ထားဝယ်တွင် ၁၄ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သည် ဆိုသည့် အမှု ပုဒ်မနှစ်ခုဖြင့် တရားစစွဲ

ထားဝယ်မြို့တွင် အသက် ၁၄ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိမ်းကျင့်သည်ဆိုသည့် အမှုကို ဇူလိုင် လ ၁၇ ရက်က ထားဝယ်ခရိုင်တရားရုံး တွင် ရာဇသတ်ကြီးပုဒ်မနှစ်ခုဖြင့် စတင် တရားစွဲဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။ ထားဝယ်မြို့ ၊ အိုးလုပ်ရပ်ကွက်တွင် ဇွန်လ...

ဝန်ကြီးဌာနသစ် ၀န်ကြီးအဖြစ် ပေါင်မြို့နယ်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်ကို ခန့်အပ်

အသစ်ဖွဲ့စည်းထားသည့် မွန်ပြည် နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်ကို ခန့်အပ် တာဝန်ပေးလိုက်သည်။ နိုင်ငံတော်သမ်္မတရုံးက ဇူလိုင်လ ၁၅ ရက်တွင် ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ကမ်းနားဈေး ဈေးရုံ အမိုးမြှင့်ဆောက်ရန် ဆုံးဖြတ်

ထားဝယ်မြို့တွင် လက်ရှိဆောက် လုပ်နေသည့် ကမ်းနားဈေး ဈေးရုံ ခေါင်မိုးကို လျာထားသည့်အမြင့်ထက် ပိုမိုမြှင့်တင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ကမ်းနားဈေး ဈေးရုံ၏ ခေါင်မိုးအမြင့်ကို ယခင်က ၁၅ ပေသတ်မှတ်ထားရာမှ ၁၈ ပေအမြင့်ထိ မြှင့်ပြီးဆောက်ရန်...

တတိယတန်းနှင့် ဆဌမတန်းကို သင်ထောက်ကူပစ္စည်းများ ပေးမည်

တိုင်းအတွင်းရှိ တတိယတန်းနှင့် သင်ရိုးသစ် ဆဌမတန်းများအတွက် သင်ထောက်ကူ ပစ္စည်းများ ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ တတိယတန်းအတွက် သာမိုမီတာ၊ သံလိုက်အိမ်မြှောင်၊ ရောင်စုံခဲတံ၊ စသည့် သင်ထောက်ကူပစ္စည်း ၂၈ မျိုးနှင့် ဆဌမ တန်းအတွက်...

တရားဝင် မှတ်ပုံမတင်ထားသည့် ကျားအင်္ဂါကြီးထွားဆေးများ သုံးစွဲရန် မသင့်ကြောင်း ကြေညာ

ဈေးကွက်အတွင်း ရောင်းချနေသည့် ကျားအင်္ဂါကြီးထွားစေသည် ဆိုသည့် ဆေးများမှာ မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် အတွက် ဘေးအန္တရာယ်ကင်းရှင်းမှု မရှိ ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ လိင်အင်္ဂါကြီးထွားစေသည်ဆိုသည့် နိုင်ငံခြားထုတ် အဆိုပါ လိမ်းဆေး၊ သောက်ဆေးများကို သုံးစွဲပါက...

လောင်းလုံး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကို ဒေသခံတစ်ဦး တိုင်ကြား

လောင်းလုံးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်စန္ဒီကို မြေယာ ကိစ္စတစ်ခုနှင့် ပတ်သက်ပြီး အာဏာရှင် ဆန်ဆန်ပြုမူသည်ဟုဆိုကာ  ပြည်ထောင်စုလွှတ်တော်နာယကထံ ဇူလိုင်လ ၁၅ ရက်က ဒေသခံတစ်ဦးက တိုင်ကြားလိုက်သည်။ လောင်လုံးမြို့နယ် ရေဖြူကျေးရွာ ဇာတိဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန္ဒီကို ယင်းကျေး...

တီလားဗီးယားငါးသားပေါက် ဖောက်လုပ်မှုနှင့် ၀ယ်လိုအား မမျှ

တီလားဗီးယားငါးမွေးမြူသူ တစ် နှစ်ထက်တစ်နှစ် များပြားလာသောကြောင့် ထုတ်လုပ်နိုင်သည့် ငါးသားပေါက်ကောင်ရေနှင့် ၀ယ်လိုအား မမျှဘဲဖြစ်နေကြောင်း ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာ တစ်နိုင်တစ်ပိုင်ငါးသားဖောက်စခန်းတွင် ငါးသားဖောက် လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်လွင်က ပြောသည်။ တီလားဗီးယား ငါးမွေးမြူရေး လုပ်ငန်းကို စိတ်ဝင်စားသူ တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာသည့်အတွက် ငါးသားပေါက် လိုအပ်ချက်လည်း...

လာမည့်ဘဏ္ဍာနှစ် တိုင်းအစိုးရ ဦးစားပေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ထည့်သွင်းသတ်မှတ်

လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် တိုင်းအစိုးရ၏ ဦးစားပေးလုပ်ငန်း များစာရင်းတွင် ခရီးသွားလုပ်ငန်းများဖွံ့ ဖြိုး တိုးတက်ရေးကို ထည့်သွင်းသတ်မှတ် ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရ/သုံး) ထံမှ သိရသည်။ လက်ရှိဘဏ္ဍာနှစ်တွင် တိုင်းအစိုးရ၏ ဦးစားပေးလုပ်ငန်းများစာရင်းတွင် ခရီးသွားလုပ်ငန်းကို ထည့်သွင်းသတ် မှတ်ခဲ့ခြင်း...

နွေစပါးအတွက် ဆောက်ထားသည့် ရေထိန်းတံခါးကြောင့် မိုးစပါးများ ပျက်စီး

ထားဝယ်မြို့နယ် ခမောင်းလှချောင်းတွင် နွေစပါးစိုက်ပျိုးရန်အတွက် ဆောက်လုပ်ထားသော ရေထိန်းတံခါးကြောင့် မိုးစပါးများ နှစ်စဉ်ပျက်စီးနေကြောင်း ဒေသခံလယ်သမား တချို့ထံမှ သိရ သည်။ မိုးသည်းထန်စွာ ရွာသွန်းသည့် အချိန်နှင့် ဒီရေတက်သည့် အချိန်တို့ တိုက်ဆိုင်သည့် အခါ ခမောင်းလှချောင်းတွင် ဆောက်ထားသည့် ရေထိန်းတံခါး အထက်ဘက်ရှိ လယ်များ...

ထားဝယ်ခရိုင်အတွင်း ထွေအုပ်အခွန် ကျပ်သိန်းသုံးထောင်ကျော်ရ

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ခံခွင့်ရှိသည့် အခွန်လေးမျိုးမှ ငွေကျပ်သိန်းပေါင်း သုံးထောင်ကျော် ရရှိထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ် ရေးမှူးရုံးထံမှ သိရသည်။ ထွေ/အုပ်က မြေခွန်၊ ယစ်မျိုးခွန်၊ ဓာတ်သတ္တုခွန်နှင့် တာတမံခွန်များ ကောက်ခံလျက် ရှိသည်။ လက်ရှိဘဏ္ဍာနှစ်...