ဂရန်မဲ့မြို့ပေါ်အိမ်များ မြေဂရန် ပိုင်ဆိုင်ရတော့ မည်လော

တိုင်းတွင်း မြို့ပေါ်ရပ်ကွက် အိမ်ရာများ မြေငှားဂရန် ကိုယ်စီရရှိရေး တိုင်းအစိုးရက အကောင်အထည် ဖော်ရတော့မည် ဖြစ်သည်။ မြို့ဧရိယာအတွင်းရှိ မြေငှားဂရန် မရှိသေးသည့် အိမ်ရာ၊ အဆောက်အအုံ များအား မြေငှားဂရန် ချထား ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရပ်ကွက်အလိုက် စီမံချက် ရေးဆွဲ အကောင်အထည်ဖော်ရေး အဆိုကို...

မောင်းမကန်မြို့သစ်နှင့် ဟိုတယ်ဇုန် ဖွံ့ ဖြိုးရေးစီမံကိန်းပုံစံအား တိုင်းလွှတ်တော် အတည်ပြု

မောင်းမကန်မြို့သစ်နှင့် ဟိုတယ် ဇုန်ဖွံ့ဖြိုးရေးစီမံကိန်းပုံစံအား တနင်္သာရီ တိုင်းလွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။ စက်တင်ဘာလ ၂၅ ရက်က ကျင်းပ ခဲ့သည့် တိုင်းလွှတ်တော်အစည်းအဝေး တွင် ဆွေးနွေးအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ကမ်းခြေမြေ ၃၅၄ ဒဿမ ၆၄ ဧက ပေါ်တွင် ရေးဆွဲထားသော စီမံကိန်းပုံစံ တွင် ဟိုတယ်များ၊...

လောင်းလုံး မြို့အဝင်ဆိုင်းဘုတ်ရွှေ့

နောက်လာမည့်နှစ်များတွင် မြို့ဧရိယာအဖြစ် လျာထားသည့်နေရာသို့ လောင်းလုံးမြို့ မြို့အဝင်ဆိုင်းဘုတ်ကို ပြီးခဲ့သည့် ဩဂုတ်လက ရွှေ့ထား ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနထံမှ သိရသည်။ ယင်းဆိုင်းဘုတ်ရွှေ့ လိုက်သည့်နေ ရာမှာ သဗျာကျေးရွာရှိ လောင်းလုံးမြို့ နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင်မြေဟု ဆိုင်းဘုတ်ထောင် ထားသော နေရာအနီးတွင်...

ရုပ်ရှင်ရုံ စာချုပ်များ တိုင်းအစိုးရ စစ်ဆေးမည်

တနင်္သာရီတိုင်းရှိ ရုပ်ရှင်ရုံ လေးရုံ ၏ စာချုပ်များကို ပြန်လည် စစ်ဆေး မည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ အပြီးပိုင်ရောင်းချထားသည့် ရုပ်ရှင်ရုံ ၃ ရုံနှင့် ငှားရမ်းထားသည့် ရုပ်ရှင် ရုံတစ်ရုံတို့ကို...

ဆီဈေးကြောင့် ထားဝယ်-ရန်ကုန် အထူးကားအချို့ လက်မှတ်ဈေးတက်

ဆီဈေးမြင့်တက်လာခြင်းကြောင့် ရန်ကုန်-ထားဝယ်ပြေးဆွဲနေသည့် အထူးခရီးသည်တင်ကားအချို့ ကား လက်မှတ်ဈေး တိုးမြှင့်လိုက်ကြောင်း ထားဝယ် အဝေးပြေးယာဉ်လိုင်းအသိုင်း အဝိုင်းထံမှ သိရသည်။ ယခင်က အထူးကားလက်မှတ်တစ် စောင်လျှင် ကျပ် ၂၃၅၀၀ဖြင့် ရောင်းချ နေခဲ့ရာမှာ ယခုစက်တင်ဘာလမှ စတင် ၍ ကျပ်၂၅၃၀၀သို့ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ထားဝယ်-ရန်ကုန် ပြေး...

တနင်္သာရီတိုင်းအပါအဝင် ဒေသငါးခုတွင်သယံဇာတ ပြဿနာ များကို သုံးနှစ် သုတေသန လုပ်မည်

တနင်္သာရီတိုင်းအပါအဝင် ဒေသ ငါးခုတွင် သယံဇာတဆိုင်ရာ ပြဿနာများကို သုံးနှစ်အကြာ သုတေသနပြုမည် ဖြစ်ကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။တနင်္သာရီတိုင်းနှင့် မွန်၊ ကရင်၊ ရှမ်း၊ ကယားပြည်နယ် တို့တွင် သုတေသနပြုမည်ဖြစ်သည်။ တိုင်းအတွင်းရှိ သယံဇာတတူးဖော်နေသည့်နေရာများအားလုံးကို သု တေသနပြုမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ ပထမနှစ်တွင် သယံဇာတဆိုင်ရာပြဿနာများကို အချက်အလက်စုဆောင်း သည့်အပိုင်း အဓိကလုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအသင်း ပတ်ဝန်းကျင်ရေး ရာတာဝန်ခံ ကိုအေးချမ်းမောင်က...

စံချိန်တင်ဈေးကြောင့် ရွှေအရောင်း အဝယ်အေး

စံချိန်တင်မြင့်တက်နေသည့်ရွှေ ဈေးကြောင့် ရွှေအရောင်းအဝယ်အေးလျက်ရှိကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင် အချို့ထံမှ သိရသည်။အခေါက်ရွှေဈေးနှုန်းမှာ စက်တင် ဘာလ ၂၀ ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ် ဆယ်သိန်းနှစ်သောင်းဝန်း ကျင်အထိ မြင့်တက်နေခြင်း ဖြစ်သည်။ "ရုတ်တရက် တက်လာတဲ့အပေါ်မှာ စိတ်ညစ်တယ်။ အရောင်းအဝယ်မရှိဘူး။ အရောင်းအဝယ်ကို ပါးနေတာ" ဟု ထားဝယ်မြို့ အာဇာနည်လမ်းရှိဦးလှဦး+ဒေါ်လှနွဲ့ သမီး-မမေဇင်ဦးစိန်၊ ရွှေ ရတနာဆိုင်မှ ဆိုင်ရှင်မမေဇင်ဦးက ပြောသည်။ယခင်နှစ်များက...

၃ဆင့်ပွားစီးပွားရေး (MLM)လုပ်ငန်းများ တားမြစ်ကြောင်း ထုတ်ပြန်ချက် နယ်ဒေသခံအများစုမသိ

၁၁ဆင့်ပွားစီးပွားရေး(MLM) လုပ်ငန်း များကို တားမြစ်လိုက်ပြီး လုပ်ကိုင်နေ သည်ကိုတွေ့ရှိပါက အရေးကြီး ကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက်က ထုတ်ပြန် လိုက်သည်။ ဆင့်ပွားဈေးကွက် စီးပွားရေးလုပ် ငန်းများအား တားမြစ်လိုက်သည့်...

ရာသီအကြိုရော်ဘာဈေး ယမန် နှစ်ထက် အနည်းငယ်ကျ ၊ ရာသီတက်ချိန်ပြန်တက်နိုင်ဟု ခန့်မှန်း

ရော်ဘာရာသီအကြိုကာလတွင်ရော်ဘာတစ်ပေါင် ပေါက်ဈေး ယမန်နှစ်ထက် အနည်းငယ်ကျနေပြီးရာသီစချိန်တွင် ဈေးပြန်တက်လာနိုင်ကြောင်းထားဝယ်ရော်ဘာလုပ်ငန်းရှင်အချို့ကခန့်မှန်းကြသည်။ရော်ဘာရာသီအကြိုကာလဖြစ်သည့် စက်တင်ဘာလတွင် ရော်ဘာတစ်ပေါင်လျှင် ပေါက်ဈေး ကျပ် ၈၅၀ဝန်းကျင်ရှိနေပြီး ယမန်နှစ် စက်တင်ဘာလတွင်မူ ပေါက်ဈေး ကျပ် ၁၀၀၀ဝန်းကျင်ရှိခဲ့ကြောင်း ထားဝယ်ခရိုင်ရှိရော်ဘာပွဲရုံပိုင်ရှင်အချို့က ပြောသည်။"အရင်နှစ်ကထက် ဘာဖြစ်လို့ဈေး ပြန်ကျနေရတာလဲဆိုတာကတော့ လကရှိ တရုတ်ဈေးကွက်ကိုပဲ မှီခိုနေရတာဆိုတော့ တရုတ်က ဈေးကျရင်ကျ၊ သူတို့ ဈေးတက်ရင်တက်ပဲ။...

တိုင်းအတွင်း လူကုန်ကူးမှု လျော့နည်းလာ

တနင်္သာရီတိုင်းအတွင်း လူကုန်ကူးမှုများ နှစ်စဉ်လျော့နည်းလာကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အမှတ် ၁၀ တပ်ဖွဲ့စုမှူးရုံး(ထားဝယ်) မှ ရဲအုပ်အောင်ကျော်မြင့်က ပြောသည်။ ယမန်နှစ်က လူကုန်ကူးမှု ၄ မှုရှိ ခဲ့ရာမှ ယခုနှစ် စက်တင်ဘာလအထိ၁ မှုသာရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ လူကုန်ကူးမှုနှင့် ပတ်သက်သည့်ပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ခြင်းကြောင့် ပြည်သူများပိုမိုသိရှိလာကာ အမှုအရေအတွက်နည်းလာခြင်းဖြစ်နိုင်ကြောင်း ရဲအုပ် အောင်ကျော်မြင့်က သုံးသပ်သည်။ "အရင်ကထက် စာရင်တော့ ပြည်သူတွေက...