ငွေတောင်းသည့် ယာဉ်ထိန်းရဲကိစ္စ စတင်စစ်ဆေး

ထားဝယ်မြို့တွင် စည်းကမ်း မလိုက်နာသည့်ယာဉ်များကို ဖမ်းဆီးကာ ငွေကြေးတောင်းခံသည့် ယာဉ်ထိန်း ရဲ ကိစ္စအရေးယူနိုင်ရန် ဩဂုတ်လ ၃ ရက် တွင် စတင် စုံစမ်းစစ်ဆေးနေပြီ ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ စည်းပျက်ယာဉ်များကို ဖမ်းဆီးပြီး ဥပဒေအရ တရားစွဲမတင်ဘဲ...

ဦးရွှေမန်းပါတီသို့ ဦးအောင်စိုး ဝင်ရောက်ခြင်း မဟုတ်မှန်ဟုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တနင်္သာရီတိုင်းဥက္ကဋ္ဌ ဟောင်း ဦးအောင်စိုးက သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) သို့ ဝင်ရောက် သွားသည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း UBP ပါတီ တိုင်းဒေသကြီး တာဝန်ခံ ဦးဝင်းဦးက ပြောသည်။

တိုင်းအတွင်း ရဲတပ်ဖွဲ့အင်အား တစ်ရာကျော် တိုးလာ

တိုင်းအတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်ရန် ရဲတပ်ဖွဲ့ဝင်အသစ် ၁၀၀ နီးပါးတိုးလာကြောင်း တနင်္သာရီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ တိုင်းအတွင်း ပထမဆုံး ဖွင့်လှစ် သည့် ရဲတပ်သားသစ် ၉၀ ဦးကို ၅ လကြာ သင်တန်းပေးပြီးနောက် ဧပြီလ ၁၀ ရက်က စတင်ကာ မြို့နယ်တစ်ခုလျှင်...

နိုင်လွန်ကတ္တရာခင်းရန် ကျပ်သန်း သုံးထောင်ငါးရာကျော် သုံးမည်

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွင်း ထားဝယ် - ရေးလမ်း အစမှ နည်းပညာတက္ကသိုလ်အထိ ၉ မိုင်ကို နိုင်လွန် ကတ္တရာ ခင်းရန် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် သန်း ၃၆၉၄ သိန်းသုံးမည် ဖြစ်ကြောင်း လမ်းအထူးအဖွဲ့(၂၃)မှ ဦးစီးအရာရှိ...

ကမ်းခြေအပန်းဖြေစခန်းနှင့် ငါးမှုန့် ထုတ်လုပ်ငန်းတို့ လုပ်ကိုင်ခွင့်ချပေး

ထားဝယ်ခရိုင်အတွင်း ကမ်းခြေ အပန်းဖြေစခန်းတစ်ခုနှင့် မြိတ်တွင် ငါးမှုန့်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း တစ်ခုတို့ကို တနင်္သာရီတိုင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြု လိုက်သည်။ လောင်းလုံးမြို့နယ်၊ စမ်းလှမ်း ကျေးရွာအုပ်စုရှိ ကျုံးကဏန်းကမ်းခြေ တွင် ဟိုတယ်နှင့် အပန်းဖြေစခန်းလုပ်ငန်း...

တနင်္သာရီတိုင်းတွင် ခရီးသွားဇုန်ကြေး စမ်းသပ်ကောက်ခံ

တနင်္သာရီတိုင်းပင်လယ်ပြင်ရှိ ကျွန်းများသို့ နေ့ချင်းပြန်သွားရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသွားတစ်ဦးလျှင် ဇုန်ဝင်ကြေး ကျပ်ငါးထောင်နှုန်းကို ဇန်န၀ါရီလ ၂၀ ရက်မှ စတင်ကာ စမ်းသပ်ကောက်ခံခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ဟိုတယ်/ခရီး)ရုံးမှ တာဝန်ရှိသူက ပြောသည်။ တနင်္သာရီတိုင်းအတွင်း ယင်းသို့ဇုန် ၀င်ကြေးကောက်ခံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် ကန့်ကွက်လက်မှတ်ကောက်ခံ

မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း)ကို ဆက်သွယ်ထားသည့် သံလွင်တံတား (ချောင်းဆုံ) အမည်အစား ဗိုလ်ချုပ် အောင်ဆန်းတံတားအမည် သတ်မှတ်သည်ကို ကန့်ကွက်သည့် ဆန္ဒပြုလက်မှတ်များကို သံလွင်တံတား(ချောင်းဆုံ)ဆိုင်ရာ လူထုလုပ်ရှားမှု ကော်မတီက ဦးဆောင်ပြီး ကောက်ခံလျက်ရှိသည်။ တံတားအမည်ပြောင်းခြင်းနှင့် ပတ်သက်ပြီး ဒေသခံလူထုတို့၏ သဘောထားဆန္ဒကို သက်သေပြရန်နှင့် ကောက်ခံရရှိသည့် လက်မှတ်များကို နိုင်ငံတော်သမ္မတနှင့်...

သတ်မှတ်ချိန် လုပ်ငန်းမပြီးသည့် ဆောက်လုပ်ရေးကုမ္ပဏီများအား အရေးယူ

တနင်္သာရီမြို့နယ်တွင် သတ်မှတ် ထားသည့်အချိန်တွင် လုပ်ငန်းမပြီးစီး သည့် ဆောက်လုပ်ရေးကုမ္ပဏီများအား အရေးယူခဲ့ကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ သာယာကုန်းကျေးရွာ၊ဘန်းလမွတ် ကျေးရွာ၊ ချောင်းလမုကျေးရွာနှင့်သိန်ခွန်း ကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲများနှင့် လယ်တောင်ယာကျေးရွာမှ အလက(ခွဲ)ကျောင်းဆောင်သစ်တို့ကို ဇွန်လကုန်အပြီး...

တက္ကသိုလ်ကျောင်းသားများ ဆန္ဒထုတ်ဖော်က ခွင့်ပြုချက်တင်ရန် ညွှန်ကြား

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများ ဆန္ဒထုတ်ဖော်ပါက ဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်း ခွင့်ပြုချက်တင်ရန် အဆင့်မြင့်ပညာဦးစီးဌာနက သြဂုတ်လ ၁၃ ရက်တွင် ညွှန်ကြားလိုက်ကြောင်း ထားဝယ်မြို့ရှိ တက္ကသိုလ်အချို့ထံမှ သိရသည်။ ဆန္ဒထုတ်ဖော်မည့် အကြောင်းအရာ၊ ခန့်မှန်းလူဦးရေ၊ အချိန်၊ နေရာ စသည့်...

လက်ကိုင်အိတ်လုသူ ဓားရှည်ဖြင့် ပြန်ခုခံသဖြင့် မောင်းသူမဲ့ဆိုင်ကယ်ဖြင့် တိုက်ဖမ်း

မြိတ်မြို့တွင် လက်ကိုင်အိတ် လု ယက်သူ လူငယ် သုံးဦးအား ဖမ်းဆီးခဲ့ရာ ဓားရှည်ဖြင့် ပြန်ခုခံသဖြင့် လူမဲ့ ဆိုင် ကယ်ဖြင့် တိုက်ဖမ်းခဲ့ရကြောင်း ကလွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်နိုင် စိုးထံမှ သိရသည်။ ကန်ဖျားလမ်းမကြီးရှိ မြိတ်လေ တပ်စခန်းဌာနချုပ်အနီးတွင် ဇွန်လ ၂၇ ရက်နေ့...