ဖိုးဖိုးကျောက် ကမ်းခြေတွင် ငါးတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး

0
1361

လောင်းလုံးမြို့နယ်အတွင်းရှိ ဖိုးဖိုး ကျောက်ကမ်းခြေတွင် ပဉ္စမတန်းကျောင်း သားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်က သကျက် တောကျေးရွာအုပ်စုမှ (အထက်တန်း ကျောင်း) ကျောင်းသူ/ကျောင်းသား ၇၀ ဦး ခန့်သည် ဆရာမများနှင့်အတူ ရှင်မော် ဘုရားသို့ ဘုရားဖူးသွားခဲ့ကြောင်း တိုင်းရဲ တပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

ဘုရားဖူးပြီးနောက် အပြန်လမ်းတွင် ဖိုးဖိုးကျောက်ကမ်းခြေသို့ ၀င်ရောက်ပြီး ရေကူးကြချိန်ရာ အဆိုပါ ကျောင်းသားမှာ ရေနစ်သွားခဲ့ရာ ရှာဖွေကယ်ဆယ်ပြီး သကျက်တောတိုက်နယ်ဆေးရုံသို့ တင်ပို့ရာ လမ်းခုလတ်တွင် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ ကျောင်းသားရေနစ်သေဆုံးခြင်းနှင့် ပတ်သက်၍ လောင်းလုံးမြို့မရဲ စခန်းတွင် သေမှုသေခင်းအမှုဖွင့်ထား ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

Dawei Watch