video

အလွန်ရှေးကျတဲ့ သာဂရမြို့ဟောင်း

သာဂရမြို့ဟောင်းရဲ့ သက်တမ်းက အေဒီ ၈ ရာစုထက်စောနိုင်တဲ့ အထောက်အထားတွေ အများကြီးရှိနေပါတယ်။ သာဂရမြို့ဟောင်းနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
video

ထောင့်ကွယ် မြို့ဟောင်း

‘ပုဂံက နရပတိစည်သူမင်းဟာ တနင်္သာရီကို တိုက်ခိုက်ပြီးအပြန် ထားဝယ်ကျွန်းဆွယ် အနောက်ဘက် ပင်လယ်ကမ်းခြေမှာ ခေတ္တဝင်နေပြီး ထောင့်ကွယ် ဆိုတဲ့မြို့ကို တည်ခဲ့တယ်။ ဒီထောင့်ကွယ် ကနေ ထားဝယ်ဖြစ်တယ်’ လို့ဆိုထားပါတယ်။ဒီအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ထောင့်ကွယ် မြို့ဟောင်းအကြောင်း တင်ဆက်လိုက်ပါတယ်။
video

မြိတ်မြို့က အလွမ်းရောင်သက် ဇေတဝန်

မြိတ်မြို့နားမှာရှိပြီး ရေလမ်း၊ ကုန်းလမ်းတို့နဲ့ သွားရောက်ဖူးမြှော်လေ့လာနိုင်တဲ့ သမိုင်းဝင် ‘ဇေတဝန်စေတီ’ နဲ့ ‘ဇေတဝန်တောင်’ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ လှပတဲ့ ရှုမျှော်ခင်းတွေကို ခံစားကြည့်ရှုရင်း ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူကိုလည်း လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။
video

ထားဝယ်သူ ဆင်ဖြူမလေးနဲ့ ဆင်ဖြူမရှင် မိဘုရားကြီး

ရတနာပုံခေတ်မှာ မင်းတုန်းမင်းတရားကြီးထံကို ထားဝယ်နယ်ကနေ ဆင်ဖြူတော်တစ်စင်း ဆက်သဖူးပါတယ်။ ဒီထားဝယ်နယ်က ရတနာဆင်ဖြူတော်မလေးနဲ့ ဆင်ဖြူမရှင် မိဘုရားကြီးတို့ အကြောင်းကို သမိုင်းရှုထောင့်ကနေ စိတ်ဝင်စားဖွယ်တင်ပြလိုက်ပါတယ်။ တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ သမိုင်းတွေ၊ ဓလေ့တွေကို ပုံမှန်ဖော်ပြနေတဲ့ Dawei Watch...
video

လောင်းလုံးမြို့နယ်ထဲက သာဂရမြို့ဟောင်း

ဆရာကြီးဒေါက်တာသန်းထွန်းက ထားဝယ်(သာဂရ)မြို့ရိုးတွေကို လေ့လာကြည့်ရင် အခြားမြို့တွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ သာဂရမြို့ဟောင်းရဲ့ အပြင်မြို့ရိုးတွေက အတွင်းမြို့ရိုးထက်ပိုရှေးကျတယ် လိုဆိုပါတယ်။ စိတ်ဝင်စားဖွယ် အချက်အလက်များစွာကို ဖော်ထုတ်တင်ပြထားတဲ့ သာဂရမြို့ဟောင်း အကြောင်းကို တင်ဆက်လိုက်ပါတယ်။
video

၃ ကြိမ်တည်ထောင်ခဲ့တဲ့ သာဂရမြို့ဟောင်း

ဥသြစည်ဆိုတဲ့အတွက် သက္ကရာဇ် ၁၁၃ ခုနှစ် (ခရစ်နှစ်အရ ၇၅၁) မှာ ပထမအကြိမ်တည်ခဲ့တာပါ။ ဒါကြောင့် ပုဂံထက်စောတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုသမိုင်းဝင် သာဂရမြို့ဟောင်းအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။
video

မန္တလေးမြို့တော်က ထားဝယ်ဓမ္မာရုံ

ထားဝယ်ဒေသကလူတွေ မရှိသလောက်ရှားပါးတဲ့ မန္တလေးမြို့တော်ကြီးမှာ ထားဝယ်ဓမ္မာရုံကြီး တစ်ခုရှိနေပါတယ်။ မန္တလေးမြို့ နန်းမြို့တော်ကြီးနဲ့ နီးနီးကပ်ကပ်နေရာမှာ ထားဝယ်ဓမ္မာရုံ ဘာကြောင့် တည်ရှိနေတာပါလဲ။ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်မှာ ဒီအကြောင်းအရာကို ဖော်ပြထားပါတယ်။
video

ထားဝယ်ဒေသရှိ ဂဝံယဉ်ကျေးမှု

ဂဝံရုပ်ထုတွေ၊ ဂဝံကျောက်ထီးတွေ၊ ဂဝံဆင်းတုတော်တွေ စသဖြင့် တွေ့ရှိရတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ဂဝံယဉ်ကျေးမှုအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။ Dawei Watch မီဒီယာရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တနင်္သာရီတိုင်းက သမိုင်းဝင်အကြောင်းအရာတွေနဲ့ ဓလေ့တွေအကြောင်းကို...
video

အတိတ်က ရွာဦးကျောင်း

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကျော် အတိတ်မှာကား ဤသို့မဟုတ်။ ရွာဦးကျောင်းသည် ရွာကလေး၏ အသည်းနှလုံးဖြစ်ခဲ့သည်။ နွေလကာလများသို့ရောက်လျှင် စာသင်ကျောင်းများ ပိတ်ကြရာ ကျွန်တော်သည် ဘုန်းကြီးကျောင်း၌ ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ဖွယ်များသင်ယူခြင်း၊ ဆရာတော်နှင့်တကွ သံဃာတော်များ၏ ဝတ်ဖြည့်ခြင်းဖြင့် အချိန်ကုန်လေ့ရှိသည်။
video

ဘီအိုင်အေ ကော့သောင်း ရောက်စဉ်က

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဝင် တပ်မှူးတွေ ယိုးဒယားကနေ မြန်မာနိုင်ငံကို ဖာပွန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်စတဲ့ စစ်ကြောင်းကြီး ၄ ကြောင်းခွဲပြီး ဝင်ရောက်ခဲ့ကြပါတယ်။ ဘီအိုင်အေ အဖွဲ့ကော့သောင်း ရောက်စဉ်က အခြေအနေတွေကို သမိုင်းမှတ်တမ်းအဖြစ်...