ထားဝယ်အမျိုးသားနေ့အား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပမည်

0
183
ထားဝယ်လူမျိုးစုစည်းမှုကော်မတီ

လာမည့် နတ်တော်လဆန်း ၁ ရက်(ဒီဇင်ဘာလ ၁၅ ရက်) နေ့တွင်ကျရောက်မည့် ထားဝယ်အမျိုးသားနေ့အား ထားဝယ်လူမျိုးများနေထိုင်ရာဒေသအလိုက် ဖြန့်ကျက်ပြီး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၁ နာရီတွင် ထားဝယ်မြို့၊ ပျော်ဘွယ်ကျောင်းဓမ္မာရုံ၌ ပြုလုပ်သော ထားဝယ်လူမျိုးစုစည်းမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။

ထားဝယ်အမျိုးသားနေ့ကို ၂၀၁၇ ခုနှစ်မှ စတင်ကျင်းပခြင်းဖြစ်ပြီး ယခင်နှစ်များက ထားဝယ်အမျိုးသားယဉ်ကျေးမှုပြတိုက်တွင် နယ်အသီးသီးမှ လူအများ လာရောက်စုစည်းကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် သုံးကြိမ်မြောက်ဖြစ်သော ထားဝယ်အမျိုးသားနေ့အခမ်းအနားကို ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကျန်းမာရေးနှင့်အားကစားဝန်းကြီးဌာန၏ ထုတ်ပြန်ချက်ပါ လူဦးရေကန့်သတ်ချက်များနှင့်အညီ မြို့နယ်အသီးသီးရှိ ကျေးရွာအုပ်စုများအလိုက် အချိန်သတ်မှတ်ပြီး အလံတင်ခြင်းကို တပြိုင်နက် ပြုလုပ်အလေးပြုကြမည်ဖြစ်ကြောင်းသိရသည်။