မြိတ်လျှပ်စစ် တင်ဒါအောင်ကုမ္ပဏီ ရွေးချယ်ပြီးဟုဆို

မြိတ်၊ နိုဝင်ဘာ ၈ မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတင်ဒါအောင် ကုမ္ပဏီကို ရွေးချယ်ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ နိုဝင်ဘာလဆန်းက ကျင်းပသည့် အစိုးရအဖွဲ့အစည်အဝေးတွင် ရွေးချယ်ဆုံးဖြတ်ခဲ့ကြောင်း...

ကျေးရွာသုံးစက်သုံးဆီ အရောင်းဆိုင် လိုင်စင် လျှောက်ထားနိုင်ပြီ

ထားဝယ်၊ နိုဝင်ဘာ ၈ ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်ကို နိုဝင်ဘာလ ၄ ရက်မှ စတင်လျှောက်ထားနိုင် ပြီဖြစ်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း သိုလှောင်ဖြန့် ဖြူးရေးဌာနခွဲ(က)အဆင့် ထားဝယ်မြို့ တိုင်းရောင်းဝယ်ရေး အရာရှိရုံးထံမှ သိရသည်။

မောင်းမကန်တွင် မီးလောင်၊ အိမ် ၈ လုံး မီးသင့်

မောင်းမကန်ကမ်းခြေတည်ရှိရာ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ အုပ်စု ၁၂ ရပ်ကွက်တွင် အောက်တိုဘာလ ၃၁ ရက်က မီးလောင်ခဲ့ပြီး လူနေအိမ် ၈ လုံး မီးထဲ ပါသွားသည်။ မွန်းလွဲ ၂ နာရီ...

ထားဝယ်စည်ပင်ဈေးကြီး ရွှေဆိုင်ခန်းငှားခ တိုးကောက်မည့်ကိစ္စ ကန့်ကွက်လွှာခေါ်

ထားဝယ်မြို့ စည်ပင်သာယာဈေး ကြီးအပြင်ဘက်တန်းရှိ ရွှေဆိုင်ခန်းများ အပါအဝင် အခြားဈေးဆိုင်ခန်းများ၏ ဆိုင်ခန်းငှားရမ်းခ တိုးကောက်မည့် ကိစ္စနှင့် ပတ်သက်၍ စည်ပင်သာယာရေးအဖွဲ့က ကန့်ကွက်လွှာခေါ်ယူနေသည်။ လက်ရှိတွင် ဈေးကြီးအပြင်ဘက် ပတ်လည်ရှိ ဆိုင်ခန်းများကို တစ်လလျှင် ငှားရမ်းခ...

လုပ်အားခအပြည့်မရှင်းပေးဟုဆိုကာ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုကို အလုပ်သမားများတိုင်ကြား

လုပ်အားခအပြည့် မရှင်းပေးဟုဆိုကာ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို ပန်းရန်အလုပ်သမားများက အလုပ်သမားနှင့်သက်ဆိုင်သည့်ဌာနများထံ တိုင်ကြားလိုက်သည်။ ထားဝယ်မြို့ ကမ်းနားလမ်းတွင် ဆောက်လုပ်နေသည့် တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ လေးခန်း တွဲ သုံးထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခွင့်ရရှိထားသည့်...

ရေးတွင် မူးယစ်ဆေးဝါးအန္တရာယ် လျော့ကျရေး စည်းရုံးလှုံ့ဆော်

မူးယစ်ဆေးဝါးအန္တရာယ်လျော့ကျ စေရေးအတွက် မွန်လူငယ်များဦးဆောင် ကာ ရေးမြို့တွင် စည်းရုံးလှုံ့ဆော်ခဲ့ကြ သည်။ နိုဝင်ဘာလ ၁ ရက်က မူးယစ်ဆေးဝါးအန္တရာယ်လျော့ကျရေးလှုပ်ရှားမှုကို မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး မဂဒူးမွန် ဒေသဖွံ့ဖြိုးရေး...

တိုက်ပွဲဖြစ်ခဲ့သည့်နယ်မြေ တည်ငြိမ်အေးချမ်းနေပြီဟု မွန်ပြည်သစ်နှင့် KNU ထုတ်ပြန်

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုး သားအစည်းအရုံးတို့အကြား ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှု ပဋိပက္ခနှင့် ပတ်သက်ပြီး နယ်မြေတည်ငြိမ်အေးချမ်းနေပြီဟု ယင်းအဖွဲ့နှစ်ခုက အောက်တိုဘာ ၃၀ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။ အောက်တိုဘာ ၁၇ ရက်က ဘုရား...

တနင်္သာရီ ဆောင်းရာသီ ပိုပူမည်

ဆောင်းရာသီကာလဖြစ်သည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်း ညအပူချိန်သည် သာမန် ဆောင်းရာသီအပူချိန်ထက် ပိုပူမည်ဖြစ် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနက အောက်တိုဘာလကုန်တွင် ယေဘုယျ ခန့်မှန်းချက်ထုတ်ပြန် ထားသည်။ ညဘက်ပျမ်းမျှအပူချိန်ထက်...

တနင်္သာရီတိုင်း လမ်းတံတားတည်ဆောက်ရေးအတွက် ကျပ် ၄၄ ဘီလီယံခန့် သုံးမည်

တနင်္သာရီတိုင်းအတွင်း လမ်းတံတားတည်ဆောက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် လက်ရှိဘဏ္ဍာ နှစ်တွင် ငွေကျပ် ၄၄ ဘီလီယံခန့် အသုံးပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။ အဆိုပါ လုပ်ငန်းများအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသ ကြီးအစိုးရနှင့် ပြည်ထောင်စုအစိုးရထံမှ...

ဘုတ်ပြင်းတွင် တောဆင်ရိုင်းတစ်ကောင် သတ်ခံရ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် တောဆင်ရိုင်းတစ်ကောင် သတ်ခံခဲ့ရပြီး သားရေခွာခံခဲ့ရကြောင်း မြို့နယ်သစ်တောဦးစီးဌာနထံမှ သိရသည်။ အောက်တိုဘာလ ၃၁ ရက် ဘုတ်ပြင်း မြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စုတွင် အထက်ပါ တောဆင်ရိုင်းအသေကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။