ဓာတ်ခွဲနမူနာယူထားသူတစ်ဦး အဖြေမသိရသေးခင် ကွာရန်တင်းစခန်းမှထွက်ပြေး

0
2814

ကွာရန်တင်းဝင်နေသူတစ်ဦး ကိုဗစ်ဓာတ်ခွဲမူနာယူထားပြီး အဖြေမသိရသေးခင် ဒီနေ့(စက်တင်ဘာ ၁၇) နံနက်ပိုင်းက ထွက်ပြေးသွားခဲ့ကြောင်း ယင်းစောင့်ကြည့်ရေးစခန်း တာဝန်ခံ ဦးသန့်လွင်က ပြောသည်။

ယင်းအမျိုးသားသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး လောင်းလုံးမြို့၊ မိုးကုတ်ရိပ်သာတွင် ကွာရန်တင်းဝင်နေသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်သည်။စက်တင်ဘာလ ၁၆ ရက်က ၎င်းအမျိုးသားအား ဓာတ်ခွဲနမူနာယူကာ စစ်ဆေးခဲ့ပြီး အဖြေမထွက်ရှိသေးမီ ထွက်ပြေးသွားခြင်းဖြစ်သည်။

“မနက် ၈ နာရီလောက်မှာ ပျောက်ထွက်သွားတယ်။ အခုမွန်းတည့်မှ ထွက်ပြေးသွားပြီဆိုတာကို သိရတာပေါ့” ဟု ဦးသန့်လွင်က စက်တင်ဘာလ ၁၇ ရက် နေ့လယ် ၁ နာရီကျော်တွင် တနင်္သာရီအပတ်စဉ်အား ပြောကြားသည်။

ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင်

ယင်းအမျိုးသားသည် ရေဖြူမြို့နယ်၊ တလိုင်းယားကျေးရွာရှိ ရာဘာခြံတစ်ခုထဲသို့ရောက်ရှိသွားပြီး ယင်းမှတစ်ဆင့် ဆိုင်ကယ်မောင်းထွက်သွားကြောင်း ထွက်ပြေးသွားသူ၏ အစ်ကိုက ဦးသန့်လွင်သို့ စက်တင်ဘာလ ၁၇ ရက်မှာပင် ဆက်သွယ်ပြောကြားလာခဲ့သည်။ ထွက်ပြေးသွားသူမှာ လောင်းလုံးမြို့နယ်၊ ကုန်ဇရပ်ကျေးရွာသားတစ်ဦးဖြစ်ပြီး လူငယ်ပိုင်းအရွယ်ဖြစ်သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး လိုက်လံရှာဖွေနေကြောင်း ဦးသန့်လွင်က ပြောသည်။ ယင်းအပြင် ဦးသန့်လွင်၏ Facebook စာမျက်နှာတွင်လည်း ထွက်ပြေးသွားသူ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်ကို တင်ထားပေးပြီး တွေ့ရှိသူများအနေနှင့် အကြောင်းကြားပေးရန် ရေးသားထားသည်။

ဓာတ်ပုံ- ဦးသန့် Facebook