မွန်တွင် ရပ် / ကျေးအုပ်ချုပ်ရေးမှူး ၁၅၃ ဦးရွေးပြီး၊ အမျိုးသမီး ၂ ဦးပါ

မွန်ပြည်နယ်တွင် ရပ် / ကျေးအုပ် ချုပ်ရေးမှူး၁၅၃ဦး ပြန်လည်ရွေးချယ် ထားပြီဖြစ်ကာ အမျိုးသမီးရပ် / ကျေး အုပ်ချုပ်ရေးမှူး၂ ဦးပါဝင်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ပြည်နယ်အတွင်း၌ ရပ်/ကျေး အုပ် ချုပ်ရေးမှူး၄၃၉ဦးကို တတိယ အကြိမ် ပြင်ဆင်ထားသည့် ရပ်...

ဖမ်းမိသည့် ထိုင်းဝက်များကို အစိုးရက လေလံတင်ရောင်းမည်

မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိ ထားသည့် ထိုင်းဝက်များကို တစ်ကောင် ကျပ်တစ်သိန်းခွဲဖြင့် ကြမ်းခင်းဈေးသတ် မှတ်ကာ လေလံတင်ရောင်းချသွားမည်ဟု မွန်ပြည်နယ် မွေးမြူးရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။ ဇန်နဝါရီလ ၅ ရက်က ထပ်မံ ဖမ်းဆီးရမိထားသည့် အထောက်အထား မဲ့ ထိုင်းဝက်အကောင်ရေ ၃၅၀ ခန့်ကို...

၂၀၁၇ ခုနှစ် မွန်တွင် ယာဉ်မတော် တဆမှုကြောင့် သေဆုံးသူ သုံးရာကျော်

မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၃၆ ဦးရှိသည်ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ် ဖွဲ့မှူးရုံး(မွန်) စာရင်းအရ သိရသည်။ ပြည်နယ်တစ်ခုလုံးတွင် ဆိုင်ကယ် တိုက်မှု ၅၂၁ မှု၊ ကားမတော်တဆတိုက်မှု ၃၉၃ မှု စုစုပေါင်း ယာဉ်မတော်တဆမှု...

မွန်တွင် တစ်နှစ်အတွင်း ပညာရေးဝန်ထမ်း ၈ ဦး ထုတ်ပယ်ခံရ

မွန်ပြည်နယ်တွင်၂၀၁၇ ခုနှစ် တစ် နှစ်အတွင်း လုပ်ငန်းတာဝန်ပျက်ကွက် မှုဖြင့် ပညာရေးဝန်ထမ်း ၈ ဦးကို တာ ဝန်မှ ထုတ်ပယ်ခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ တာဝန်မှ ထုတ်ပယ်ခံရသည့် ပညာရေး အမှုထမ်း၊ အရာထမ်းများမှာ ရေးမြို့နယ်မှ ၂...

ကုန်ဈေးနှုန်းကျစေချင်လျှင် ဟင်းတစ်မယ်သာစားရန် မွန်ဝန်ကြီးချုပ်ပြော

ကုန်ဈေးနှုန်းကျစေချင်လျှင် ဟင်း တစ်မယ်သာ ချက်စားရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆို လိုက်သည်။ ဇန်နဝါရီ ၃ ရက်က သထုံမြို့ ရှိ သုဝဏ္ဏဘူမိခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည့် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူ လူထုတွေ့ဆုံပွဲ၌ အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေမှုနှင့် ပတ်သက်ပြီး သထုံဒေ...

မွန်တွင် ဖမ်းမိသည့် ထိုင်းဝက်များ ရောဂါမရှိကြောင်း စစ်ဆေးတွေ့ရှိ

စစ်ဆေးတွေ့ရှိချက်အရ မွန်ပြည် နယ်တွင် ဖမ်းဆီးရမိထားသည့် ထိုင်း ဝက်များတွင် ဝက်နှင့်သက်ဆိုင်သည့် ရောဂါများ မရှိကြောင်း မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ပြောသည်။ ထိုင်းဝက်များ တရားမဝင်တင် သွင်းနေကြောင်း ပြည်သူတို့၏ သတင်း ပေးမှုအရ ဒီဇင်ဘာလ ၂၃ နှင့် ၂၄...

မွန်ပြည်သစ်ပါတီ အရေးပေါ်ဗဟို ကော်မတီ အစည်းအဝေး ထပ်မံ ကျင်းပ

မွန်ပြည်သစ်ပါတီ အရေးပေါ်ဗဟို ကော်မတီအစည်းအဝေးတစ်ရပ်ကို ဒီ ဇင်ဘာ ၂၆ရက်နေ့တွင် ထပ်မံကျင်းပ လျက်ရှိသည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။ ရေးချောင်းဖျားဒေသရှိ ပါတီဗဟို ဌာနချုပ်၌ စတင်ကျင်းပလျက်ရှိသည့် အဆိုပါအရေးပေါ်ဗဟိုကော်မတီအစည်း အဝေးတွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲ ရေးသဘောတူစာချုပ် NCA လက်မှတ် ရေးထိုးရေးကိစ္စနှင့် ပတ်သက်ပြီး ဆွေး နွေးကြမည်ဟု...

လာဘ်ငွေယူသဖြင့် ရဲအရာရှိ အလုပ်နှင့် ထောင်ဒဏ် ၅နှစ် ချမှတ်ခံရ

မွန်ပြည်နယ် ရေးမြို့မရဲစခန်းမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ဖြင့် တရားစွဲဆိုခံထားရသည့် အမှုစစ် အရာရှိရဲအုပ်ကျော်သက်ခိုင်ကို ပြစ်မှု ထင်ရှားသဖြင့် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်။ အမှုစစ်အရာရှိရဲအုပ်ကျော်သက် ခိုင်သည် အမှုစစ်အရာရှိ၏ လုပ်ပိုင်ခွင့် ကို အသုံးပြုလျက် လာဘ်ငွေများ တောင်းခံရယူခဲ့ကြောင်း...

မော်လမြိုင် သံလွင်ငါးဈေး ပြောင်းရွှေ့မည့်အစီအစဉ် အကောင်အထည် မဖော်နိုင်သေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဘို ကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ သံလွင်ငါးဈေး ပြောင်းရွှေ့ရန် ရန်ပုံ ငွေလျာထားပြီးဖြစ်သော်လည်း မြေနေ ရာ အခက်အခဲကြောင့်ဟုဆိုကာ အကောင် အထည် မဖော်နိုင်သေးပေ။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သံလွင် ငါးဈေးကို လက်ရှိတည်နေရာမှ ကျောက်တန်း စက်မှုဇုန်သို့ ပြောင်းရွှေ့တည်ဆောက် ရန်အတွက် ဘဏ္ဍာငွေ...

မွန်တွင် ကျောင်းသူ / သား ၂၇၅၀၀ ကျော် တက္ကသိုလ်ဝင်တန်း ဖြေမည်

မွန်ပြည်နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သား ၂၇၅၈၈ ဦးရှိသည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။ အဆိုပါဦးရေတွင် ပြင်ပဖြေဆို သူများလည်း ပါဝင်ပြီး စာမေးပွဲကို မတ် လ ၇ ရက်နေ့တွင် စတင်ကာ မတ်လ ၁၇ ရက်နေ့တွင် ပြီးမည်ဟု သိရသည်။ "ပုံမှန်အားဖြင့် အချိန်ပိုသင်ကြား...