နိုင်လွန်ကတ္တရာခင်းရန် ကျပ်သန်း သုံးထောင်ငါးရာကျော် သုံးမည်

0
681

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွင်း ထားဝယ် – ရေးလမ်း အစမှ နည်းပညာတက္ကသိုလ်အထိ ၉ မိုင်ကို နိုင်လွန် ကတ္တရာ ခင်းရန် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် သန်း ၃၆၉၄ သိန်းသုံးမည် ဖြစ်ကြောင်း လမ်းအထူးအဖွဲ့(၂၃)မှ ဦးစီးအရာရှိ (မြို့ပြ) ဦးခင်မောင်ဝင်းက ပြောသည်။

မေလ ၁၁ ရက်နေ့မှ စတင် လုပ်ကိုင်နေပြီး ဒီဇင်ဘာလတွင် ပြီးစီး ရန် လျာထားကြောင်း ဦးခင်မောင်ဝင်းက ပြောသည်။
” မိုးတွင်းမှာ လုပ်ငန်း ရပ်နားထား မယ် ” ဟု ၎င်းက ဆိုသည်။
အကျယ် ၁၂ပေ နှင့် ၁၈ပေရှိသော ယခင် လမ်းဟောင်းနေရာများကို ၂၄ ပေ အထိချဲ့ပြီး ခင်းမည်ဟု သိရသည်။
၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်က တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံ ငွေကျပ် ၂.၂၅ ဘီလီယံဖြင့် ထားဝယ်မြို့ ပေါ်လမ်းတချို့ စုစုပေါင်း ၅ မိုင် ၄ ဖာလုံကို နိုင်လွန်ကတ္တရာ ခင်းခဲ့သည်။