ကော့သောင်းတွင် ထီလက်မှတ် ရောင်းအားထိုးတက်

ကော့သောင်းတွင် အောင်ဘာလေ ထီလက်မှတ်များကို စိတ်ဝင်စားသူများ လာပြီး ရောင်းအား ထိုးတက်ခဲ့ကြောင်း ထီလက်မှတ်အရောင်းဆိုင်များထံမှ သိရသည်။ ကျပ်ငါးရာတန် ထီလက်မှတ် မရောင်းချမီအချိန်က တစ်လလျှင် လက်မှတ် အုပ်ရေ ၂၀၀ ခန့်သာ ရောင်းရ ပြီး ကျပ်ငါးရာတန် ထီလက်မှတ် စတင်...

ကော့သောင်းကားကွင်းနှင့် ကား မမျှ

ကော့သောင်းမြို့တွင်ရှိသည့် အဝေးပြေးကားကွင်းနှင့် လက်ရှိပြေး ဆွဲနေသည့် အဝေးပြေးကား အရေ အတွက် မမျှဘဲဖြစ်လာကြောင်း အဝေး ပြေးယာဉ်လိုင်း အသင်းတာဝန်ရှိသူများ ကပြောသည်။ ကော့သောင်းမှ အခြားမြို့များသို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ သည့် နောက်ပိုင်း အဆင့်မြင့်လေအိတ် ကားလိုင်းများ တိုးချဲ့ပြေးဆွဲလာသည့် အတွက် ကားများပြားလာပြီး ယင်းသို့...

ရွှေဇင်ယော်ရပ်ကွက် အုပ်ချုပ်ရေးမှူး နှုတ်ထွက်

ကော့သောင်းမြို့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး နှုတ်ထွက်ခဲ့ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံးမှ သိရသည်။ ရွှေဇင်ယော်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ၎င်း၏ ဆန္ဒအလျှောက် နှုတ် ထွက်ခဲ့ခြင်းဖြစ်ပြီး အစိုးရသစ် လက်ထက် တွင် တာဝန် စတင်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ " ကျန်းမာရေး မကောင်းလို့ပါ၊ ခဏခဏ ဆေးခန်းပြရတယ်။ အိမ်က...

ကော့ရဲကျွန်းပေါ် ကမ်းဇော်ပင်ပေါက် ဧက၂၀၀ ကျော်ကို အစုအဖွဲ့ပိုင်အဖြစ် သတ်မှတ်

ဘုတ်ပြင်းမြို့နယ်ရှိ ကော့ရဲကျွန်းကျေးရွာတွင် ကမ်းဇော်ပင် အလေ့ကျပေါက်ရောက်နေသော မြေဧက ၂၀၀ကျော်ကို ဒေသအစုအဖွဲ့ပိုင်အဖြစ် ထိန်းသိမ်း လုပ်ဆောင်လျက်ရှိကြောင်း ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။ကော့ရဲကျွန်းကျေးရွာသည် ဘုတ်ပြင်းမြို့နှင့် ရေမိုင် ၂၅ မိုင်ခန့် ကွာဝေးသည့် ကျွန်းတကျွန်းတွင်တည်ရှိပြီးစုစုပေါင်းမြေဧက ၅၀၀နီးပါးသည် ဆေးဘက်ဝင်ကမ်းဇော်ပင်များ အလေ့ကျပေါက်ရောက်လျက်ရှိသည့်နေရာဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ မြေဧက ၅၀၀ အနက်...

ထိုင်း ရှပ်ခိုးဆွဲလှေတစ်စီးကို မြန်မာ့ရေပိုင်နက်တွင် ဖမ်းမိ

ကော့သောင်းမြို့နယ်၊ မြန်မာ့ ရေပိုင်နက်တွင် တရားမဝင် ရှပ်ခိုးဆွဲလှေ တစ်စီးကို မေလ ၂၃ ရက်နေ့ က မြန်မာ့ ရေလုပ်သား ၇ ဦးနှင့်အတူ ဖမ်းမိခဲ့သည် ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရ သည်။ စူငယ်ပါလိုင်းကျေးရွာအနီး ငှက် သိုက်ကျွန်း အနောက်ဘက်တွင် ရှပ်ခိုး...

စက်ဘီးခိုးသည့်ကိစ္စ ဆုံးမသည့်အပေါ် အရှက်ရ ကြိုးဆွဲချ သေဆုံး

စက်ဘီးခိုးသည့်ကိစ္စအား ဆုံးမ သည့်အပေါ် အရှက်ရပြီးကြိုးဆွဲချ သေဆုံး မှုတစ်ခု မေလ ၁၅ ရက်က ကော့သောင်း မြို့ အေးရိပ်ငြိမ် ရပ်ကွက်တွင် ဖြစ်ပွားခဲ့ ကြောင်း ကော့သောင်းမြို့မရဲစခန်းမှ သိရသည်။ နေအိမ်အတွင်း အမြင့် ၁၀ ပေရှိ ထုတ်တန်းတွင် ကြိုးဆွဲချ သေဆုံးနေ သည်ကို...

ပျက်စီးနေသည်များ ပြင်ပေးရန် မာရမ်းဆေးရုံဆောက် ကုမ္ပဏီသဘောတူ

ကျပ်သန်း၆၀၀နီးပါးခန့် ကုန်ကျခဲ့ သည့် ကော့သောင်းခရိုင်ရှိ မာရမ်းတိုက် နယ်ဆေးရုံ အဆောက်အအုံရှိ ပျက်စီး ချွတ်ယွင်းနေသည့် နေရာ ၁၂ ခုအား အမြန်ဆုံးပြင်ပေးမည်ဟု ယင်းဆေးရုံကို ဆောက်လုပ်ခဲ့သည့် ယွန်းနဒီ ကုမ္ပဏီက သဘောတူခဲ့ကြောင်း ကုမ္ပဏီ တာဝန် ရှိသူနှင့် ကော့သောင်းခရိုင် ဆေးရုံအုပ် ထံမှ...

ပြည်ကြီးမဏ္ဍိုင်တွင် အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရ

ပြည်ကြီးမဏ္ဍိုင်၊ ချောင်းမုံကျေးရွာ တွင် မေလ ၉ ရက်က အမျိုးသားတစ်ဦး မိုးကြိုးစက်ကွင်း ထိမှန်ကာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု ကျေးရွာအုပ် ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ အဆိုပါအမျိုးသားသည် မိခင် ဖြစ်သူနှင့်အတူ ဥယျာဉ်ခြံအတွင်း တော ခုတ်ရှင်းလင်းနေစဉ် မိုးသည်းထန်စွာ ရွာချခဲ့ပြီး မိုးကြိုးတစ်ချက်ပစ်ချချိန်တွင် စက်ကွင်းမိ၍...