“ကျွန်တော်တို့ ပေးရမယ့် ဝန်ဆောင်မှု ကိုတော့ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးပေးမယ်”

Petro and Trans ကုမ္ပဏီဒါရိုက်တာ ဦးဇော်မင်းဦးနှင့်တွေ့ဆုံခြင်း တနင်္သာရီတိုင်းအစိုးရတို့ နိုဝင်ဘာလ ၁၃ ရက်တွင် လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ထိုးခဲ့သည်။ Petro and Trans ကုမ္ပဏီသည် လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့်...

အသံချဲ့စက် ကိစ္စ ပညာပေးရမည့်သူ

အသံချဲ့စက်နှင့် ပတ်သက်ပြီး ညည်းတွားကြ ပေါက်ကွဲကြသည်ကို  အခါမလပ်ကြားနေရသည်။ မင်္ဂလာဆောင်များတွင်လည်း မင်္ဂလာဆောင်အလျှောက်၊ အသုဘတွင်လည်း အသုဘအလျှောက်၊ ကထိန်တွင်လည်း ကထိန်အလျှောက် ဆူညံ ပွက်လောရိုက်အောင် ဖွင့်ကြသည်။ အိမ်တံခါးတွေ တဒီးဒီးတုန်ခါသွားသည်အထိ ဖွင့်ကြသည်။

မြိတ်ငါးဈေးကိစ္စ လူထုအသံ

မြိတ်မြို့ပေါ်ရပ်ကွက် တစ်ခုပြီးတစ်ခု ရွှေ့ပြောင်းရောင်းချလာခဲ့ရသည့် မြိတ်ငါးဈေးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်ကစပြီး အင်းလေးမြိုင် စက်မှုဇုံရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးသို့ ဈေးသည်များဆန္ဒအရ ပြောင်းရွှေ့ခဲ့ကြသည်။ ယင်းသို့ပြောင်းရွှေ့ရောင်းချပြီး ၃ ရက်အကြာ မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မူလရောင်းချခဲ့သည့် နေရာသို့ ပြန်လည်ပြောင်းရွှေ့ရန်...

စာဖတ်ခြင်းကိုဘယ်လိုလေ့ကျင့်ကြမလဲ

စာဖတ်ခြင်းဟာ လူသားတစ်ယောက် ရဲ့ ဦးနှောက်နဲ့ နှလုံးသား ဖွံ့ဖြိုးစေဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ဘဝခရီးကို ဖြတ်သန်းသွားတဲ့အခါ ကြုံတွေ့ရတဲ့ ကောင်းဆိုးလောကဓံအမျိုးမျိုးကို ခံနိုင်ရည် ရှိဖို့ကိုလည်း စာဖတ်ခြင်းက များစွာ အထောက်အကူ ပြုပါတယ်။ စာပိုဖတ်တဲ့ လူမျိုးက ပိုပြီး ကြီးပွားတိုးတက်တာကို လည်း တွေ့ရပါတယ်။...

တာဝန်မကျေသလိုခံစားမိလာသောအခါ

ဘဝမှာ တစ်ခါတစ်ရံ၌ မိမိကိုယ်မိမိ တာဝန်မကျေသူတစ်ယောက်အဖြစ် ခံစားမိသည့်အချိန်မျိုး ရှိသည်။ ကျွန်တော့် အနေဖြင့် စာသင်သည့်အလုပ်ကို လုပ်ကိုင် လာခဲ့သည်မှာ အခုဆိုလျှင် ၁၇နှစ်ခန့်ရှိလာ ပြီ။ ထိုစာသင်သက်အတွင်း အထက်ပါ ခံစားချက်မျိုး ခဏခဏပေါ်ဖူးသည်။ အထူးသဖြင့် မိမိသင်ကြားရသည့် ဘာသာ ရပ်တွင် တပည့် တစ်ဦးတစ်လေကိုမျှ ဂုဏ်ထူးထွက်အောင် မစွမ်းဆောင်နိုင်သည့်...

တိုင်း သတ္တုဥပဒေနှင့် ထောက်ရှုဖွယ်များ

ဓာတ်သတ္တုအသေးစားနဲ့ လက်လုပ် လက်စားတူးဖော်ခွင့်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်ပေးနိုင် ရေး ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းနေတဲ့ကာလ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးလွှတ် တော်ကလည်း “တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တုအသေးစားနှင့် လက်လုပ် လက်စားဆိုင်ရာ ဥပဒေ(မူကြမ်း)”ကို...

အကောင်းမြင်စိတ်လေး ထားကြပါ

“ဒီကလေးမလေး ကံကောင်းလိုက်တာ …” “နင်အရမ်းကံကောင်းတာပဲ …” “သူတော့ ကံဇာတာတက်နေတယ် ထင်တယ် …” ကျွန်မတို့...

ရေသည် လက်နက်

အာရှတစ်ခွင် ယခုတစ်ပတ်အတွင်း အလှုပ်ခတ်ဆုံးသတင်းမှာ မဲခေါင်မြစ်ပေါ် လာအိုနိုင်ငံအတွင်းတွင် ထိုင်းကုမ္ပဏီတို့ တည်ဆောက်နေသော ရေအားလျှပ်စစ်ထုတ် ဆည်ကြီးတစ်ခု စတင်လည်ပတ်လိုက်ခြင်း ဖြစ်သည်။ ၁၂၈၅ မဂ္ဂါဝပ်ထုတ်မည့် ထိုဆည်တည်ဆောက်ခြင်းကြောင့် မြစ်အောက်ပိုင်းနိုင်ငံများတွင် ဒေသခံများ၏ အသက်မွေးမှုနှင့်...

ပြည်သူရဲ့ သိပိုင်ခွင့်အတွက် ပြောဆိုကြရာတွင်

ခေတ်ရဲ့ အပြောင်းအလဲမှာ ကျွန်တော်တို့တွေ စကားပြောလာကြရသည်။ တာဝန်ယူ တာဝန်ခံလာကြရသည်။ ဒါတွေ သည် အပြောင်းအလဲတစ်ခုအဖြစ် မြင်လို့လည်း ရသည်။ သို့သော် အထူးတလည် ပြောင်းလဲလာတာမျိုးတော့ မဟုတ်ပါချေ။ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူတိုင်း သိသင့်တာတွေကို ပြောဆိုရှင်းပြ လာရ၊...

အတုတွေ သောင်းကျန်းနေတဲ့ပြည်

အခုတလော အတုတွေနှင့် ပတ်သက်သည့် သတင်းများကို ခပ်စိပ်စိပ် ကြားနေ ရသည်။ စစ်တပ်အရာရှိ ဟောင်းတစ်ဦး၏ ပိုက်ဆံအတု၊ ပြည်ထောင်စုဝန်ကြီးတစ်ဦး ၏ဘွဲ့လက်မှတ် အတု၊ ရာထူးတိုးတင် ကြသည့် တက်္ကသိုလ် ဆရာ၊ ဆရာမများ၏ စာတမ်းအတု၊ တရုတ်နိုင်ငံသားငါးဦး၏ အယောင်ဆောင်ရဲအတု စသည်ဖြင့် အတုတွေက ဗရပွဖြစ် နေသည်။ ထိုအထဲမှာ...