လာမည့်နှစ်တွင် စံပြ Greenhouse သုံးလုံး ထပ်ဆောက်မည်

လာမည့်ဘဏ္ဍာရေးနှစ်တွင် စံပြ Greenhouse သုံးလုံးထပ်ဆောက်ရန် လျာထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ Greenhouse ဆိုသည်မှာ ပလပ် စတစ်အကြည် မိုးထားပြီး အကွက်စိပ် ဇကာများ ကာရံထားကာ သံဖရိန်ဖြင့် တည်ဆောက်ထားသည့် အမိုးအကာ အောက်တွင် စိုက်ပျိုးသည့်စနစ် ဖြစ်သည်။

အားကစားရုံတွင်နေရသည့် ကျောင်းသားများအား ယခုလအတွင်း အဆောင်သစ်သို့ ရွှေ့မည်ဟုဆို

ထားဝယ်ပညာရေးကောလိပ်ဝင်းအတွင်းရှိ အားကစားရုံကို အဆောင်အဖြစ် နေထိုင်နေရသည့် ကျောင်းသားများအား ယခုလအတွင်း အဆောင်အသစ်သို့ ပြောင်း ရွှေ့နေထိုင်စေမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးက ပြောသည်။ လက်ရှိဆောက်လုပ်နေသည့် သုံးထပ်အဆောင်မှာ ကိုးဆယ်ရာခိုင်နှုန်း နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

ဇမ္ဗူသီရိအဖွဲ့ အခမဲ့ဆေးခန်း ယခုလကုန်ဖွင့်မည်၊ အသုံးမလို ပိုလျှံသည့် ဆေးများ လာလှူနိုင်

ထားဝယ်မြို့ရှိ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ရုံးတွင်  အခမဲ့ဆေးခန်းကို ယခုလကုန်ပိုင်းတွင် စဖွင့်မည်ဖြစ်ပြီး အသုံးမလိုတော့သည့် ပိုလျှံဆေးဝါးများကို လှူဒါန်းနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အဆိုပါဆေးခန်းတွင် အထွေထွေ ရောဂါများကို ပြသကုသနိုင်မည့်အပြင် လိုအပ်သည့် ဆေးဝါးအချို့ကိုလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ ဥက်္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

ဖိုးဖိုးကျောက် ကမ်းခြေတွင် ငါးတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး

လောင်းလုံးမြို့နယ်အတွင်းရှိ ဖိုးဖိုး ကျောက်ကမ်းခြေတွင် ပဉ္စမတန်းကျောင်း သားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၄ ရက်က သကျက် တောကျေးရွာအုပ်စုမှ (အထက်တန်း ကျောင်း) ကျောင်းသူ/ကျောင်းသား ၇၀ ဦး ခန့်သည် ဆရာမများနှင့်အတူ ရှင်မော် ဘုရားသို့...

ရေဖြူတွင် မူးယစ်ဆေးဝင်ဖမ်းရာမှ တူမီးသေနတ်နှစ်လက် ဖမ်းမိ

ရေဖြူမြို့နယ်တွင် မူးယစ်ဆေးဝါး သတင်းအရအိမ်တစ်လုံးအားဝင်ရောက် ရှာဖွေရာ တူမီးသေနတ်နှစ်လက်ကို ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရေဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ နေအိမ်တစ်ဆောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်က ၀င်ရောက်ရှာဖွေရာ အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသားကို ၎င်း၏ ရော်ဘာခြံအတွင်း တွေ့ရှိရကြောင်း...

လေယာဉ်ကွင်းချုံရှင်းခကိစ္စ ပြောစရာစကားမရှိဟု ဦးဆန်နီဆို

ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် ထားဝယ်လေယာဉ်ကွင်းချုံရှင်းခနှင့် ပတ်သက်ပြီး ပြောစရာ စကားမရှိကြောင်း လေယာဉ်ကွင်းချုံရှင်းရန် လုပ်ကိုင်ခွင့်ရခဲ့သည့် F 22 Sunny Construction ကုမ္ပဏီပိုင်ရှင် ဦးဆန်နီက ဆိုသည်။ ထားဝယ်လေယာဉ်ကွင်းချုံရှင်းခ ကျပ်သိန်း ၄,၀၀၀ အနက် အမှန်တကယ် ကုန်ကျငွေကျပ် သိန်း...

တိုင်းလွှတ်တော် ဗဟိုမျှော်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို စွပ်စွဲပြစ်တင်ရန် လုံလောက်သော အထောက်အထားများ ရရှိနေပြီဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောကြသည်။ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တိုင်းအစိုးရ ၏ လုပ်ဆောင်ချက် ၂ ခုကို...

တက္ကသိုလ်ဝင်တန်း စာမေးပွဲခန်းသို့ မည်သည့်နာရီမျှ ယူခွင့်မပြု

မတ်လ ၆ ရက်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာမေးပွဲခန်းအတွင်းသို့ မည်သည့်နာရီမျှ ယူဆောင်ခွင့်မပြုကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အဆင့်မြင့်နည်းပညာသုံး နာရီများဖြင့် စာမေးပွဲတွင် မသမာသည့် နည်းလမ်းသုံးကာဖြေဆိုခြင်း မပြုနိုင်ရန် ယင်းသို့တား မြစ်ခြင်းဖြစ်ကြောင်း သိရသည်။

စာကြည့်တိုက်ဆောက်ရန် ပြည်ထောင်စုက ရန်ပုံငွေမပေးတော့ဟုဆို

တနင်္သာရီတိုင်းတွင် စာကြည့်တိုက် အဆောက်အအုံများဆောက်လုပ်ရန် အတွက် ပြည်ထောင်စုအစိုးရမှ ရန်ပုံငွေ ချထားပေးခြင်းမရှိတော့ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။ ဖေဖော်ဝါရီလ ၂၀ ရက်က ကျင်းပသည့် တိုင်းလွှတ်တော် ပုံမှအစည်းအဝေး နောက်ဆုံးနေ့တွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင် မေးမြန်းသည့်မေးခွန်းကို ၀န်ကြီးကအထက်ပါ...

အသက် ၂၅ နှစ်အောက် ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ ရငဲအသင်း ဗိုလ်စွဲ

သရက်ချောင်းမြို့နယ် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက် ၂၅ နှစ်အောက် ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲတွင် ရငဲကျေးရွာအသင်းက ဗိုလ်စွဲခဲ့ကြောင်း သရက်ချောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်မှ...