ကျွန်းစုတွင် ပုစွန်မွေးမြူရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်မည်ကို ရွာသားအချို့ သဘောမတူ

ကျွန်းစုမြို့နယ် ကတ္တလူကျေး ရွာတွင် ပြည့်ဖြိုးထွန်းကုမ္ပဏီက ပုစွန် မွေးမြူရေးကန် တိုးချဲ့လုပ်ကိုင်မည်ကို ရွာသားအချို့ သဘောမတူကြောင်း ယင်းရွာသားများမှ သိရသည်။ ပြည့်ဖြိုးထွန်းကုမ္ပဏီမှ ပုစွန် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် ၂၀၁၃ ခုနှစ်မှစပြီး ဒီရေတော ဧက ၄၀၀ ကျော် အား အပြောင်ရှင်းကာ လုပ်ငန်းဆောင် ရွက်ခဲ့ပြီးဖြစ်ကြောင်း...

မြိတ်လျှပ်စစ် တစ်ယူနစ် ဈေးနှုန်း လျော့ကျလာတော့မလား

မြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ် အားလုပ်ငန်း ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီဇင်ဘာလ ၁၅ တွင် အိတ်ဖွင့်တင်ဒါ ခေါ်ယူလိုက်သည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့် ဖြူးရေးလုပ်ငန်း ၉ ခုရှိသည့် မြိတ်မြို့ တွင် လျှပ်စစ်လုပ်ငန်းကို တစ်ဦးတည်း...

ပလပ်စတစ်အသုံးပြုမှု လျှော့ချရေး လှုပ်ရှားမှုပြုလုပ်မည်

မြိတ်၊ နိုဝင်ဘာ ၈ မြိတ်တွင် ပလပ်စတစ်အသုံးပြုမှု လျှော့ချရေး စည်းရုံးလှုံ့ဆော်မှုတစ်ခုပြု လုပ်မည်ဖြစ်ကြောင်း Trash Hero Myeik အဖွဲ့ထံမှ သိရသည်။ ယင်းစည်းရုံးလှုံ့ဆော်မှု(ကမ်ပိန်း) ကို နိုဝင်ဘာလ ၁၆...

နှစ်ရက်အတွင်း မီးနှစ်ကြိမ် လောင်

မြိတ်ခရိုင်တွင်နှစ်ရက်အတွင်း မီးလောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ ပုလောမြို့နယ်ပလောက်မြို့ အမှတ် ၁ ရပ်ကွက်ရှိ ကုန်စုံပစ္စည်းများရောင်းချနေသည့် နေအိမ်တစ်ဆောင်မှ ပေါ့ဆမီးဖြင့် လောင်ကျွမ်းခဲ့ရာအနီးရှိ နေအိမ်တစ်ဆောင်ပါ ကူးစက်လောင်ကျွမ်းခဲ့ရကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

ပန်းရန်ဆရာတစ်ဦး သတ်ခံရ၊ တရားခံဟုယူဆရသူ ၃ ဦးကို နာရီအနည်းငယ်အတွင်း ဖမ်းမိ

မြိတ်မြို့၊ ရေနံမြေတံတားတွင် ပန်းရန်ဆရာတစ်ဦးအား ဓားဖြင့်ခုတ်သတ်ကာ ထွက်ပြေးတိမ်းရှောင်သွားသည့် တရားခံ ၃ ဦးကို နာရီ အနည်းငယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။ မေလ ၁၇ ရက် နံနက် ၃ နာရီအချိန် က ဓားဖြင့်ခုတ်ကာ ထွက်ပြေးခဲ့ပြီး...

မြိတ်တွင် တစ်ရက်အတွင်း လူနှစ်ဦး ကြိုးဆွဲချသေ

မြိတ်မြို့နယ်တွင် မတ်လ ၂၈ ရက် က တစ်ရက်အတွင်း လူနှစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကလွင်ကျေးရွာအုပ်စုတွင် အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အင်္ဂမော်ကျေးရွာအုပ်စုတွင် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးတို့...

မြိတ်ရှိ သိမ်းဆည်းလယ်မြေများ မူလပိုင်ရှင်ထံ ဆောလျင်စွာပြန်ပေးမည်

မြိတ်မြို့နယ်အတွင်းရှိ သိမ်းဆည်း လယ်မြေများကို မူလပိုင်ရှင်လက်ထံ ဆောလျင်စွာ ပြန်ပေးနိုင်ရန် လုပ်ဆောင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။ လယ်မြေများကို စစ်အစိုးရလက်ထက် ကတည်းက သိမ်းယူထားပြီး မူလရည် ရွယ်ချက်အတိုင်း...

ကျွန်းစု ရေကန်တောင် NLD ရပ်ကျေးဥက္ကဋ္ဌ အပါအဝင် မိသားစုဝင် ငါးဦး အဖမ်းခံရ

ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာနေ NLD ရပ်ကျေးဥက္ကဋ္ဌနှင့် မိသားစုဝင် ငါးဦး ဖမ်းဆီးခံရကြောင်း ကာယကံရှင်၏ အသိုင်းအဝိုင်းနှင့် ဒေသခံများထံမှသိရသည်။ ရေကန်တောင်ရပ်ကျေးဥက္ကဋ္ဌ ဒေါ်ခင်နီဝင်း (ခ) မနီ အပါအဝင် မိသားစု လေးဦးအား စစ်တပ်နှင့် ရဲများက...

တနင်္သာရီမြို့နယ် သင်္ဘောဦးဒေသဖွံ့ ဖြိုးရေး အစီရင်ခံစာ တိုင်းလွှတ်တော်တင်မည်

တနင်္သာရီမြို့နယ်အတွင်းရှိ သင်္ဘောဦးဒေသတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ ကွင်း ဆင်းတွေ့ရှိချက် အစီအရင်ခံစာကို တိုင်းလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းလွှတ်တော်   တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ   ကော်မတီဥက္ကဋ္ဌက ပြောသည်။ ဧပြီလ ၈ ရက်တွင် စတင်ကျင်းပမည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် သင်္ဘောဦးဒေသ၏ ဖွံဖြိုးရေးဆိုင် ရာ တွေ့ရှိချက် အစီရင်ခံစာကို...

မျိုးတုံးလုနီး ရေညှောင့်နှုတ်ဝိုင်း ဒီလုံးငှက်များ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် အများအပြားတွေ့

မျိုးတုံးပျောက်ကွယ်လုနီးသည့်ရေညှောင့်နှုတ်ဝိုင်းဒီလုံးငှက်များကိုတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင်အများအပြားတွေ့ရကြောင်းအပြည်ပြည်ဆိုင်ရာတောရိုင်းတိရိစ္ဆာန်နှင့်ငှက်လေ့လာရေးပညာရှင်ီ Dr. Christoph Zocklerကပြောသည်။ ကျွန်းစုမြို့နယ်၊စခန်းသစ်ကျေးရွာတွင်ပြုလုပ်ခဲ့သောဒုတိယအကြိမ်ဒီရေတောပွဲတော်တွင်ီDr.Christoph Zockler ကပြောကြားခဲ့ခြင်းဖြစ်သည်။မြိတ်၊ကျွန်းစုနှင့်ဘုတ်ပြင်းမြို့နယ်များရှိရွှံ့ခံသဲသောင်ပြင်များ၌ယင်းငှက်ကလေးများလာရောက်နေထိုင်ကျက်စားလျက်ရှိကြောင်း၎င်းကပြောသည်။ယင်းဆောင်းခိုငှက်များမှာဂျာမနီနိုင်ငံမှဝင်ရောက်လာခြင်းဖြစ်ကာလွန်ခဲ့သောတစ်နှစ်ခန့်မှစ၍တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်၌တွေ့ရှိရခြင်းဖြစ်ကြောင်း၎င်းင်းကဆိုသည်။ှ SpoonbilledSandpiperခေါ်သည့်အဆိုပါငှက်များသည်လက်ရှိကမ္ဘာပေါ်၌စုစုပေါင်းအကောင်၅၀ဝခန့်သာကျန်တော့ပြီးမျိုးတုန်းပျောက်ကွယ်တော့မည့်အန္တရာယ်ဖြင့်ရင်ဆိုင်နေရကြောင်းDr.Zocklerကဆိုသည်။ပြင်ပနိုင်ငံများ၌အကောင်ရေ၂၀ဝခန့်နှင့်မြန်မာနိုင်ငံ၌တနင်္သာရီကန်းရိုးတန်းအပါအဝင်မုတ္တမနှင့်ရခိုင်ကမ်းရိုးတန်းရှိနံ့သာကျွန်း၊ဧရာဝတီတိုင်းဒေသကြီးရှိမိန်းမလှကျွန်းများ၌စုစုပေါင်းအကောင်၃၀ဝခန့်တွေ့ရှိရကြောင်း၎င်းကဆိုသည်။ယင်းငှက်များသည်မြန်မာနိုင်ငံသို့စက်တင်ဘာလမှဧပြီလနှောင်းပိုင်းအထိလာရောက်ဆောင်းခိုကျက်စားကြကြောင်း၎င်း၏အဆိုအရသိရသည်။ "ဒီရေတောတွေမှာရေနေသတ္ထဝါတွေငှက်မျိုးစိတ်တွေအများကြီးရှိတဲ့အနက်ရှားပါးမျိုးစိတ်လို့ပြောလို့ရမယ့်ရေညှောင့်နှုတ်ဝိုင်းဒီလုံးငှက်ကလေးတွေဟာကမ္ဘာပေါ်မှာမျိုးတုန်းပျောက်ကွယ်ဖို့အင်မတန်နီးကပ်နေပါပြီ။ထိန်းသိမ်းစောင့်ရှောက်ဖို့လည်းအရေးတကြီးလိုအပ်နေပါပြီ"ဟုမြိတ်တက္ကသိုလ်၊သတ္တဗေဒဌာနမှဆရာဦးစိုးနိုင်ကပြောသည်။ဒီရေတောဖျက်ဆီးခံနေရခြင်းကိုအရေးယူမလုပ်ဆောင်ပါကနောင်၅နှစ်အတွင်းဂေဟစနစ်တစ်ခုလုံးပျက်စီးစေနိုင်ပြီးယင်းရှားပါးငှက်မျိုးစိတ်များလည်းပျောက်ကွယ်သွားနိုင်သောကြောင့်ဒီရေတောကာကွယ်ခြင်းကိုလည်းအရေးတကြီးလုပ်ဆောင်ရန်လိုအပ်ကြောင်း Dr.Zocklerကဆိုသည်။