နှစ်ရက်အတွင်း မီးနှစ်ကြိမ် လောင်

0
541

မြိတ်ခရိုင်တွင်နှစ်ရက်အတွင်း မီးလောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။


ပုလောမြို့နယ်ပလောက်မြို့ အမှတ် ၁ ရပ်ကွက်ရှိ ကုန်စုံပစ္စည်းများရောင်းချနေသည့် နေအိမ်တစ်ဆောင်မှ ပေါ့ဆမီးဖြင့် လောင်ကျွမ်းခဲ့ရာအနီးရှိ နေအိမ်တစ်ဆောင်ပါ ကူးစက်လောင်ကျွမ်းခဲ့ရကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။


မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု စန္ဒဝတ်ကျေးရွာသင်္ချိုင်းရှိ ကားတာယာပုံမှ မီးလောင်ကျွမ်းမှုတစ်ခု မတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။


“မီးသဂြိုလ်စက်နဲ့ ခပ်လှမ်းလှမ်း မှာဖြစ်တာပါ”ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။


မီးလောင်ကျွမ်းမှုတို့တွင် လူများထိခိုက်ခဲ့ခြင်း မရှိခဲ့ပေ။


အဆိုပါ မီးလောင်မှုများအတွက် အမှုဖွင့်အရေးယူနိုင်ရန်ဆောင်ရွက်နေကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)