video

မြိတ်မြို့မှ စွန့်ဦးတီထွင်သူရဲ့ လက်ရာသစ် အုန်းဆံမျှင်အလှပန်းအိုး

မြိတ်မြို့ ဘလောက်စုရပ်ကွက်နေ ဦးသန်းဇော်ဦးက ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေစပြီး အုန်းဆံမျှင်ကနေ အလှပန်းအိုးကို တီထွင်ထုတ်လုပ်နေတာပါ။ ဦးသန်းဇော်ဦးဟာ ၂၀၁၇ တုန်းကလည်း တစ်ခါသုံးထမင်းဘူး၊ တစ်ခါသုံး ပန်းကန်တွေကို ကွမ်းသီးဖတ် (ဒေသအခေါ် ဘုတ်ဖတ်)ကို အသုံးပြုပြီးတော့ ထုတ်လုပ်ခဲ့တာကြောင့်...
video

Dawei Watch TV/ ငါးလေလံဈေး ဖွင့်တဲ့အခါ ဒေသငါးဈေးပါ စီစဉ်မည်

ငါးလေလံပိုင်ဝင်းထဲမှာပဲ သူတို့အတွက်ပေါ့ ဒီဒေသသုံးငါးဈေးဆောက်ပေးသွားဖို့ရှိတယ် MIC ကပါမစ်ရကတည်းက အင်တာနေရှင်နယ် မားကစ်တင်ရတာမဟုတ်ဘူးလေ LOCAL မားကစ် JOINT မားကစ်ပါ ရတာလေ ငါးပိတို့ငါးခြောက်တို့ပါ ပါပြီးသား ဒါတွေကတကယ်တန်းကျတော့ ဒီပလန်ထဲမှာ ပါပြီးသားဖြစ်သလို MIC ရဲ့ခွင့်ပြူမိန့်ထဲမှာလည်း ပါပြီးသားဖြစ်တယ်
video

ပုလောမြို့က မြန်မာ့စီးပွားရေးဘဏ် ပစ်ခတ်ခံရ

တနင်္သာရီတိုင်း ပုလောမြို့က မြန်မာ့စီးပွားရေးဘဏ်ကို ပြည်သူ့ကာကွယ်ရေးတပ် ဝတ်စုံဝတ်ဆင်ထားတဲ့ လူရှစ်ဦးက ဆိုင်ကယ်လေးစီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။ ဒီအကြောင်း တင်ဆက်ထားတာကို ကြည့်ရှု့နားဆင်နိုင်ပါပြီ။
video

သင်္ဘောသားနဲ့ ပင်လယ်ခုနှစ်စင်း

ကိုအောင်းမျိုးက ထားဝယ်မြို့ ပိန္နဲတောနဲ့ ပုံကျွန်းရပ်ကွက်တွေမှာနေခဲ့တာပါ။ ကိုးတန်းအောင်ပြီးတော့မှ ရန်ကုန်ကို ပြောင်းသွားလိုက်ပြီးတော့ အဲဒီမှာပဲ ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး ရေကြောင်းတက္ကသိုလ်ကျောင်းသားဖြစ်လာခဲ့တာပါ။ ရေကြောင်းတက္ကသိုလ်ကျောင်းသားဘဝက ဝါသနာတူသူငယ်ချင်းတွေပေါင်းပြီး ဆိုတီးကြရင်းနဲ့ အခု ၂၀၂၀ ပြည့်နှစ်ထဲရောက်တော့မှ သူ့ရဲ့ပထမဆုံး ပင်လယ်ခုနှစ်စင်းကို အခွေအဖြင့်နဲ့...
video

ထားဝယ်ကို အောက်မေ့သတိရခြင်း

အော့မေ့ဖွယ် ထားဝယ်(We Miss Dawei)ပွဲတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ (နိုဝင်ဘာ ၂၈) ကျင်းပခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းဂယက်ကြား ရပ်ရွာကို မပြန်နိုင်တဲ့ အခြေအနေမှာ အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့တာပါ။
video

Dawei Watch TV/ ဒေါက်တာလဲ့လဲ့မော်ရဲ့ အရင် ကိုယ်ရေးအရာရှိက ဘယ်သူပါလဲ

ဒေါက်တာလဲ့လဲ့မော် ၀န်ကြီးချုပ် အဖြစ် တာဝန်ယူစဉ်က ကိုယ်ရေး အရာရှိက ဘယ်သူပါလဲ။ ဦးဇော်လင်းအောင်ဟာ သူ့ကိုယ်ရေး အရာရှိပါလို့ ဒေါက်တာလဲ့လဲ့မော်က ဆိုပါတယ်။ ဒါပေမဲ့ ဦးဇော်လင်းအောင်ရဲ့ တရားရုံး ထွက်ဆိုချက်မှာတော့ သူ့ကို နောက်မှ ခန့်တာပါတဲ့။
video

ပုလောမြို့နယ်က နေအိမ်တွေ မီးရှို့ခံရ

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်အကြား စစ်‌ရေးပြင်းထန်နေပါတယ်။ တိုက်ပွဲတွေနဲ့အတူ ဒေသခံတွေရဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတာပါ။ ပုလောမြို့နယ်ထဲက နေအိမ် ၇၀ လောက် မီးရှို့ခံရပြီး နေအိမ်အချို့ ဖျက်ဆီးခံရတဲ့အကြောင်း တင်ဆက်လိုက်ပါတယ်။
video

မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံမီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမကြီးရှိ Grand Royal အရက်ချက်စက်ရုံမှာ ယနေ့ညနေ ၃ နာရီ မိနစ် ၃၀ ခန့်မှစတင်ကာ မီးလောင်မှုဖြစ်ပွားနေပြီး ည ၈ နာရီကျော်သည်အထိ လောင်ကျွမ်းနေဆဲဖြစ်သည်။ ရုပ်သံ...

ဆန္ဒပြသူတွေကိုတရုတ်အာဏာပိုင်တွေ ဘယ်လိုခြေရာခံပြီး ဖိနှိပ်နေသလဲ

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ဖမ်းဆီးနိုင်ဖို့ တရုတ်အာဏာပိုင်တွေက ဘယ်လိုနည်းပညာတွေ သုံးထားသလဲဆိုတာ နားဆင်နိုင်ပါပြီ။ ဒီအကြောင်းကို The New York Times ကဆောင်းပါးရေးသားဖော်ပြခဲ့ပြီး Connect Burma က...
video

စတေကာ မကပ်ပါက အရေးယူမည်ဆိုသည်မှာ ကောလာဟလဟု မီးသတ်တပ်ဖွဲ့ကြေညာ

ဆိုင်ကယ်ပေါ်တွင် ၁၉၁ နံပါတ်စတေကာ မကပ်ပါက ဒဏ်ရိုက်မည်ဆိုသည်မှာ ကောလာဟလ သတင်းသာဖြစ်ပြီး အရေးယူမည်မဟုတ်ကြောင်း တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးက ယနေ့နံနက်မှစတင်ကာ အသံချဲ့စက်ဖြင့်အော်၍ ကြေညာနေရသည်။ ဆိုင်ကယ်ပေါ်တွင် ၁၉၁ နံပါတ် မတပ်ဆင်ပါက ဒဏ်ငွေအရိုက်ခံရမည်ဆိုသည့် ကောလာဟလသတင်းကြောင့်...