ကော့သောင်းကားကွင်းနှင့် ကား မမျှ

0
433

ကော့သောင်းမြို့တွင်ရှိသည့် အဝေးပြေးကားကွင်းနှင့် လက်ရှိပြေး ဆွဲနေသည့် အဝေးပြေးကား အရေ အတွက် မမျှဘဲဖြစ်လာကြောင်း အဝေး ပြေးယာဉ်လိုင်း အသင်းတာဝန်ရှိသူများ ကပြောသည်။

ကော့သောင်းမှ အခြားမြို့များသို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ သည့် နောက်ပိုင်း အဆင့်မြင့်လေအိတ် ကားလိုင်းများ တိုးချဲ့ပြေးဆွဲလာသည့် အတွက် ကားများပြားလာပြီး ယင်းသို့ ကားဝင်းနှင့် ကားမမျှဘဲဖြစ်လာသည်ဟု ၎င်းတို့က ဆိုသည်။” အခု ကားကွင်း အနေအထားက အဝင်အထွက် လမ်းလည်း ကျဉ်းသလို ကားအားလုံး စုပုံ ရပ်နားဖို့ကလည်း ကွင်းက အရမ်းကျဉ်းတယ်” ဟု ယာဉ် လိုင်းတစ်ခုမှ ယာဉ်မောင်းက ဆိုသည်။

အဆိုပါ ကားဝင်းအတွင်း ယာဉ် လိုင်း ၃၁ လိုင်းရှိကြောင်း ကားကွင်း ကန်ထရိုက်တာဝန်ခံထံမှ သိရသည်။” စနစ်တကျနဲ့ ရပ်မယ်ဆိုရင် အခု အခြေအနေက အရမ်းမကျဉ်းဘူး” ဟု ကားကွင်းကန်ထရိုက်တာဝန်ခံ ဦးကျော် မျိုးက ပြောသည်။သို့သော် ယာဉ်လိုင်းအသစ်များကို ထပ်မံခွင့်မပြုစေလိုတော့ဟု ၎င်းက ဆို သည်။

” မြို့အနေအထားနဲ့ ကားဝင်း အခြေ အနေကို လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်း မှုဌာန တိုင်းဒေသကြီးရုံးကို ဒီလထဲမှာ မှတ် တမ်းနဲ့ တင်ပြဖို့ရှိပါတယ်” ဟု ကော့သောင်း ခရိုင် လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေးကြီးကြပ် ညှိနှိုင်းမှုဌာန ခရိုင်ဦးစီးမှူး ဦးကြည်နိုင်က ပြောသည်။

ကော့သောင်းကားကွင်း၏ လက်ရှိ အသုံးပြုနေသည့် အကျယ်အဝန်းမှာ တစ်ဧကကျော်ရှိကြောင်း ကားကွင်း ကန်ထရိုက်ထံမှ သိရသည်။