သီတင်းကျွတ်လပြည့်နေ့ မြင်ကွင်း

ယနေ့ သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးသို့ လာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးဧည့်သည်များအား တွေ့ရစဉ်။

ထားဝယ်ရိုးရာသပိတ်မျှောပွဲ

ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ယခုနှစ်သီတင်းကျွတ်လပြည့်နေ့တွင် ထားဝယ်မြစ်ကမ်းနဘေး၌ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ဒေသခံပြည်သူများက မနက်၄ နာရီမှ ၆ နာရီအထိ စဉ်လာမပျက် ရှင်ဥပဂုတ္တမထေရ်မြတ်အား သပိတ်မျှောပူဇော်ခဲ့ကြပါသည်။

ခေတ်ပြန်စားလာသည့် သီတင်းကျွတ်မီးအိမ်တွန်းလှည်း

ဆယ်စုနှစ် ၂ခုကျော် တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည့် သီတင်းကျွတ်မီးအိမ်တွန်းလှည်းများ ပြန်လည် ခေတ်စားလာသည်။ ပြီးခဲ့သည့်နှစ် သီတင်းကျွတ်ကာလတွင် ထားဝယ်၌ ပြန်လည်ပြုလုပ်ရောင်းချကြရာမှ သီတင်းကျွတ်မီးအိမ် တွန်းလှည်းများကို ကလေးများ ပြန်လည်ကစားခွင့်ရလာခဲ့သည်။ မီးအိမ်တွန်းလှည်း ထားဝယ်မြို့က မိသားစုနှစ်ခု ပြုလုပ်ရောင်းချနေပြီး တွန်းလှည်းတစ်ခု...

ထားဝယ် မမဘုရားပွဲ

ထားဝယ်မြို့ရှိ လူသိများထင်ရှားသော စရီး-မာရီးယမ္မာန် (ခေါ် )မမဘုရားပွဲ ၈ ရက်မြောက်နေ့ မြင်ကွင်းများကို ဖော်ပြလိုက်သည်။ အဆိုပါ ဘုရားပွဲကို စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။

ရိုးရာဓလေ့ ခေါသရပ်ပွဲ

မကျွတ်မလွတ်သူတို့အား အစားအစာကျွေးခြင်း ခေါ် ခေါသရပ်ပွဲအား တနင်္သာရီမြို့နယ်တွင် နှစ်စဉ် တော်သလင်းလပြည့်ကျော် ၄ ရက်နေ့ရောက်တိုင်း ပြုလုပ်လေ့ရှိကြသည်။ ခေါသရပ်ပွဲသည် တနင်္သာရီမြို့နယ်၏ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ခေါသရပ်အဖိတ်နေ့ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ခေါသရပ်မုန့်ထိုးခြင်း၊ ၁၃...

ထားဝယ်မြို့ပေါ်က ဆန်အလှူ

ထားဝယ်မြို့၊ စည်ပင်သာယာစျေး အာဇာနည်လမ်းတွင် ဆန်၊ မာမားခေါက်ဆွဲထုပ်နှင့်ကြက်ဥ လူ ၂၅၀ စာကို အလှူရှင်မိသားစုက ယနေ့နေ့လယ် ၁ နာရီခန့်က စတင်ပေးဝေနေစဉ်။ ဒေသခံများမှာ နံနက် ၁၀ နာရီမှစတင်ကာ သွားရောက်စောင့်ဆိုင်းခဲ့ပြီး အလှူပစ္စည်းများ...

ဆီမကုန်ခင် အလုအယက်

ထားဝယ်မြို့ပေါ်တွင် ဓာတ်ဆီအကန့်အသတ်ဖြင့် ရောင်းချနေမှုကြောင့် ဆီမကုန်ခင် အလုအယက်ဆီဝယ်ယူနေကြသည့် မြင်ကွင်းကို ယနေ့နံနက်ပိုင်းက တွေ့မြင်ရစဉ်။ သီလဝါမှထွက်လာသည့် ဆီဘောင်ဆာကား ယနေ့ထားဝယ်သို့ ရောက်ရှိလာခြင်းကြောင့် ဆီရောင်းပေးနေခြင်းဖြစ်ကြောင်း ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီ ၃၀၀၀ ကျပ်ဖိုး (တစ်လီတာကျော်ကျော်)၊ ကားတစ်စီးလျှင်...

ဓာတ်ဆီရ‌ရေး အပြေးအလွှား

ထားဝယ်တွင် ဓာတ်ဆီ(လောင်စာဆီ) ပြတ်လပ်နေမှုကြောင့် ဆိုင်ကယ်များ ဆီအလုအယက် လိုက်ဝယ်နေပြီး အချို့မှာ ဆီလိုက်ဝယ်ရင်း ဆီပြတ်သွားသဖြင့် ဆိုင်ကယ်တွန်းသွားရသလို၊ ဆိုင်ကယ်အစား စက်ဘီးပြောင်းစီးသူများလည်း ယနေ့ မြင်တွေ့ရသည်။ ဓာတ်ဆီရ‌ရေး...

ထားဝယ်ကမ်းနား ဆီဘောမြင်ကွင်း

ထားဝယ်မြို့ ကမ်းနားလမ်းရှိ ဒေသအခေါ် ဆီဘောတွင် စက်သုံးဆီကို ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက်တွင် အလှည့်ကျတိုကင်စနစ်ဖြင့် ရောင်းချပေးလျှက်ရှိသည်။ တုံကင်နံပတ်မှာ ရာဂဏန်းအထိရှိနေပြီဖြစ်ကြောင်း သိရသည်။ ယင်းသို့...

ရေကြီးနေတဲ့ မွန်ပြည်နယ်

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ပေါင် အစရှိသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ယနေ့ ဩဂုတ် ၁၆ နံနက်ပိုင်းမှစတင်ကာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေသည်။ မော်လမြိုင်မြို့ အနိမ့်ပိုင်းရပ်ကွက်များမှ...