ကော့သောင်းမြို့နယ် ကမ်းလွန် ပင်လယ်အတွင်းရှိ လှိုဏ်ဂူကျွန်းပေါ်တွင် ဘန်ဂလို အလုံးရေနှစ်ဆယ်တည် ဆောက်ရန် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို ခွင့်ပြုထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
အဆိုပါကျွန်းပေါ်တွင် ဟိုတယ် (ဘန်ဂလို)တည်ဆောက်ခွင့်ကို KMOT ကုမ္ပဏီအား ၂၀၁၉ ခုနှစ် နှောင်းပိုင်းက ပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွား ကော်မတီ အစည်းအဝေးတွင် ခွင့်ပြု လိုက်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ဟိုတယ်/ခရီးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းသိန်းက ဆိုသည်။
“သတ်မှတ်ချက်တွေနဲ့ ကိုက်ညီ မယ်ဆိုလို့ရှိရင် သူ့အနေနဲ့ ဒေသဆိုင်ရာ ခရီးသွားကော်မတီမှာ လုပ်ငန်းလိုင်စင် ရယူရမယ်” ဟု ဦးဝင်းသိန်းက ဆိုသည်။
ဟိုတယ်တည်ဆောက်ပြီးပါက ဧည့်သည်လက်ခံရန် ဟိုတယ်လိုင်စင်ထပ်မံလျှောက်ထားရမည် ဖြစ်သည်။
လှိုဏ်ဂူကျွန်းပေါ်ရှိ မြေအကျယ် အဝန်း ၁၅၈ ဧကကို အစိုးရနှင့် ြဥွှ စနစ်ဖြင့် ၂၀၁၆ ခုနှစ် မတ်လက မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုထားကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။
ဟိုတယ်လုပ်ငန်းလုပ်ခွင့် ရထား သည့် KMOT ကုမ္ပဏီမှာ ထိုင်း-မြန်မာ ဖက်စပ်ကုမ္ပဏီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ်သန်းပေါင်းနှစ်သောင်း ခွဲရှိကြောင်း အထက်ပါဌာနထံမှ သိရ သည်။
တနင်္သာရီတိုင်း ပင်လယ်အတွင်းရှိ ကျွန်းများအနက် ခရီးသွားလုပ်ငန်း လုပ်ရန် ကျွန်း ၁၃ ကျွန်းကို ကုမ္ပဏီ ၁၀ ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားကြောင်း တိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှု ဦးစီးဌာနထံမှ သိရသည်။
အထက်ပါကုမ္ပဏီများအနက် ဟိုတယ်လုပ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားသည့် ကုမ္ပဏီ ၁ ခု၊ ယာယီလိုင်စင်ရ ထားသည့် ကုမ္ပဏီ ၃ ခု၊ ဟိုတယ် တည် ဆောက်ခွင့်ပြုထားသည့် ကုမ္ပဏီ ၃ ခု၊ တည်ဆောက်ခွင့်လျှောက်ထားဆဲ ကုမ္ပဏီ ၂ ခုနှင့် လျှောက်ရန် ပြင်ဆင် နေဆဲ ကုမ္ပဏီ ၁ ခုရှိကြောင်း အထက်ပါ ရုံးထံမှ သိရသည်။
ကိုဇော်