး ချန်ပီယံလိဂ်ပါဝင်ကစားခွင့်ကို ဆီဗီလာ ရယူ

ဟန်ဂေရီနိုင်ငံရှိ ပွတ်ရှ်ကပ်စ်ဘောလုံးကွင်းကြီးတွင် ကျင်းပခဲ့သော ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်တွင် ယူရိုပါလိဂ်ပြိုင်ပွဲ၌ အစဉ်အလာမှတ်တမ်းကောင်းများရှိသော စပိန်လာလီဂါကလပ် ဆီဗီလာက အီတလီစီးရီးအေကလပ် ရိုးမားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဖြစ်သွားခဲ့ကြောင်း သိရှိရသည်။ ရိုးမားသည် တိုက်စစ်မှူး ဒိုင်ဘာလာ၏သွင်းဂိုးနှင့် ဆီဗီလာကို ဦးဆောင်နိုင်ခဲ့သော်လည်း...

မန်ယူအသင်းပိုင်ရှင်သစ်ကို နာရီပိုင်းအတွင်း သိရတော့မည်

မန်ယူအသင်းပိုင်ရှင်သစ် မည်သူဖြစ်လာမည်ဆိုသည့် အဆုံးအဖြတ်ကို သိရှိခွင့်ရရန်အတွက် အချိန်အနည်းငယ်သာ လိုတော့ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် Benzingar ဘဏ္ဍာရေး သတင်းဝက်ဘ်ဆိုက်က သတင်းရေးသားဖော်ပြလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ မန်ယူသည် တတိယလပတ် ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်တော့မည်ဖြစ်ကာ ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို...

မန်ယူဂိုးသမားဟောင်း ဗန်ဒါဆား ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် အရေးပေါ်ကုသမှုခံယူ  

ဦးနှောက်တွင်း သွေယိုစီးမှုကြောင့် သောကြာနေ့က ဆေးရုံတွင် အရေးပေါ်ကြပ်မတ်ကြသမှုခံယူနေရသည့် မန်ယူဂိုးသမားဟောင်း ဗန်ဒါဆား၏အခြေအနေမှာ တည်ငြိမ်သက်သာစပြုလာခဲ့ပြီဟု သိရှိရသည်။ ဗန်ဒါးဆား၏အခြေအနေ တည်ငြိမ်သက်သာစပြုလာခဲ့ပြီဖြစ်ကြောင်းကို ၎င်း၏အသင်းဟောင်း အေဂျက်က သတင်းထုတ်ပြန်ထားပြီး ၎င်း၏အသင်းဟောင်းများ၊ ဘောလုံးလောကရှိ ကစားသမားများကလည်း ဗန်ဒါဆား အမြန်ဆုံးသက်သာပါစေကြောင်း...

စီရော်နယ်ဒိုနဲ့ ပြန်ဆုံတဲ့ပွဲမှာ မက်ဆီ ဝတ်ခဲ့တဲ့ ဂျာစီကို လေလံတင်၊ ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်နိုင်တယ်လို့ မျှော်မှန်း

အယ်လ်နတ်စ်ဆာ - အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ရီယာ့ဒ်ဖိတ်ခေါ်ဖလားချစ်ကြည်ရေးပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘောလုံးပွဲစဉ်မှာ ပီအက်စ်ဂျီဘက်ကနေ မက်ဆီ ဝတ်ဆင်ကစားပေးခဲ့တဲ့ဂျာစီအင်္ကျီကို လေလံတင်ထားလိုက်ပြီဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။ ပီအက်စ်ဂျီ ဟာ ဒီဂျာစီကို အယ်လ်နတ်စ်ဆာ - အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ယှဉ်ပြိုင်တဲ့ အခုပွဲစဉ်အတွက် အထူးစီမံချုပ်လုပ်ခဲ့တာဖြစ်ပြီး မက်ဆီ ဝတ်ဆင်ခဲ့တဲ့ သီးသန့်အမှတ်တရ အထူးဂျာစီတစ်ထည်သဖွယ်ဖြစ်နေတာကြောင့် အခုဂျာစီကို လေလံတင်လိုက်ချိန်မှာ လူစိတ်ဝင်စားမှု အရမ်းများသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၃၀ ဂျာစီအင်္ကျီကို ၈၉ ယူရိုဈေးနှုန်းနဲ့ လေလံစဖွင့်ခဲ့တာဖြစ်ပြီး အခုအချိန်မှာအမြင့်ဆုံးပေးထားတဲ့ လေလံဈေးက ယူရို ၂၅,၀၀၀ ဆီ ရောက်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာ ဂျာစီအင်္ကျီကို ပွဲစီစဉ်သူတွေက ထိန်းသိမ်းထားပြီး လေလံအောင်တဲ့သူကို အသိအမှတ်ပြု ထောက်ခံလက်မှတ်နဲ့အတူ ဂျာစီကို ပေးအပ်သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားထားပါတယ်။ လက်ရှိမှာ လေလံပွဲရဲ့သက်တမ်းက ၈ ရက်တောင် အချိန်ကျန်နေသေးတဲ့အတွက် ဂျာစီအတွက် လေလံဈေး တိုးမြှင့်ပေးချေမှုက အပြိုင်အဆိုင် ထပ်ဖြစ်လာဦးမယ့်အခြေအနေတစ်ရပ်ဆီမှာ ရှိလို့နေပါတယ်။

ပွဲချောင်သွားတဲ့ အာဂျင်တီးနားနဲ့ နောက်တစ်ဆင့် တက်ရောက်သွားတဲ့ အသင်းတွေ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဆင့်က အုပ်စု(C) နဲ့ အုပ်စု(D)တို့ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ အာဂျင်တီးနား၊ မက္ကဆီကို၊ တူနီးရှားနဲ့ ဩစတြေးလျတို့က နိုင်ပွဲကိုယ်စီရရှိသွားခဲ့ပါတယ်။ အုပ်စုအဖွင့်တုန်းက နာမည်ကြီး အာဂျင်တီးနားကို အနိုင်ရလိုက်လို့ ကစားသမားတစ်ယောက်ချင်းစီအလိုက် ရွိုးလ်ရွိုက်စ်ကားတစ်စီးစီ လက်ဆောင်ရရှိခဲ့တဲ့ ဆော်ဒီအာရေဗျဟာ...

တက္ကသိုလ် ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ချန်ပီယံဟောင်း ထားဝယ်တက္ကသိုလ် ဗိုလ်စွဲ

တိုင်းဒေသကြီး အစိုးရဖွဲ့ဖလား တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံဘောလုံး ပြိုင်ပွဲတွင် ချန်ပီယံအဟောင်း ထားဝယ် တက္ကသိုလ် ဘောလုံးအသင်းကပင် ထပ်မံဗိုလ်စွဲခဲ့ကြောင်း ထားဝယ်တက္ကသိုလ် ဘောလုံးအသင်း အုပ်ချုပ်သူထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၈ ရက်က ပြုလုပ် ကျင်းပသည့် ဗိုလ်လုပွဲတွင် ထားဝယ်တက္ကသိုလ်အသင်းက နည်းပညာ တက္ကသိုလ်(ထားဝယ်) အသင်းကို...

လွတ်လပ်ရေးနေ့ ပြခန်း ဝန်ကြီးဌာနအလိုက် စုပေါင်းပြမည်

တနင်္သာရီတိုင်းဒေသကြီး ၇၂ ကြိမ် မြောက် လွတ်လပ်ရေးနေ့အခမ်းအနား တွင် ပြခန်းများကို ဝန်ကြီးဌာန အလိုက် စုပေါင်းပြသမည်ဖြစ်ကြောင်း ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ လွတ်လပ်ရေးနေ့အခမ်းအနား ပြခန်းများကို ယခင်က ဦးစီးဌာနတစ်ခုချင်းအလိုက်ခင်း ကျင်းပြသရာမှ ယခုနှစ်တွင်...

ထားဝယ်စကိတ်အဖွဲ့ ဆုငါးဆု ဆွတ်ခူး

မြန်မာစကိတ်အသင်း(MSA)က ကျင်းပပြုလုပ်သည့် စကိတ်ပြိုင်ပွဲတွင် ထားဝယ်စကိတ်အဖွဲ့က ဆုငါးဆု ဆွတ် ခူးနိုင်ခဲ့သည်။ ရန်ကုန်မြို့တွင် ကျင်းပသည့် အသက် ၁၈ နှစ်အောက် အငယ် တန်းစကိတ်ပြိုင်ပွဲ ထားဝယ်ကစား သမား ၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဆုငါးဆု ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကစားသမားများအား လိုက်လံ...

တနင်္သာရီအမျိုးသမီး ပြေးခုန်ပစ်အဖွဲ့ ဒုတိယဆုရ

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းအမျိုးသမီးပြေးခုန်ပစ်အဖွဲ့က ဒုတိယဆု ရရှိခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယင်းအမျိုးသမီးပြေးခုန်ပစ်အဖွဲ့သည် ရွှေ ၇ ခု၊ ငွေ ၃ ခု၊ ကြေး ၃ ခု စုစုပေါင်း ဆုတံဆိပ် ၁၃...

တနင်္သာရီဘောလုံးအသင်း ဗိုလ်ထပ်စွဲနိုင်မလား

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျင်းပသော သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲတွင် အသက်ကြီးဆုံးဖြစ်သည့် အသက် ၂၁ နှစ်အောက် တနင်္သာရီအမျိုးသားအသင်းသည် တိုင်းနှင့်ပြည် နယ်ပြိုင်ပွဲဝင်ရန်အတွက် နေပြည်တော်ကို ဇန်နဝါရီလ ၂၃ ရက်က ထွက်ခွာသွားပြီ ဖြစ်သည်။ တနင်္သာရီတိုင်းအသင်းသည် တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့်...