video

လယ်ယာနှင့် ဥယျာဉ်ခြံမြေများတွင် ဆားကြမ်းစမ်းသပ်အသုံးပြုသူများလာ

ဓာတ်မြေဩဇာစျေးတက်လာ၍ဆိုကာ ထားဝယ်ခရိုင်တွင် လယ်မြေများ၊ ကွမ်းသီးခြံ၊ သီဟိုဋ်ခြံများတွင် ဆားကြမ်းကို အသုံးပြုမှုများရှိလာနေသည်။ စိုက်ပျိုးရေးပညာရှင်ကမူ အချဉ်ဓာတ်အငန်ဓာတ် တိုင်းပြီးမှသာ ထည့်သင့်ပြီး သူများထည့်တိုင်းလိုက်ထည့်ပါက ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်နိုင်ဟု အကြံပြုထားသည်။
video

အိမ်လွမ်းဝေဒနာ၊ ပြီးတော့ မိုင်ပေါင်း ၅၀၀

ယခုအက်ဆေးလေးမှာ ၂၀၁၉ ဒီဇင်ဘာလ ၁၁ ရက်နေ့က Dawei Watch မီဒီယာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တနင်္သာရီရိုးမထဲတွင် တည်ရှိနေသည့် ရွာတစ်ရွာ၏ ခရစ္စမတ် ပျော်ပွဲရွှင်ပွဲလေးကို အခြေတည်ကာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ယခုတော့ အာဏာသိမ်းဖြစ်စဉ် နောက်ဆက်တွဲဂယက်ကြောင့်...
video

ဒေါက်တာလဲ့လဲ့မော်အမှု လိုပြသက်သေ နှစ်ဦးသာ စစ်ရန်ကျန်ပြီ

ဒေါက်တာလဲ့လဲ့မော်အမှု လိုပြသက်သေ နှစ်ဦးသာ စစ်ရန်ကျန်ပြီ သတင်း - ကိုဇော် ရိုက်ကူး - ကိုဇော်၊ဝေယံစိုး Dawei Watch
video

Dawei Watch TV/ဒေါက်တာလဲ့လဲ့မော် အမှုလေးခုစလုံးအတွက် စွဲချက်တင်ခံရ

လွှတ်ပေးမယ်လို့ အသံအချို့ ထွက်နေပေမဲ့ ဒေါက်တာလဲ့လဲ့မော်ကို စွဲချက်တင်လိုက်ပါပြီ။ အမြင့်ဆုံး တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ရန္ အမှုလေးမှု စလုံးနဲ့ စွဲချက်တင်လိုက်တာဖြစ်ပါတယ်။ Dawei Watch Tv
video

မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်နေတာ ရပ်ဖို့လိုပြီ

တောရိုင်းတိရစ္ဆာန်တွေကို လွယ်လွယ်ကူကူရောင်းဝယ်နေမှုတွေ မတားဆီးနိုင်ရင် မြန်မာ့တောတောင်၊ ရေမြေ၊ ကောင်းကင်မှာ တောရိုင်းတိရစ္ဆာန်တွေ ကင်းမဲ့လာမယ်။ လူနဲ့တိရစ္ဆာန်အကြား ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ဖြစ်လာနိုင်မယ်။ ဒါကြောင့် တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်နေတာ ရပ်ဖို့လိုနေပါပြီ။
video

လှေလုပ်သားတချို့ ဒဏ်ရာတဲ့ မြိတ်က ငါးဖမ်းလှေမီးလောင်မှု

မြိတ်မြို့ဆိပ်ကမ်းအနီး ပင်လယ်ပြင်မှာ ငါးဖမ်းလှေတစ်စီး ဒီကနေ့ နေ့လယ် ၁၂နာရီလောက်က မီးလောင်ခဲ့လို့ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ခဲ့ရပြီး မီးလောင်ဒဏ်ရာရသွားတဲ့ လှေလုပ်သားတွေကို ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။
video

ဝကုန်းရွာကအိမ်တွေ မီးရှို့ခံရ

ထားဝယ်မြို့နယ်၊ ဝကုန်းရွာမှာ ဒီနေ့မနက်က နေအိမ်တွေမီးရှို့ခံနေရပါတယ်။ ဒီနေ့ညနေ ၃ နာရီအထိ ရရှိတဲ့စာရင်းအရ နေအိမ် ၁၅ လုံးမီးလောင်သွားပါတယ်။
video

ပိတ်လှောင်ခံထားရတဲ့ မြန်မာ ၇ ဦး ဘယ်လိုကယ်တင်ခဲ့ရလဲ

မြန်မာနိုင်ငံသား ၇ ဦးကို ဘန်ကောက်က အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ထားခဲ့တဲ့ ဖြစ်စဉ်ကို သိရှိခဲ့ပြီးနောက်မှာတော့ ကယ်တင်ဖို့အတွက် ကြိုးစားခဲ့ကြပါတယ်။ ပိတ်လှောင်ထားတဲ့ မြန်မာ ၇ ဦးကို ကယ်တင်နိုင်ဖို့ ဘယ်လိုတွေလုပ်ဆောင်ခဲ့ရလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။
video

ဟင်းချိုတောရွာမှာ ဘာတွေဖြစ်ခဲ့တာလဲ

ဟင်းချိုတောကျေးရွာမှာ ဒီနေ့မနက်အစောပိုင်းက လက်နက်ကိုင် လူတစ်စုဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့တာ၊ သေနတ်နဲ့ပစ်ခတ်တာ၊ ဒေသခံတွေကို စစ်ဆေးတာတွေ လုပ်ခဲ့ကြပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်ကို လုပ်ခဲ့တဲ့သူတွေက လက်မောင်းမှာ အဖြူရောင်လက်ပတ်တွေ ပတ်ထားခဲ့ပါတယ်။ ဒေသခံတွေကတော့...
video

ကိုယ့်ကိုယ်ကိုသတ်သေတာတွေ ဆက်တိုက်ဖြစ်နေတာ ဘာကြောင့်ပါလဲ..

အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကိုသတ်သေတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။ တနင်္သာရီတိုင်းထဲမှာလည်း ဒီလိုသတ်သေတဲ့ ဖြစ်စဉ်တွေ ပိုများလာနေပါပြီ။ ကိုယ့်ကိုယ်ကိုသတ်သေသူတွေထဲမှာ အသက်ငယ်ရွယ်သူတွေပါသလိုပဲ အသက်ကြီးသူတွေလည်း ပါဝင်နေပါတယ်။ လူတွေဘာကြောင့် ဒီလိုမျိုး သတ်သေဖို့အထိ ဖြစ်လာရတာလဲ။ ဘယ်လိုအကြောင်းအရင်းတွေက တွန်းပို့နေတာလဲ။