မိုးကြောင့် ဆားလုပ်ငန်းများ ရပ်ထားရပြန်ပြီဟုဆို

အားကောင်းသည့် မုန်တိုင်းငယ်ကြောင့် မိုးရွာနေသဖြင့် တနင်္သာရီတိုင်းတွင် ဆားထုတ်လုပ်မှု ရပ်နားထားရ ပြန်ပြီဖြစ်ကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ဖေဖော်ဝါရီလတွင်လည်း ရာသီဖျက်မိုးရွာသွန်းမှုကြောင့် ဆားအထွက်လျော့ခဲ့ပြီး လက်ရှိတွင်လည်း မုန်တိုင်းကြောင့် မိုးရွာသွန်းသဖြင့် လုပ်ငန်းများ ထပ်မံရပ်နားထားရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။