သရက်ချောင်းတွင် တူမီးသေနတ် အလက်ငါးဆယ်ကျော် လာအပ်

0
1223

သရက်ချောင်းမြို့နယ်တွင် တူမီး သေနတ်အလက် ၅၀ ကျော်ကို မတ်လ ၄ ရက်နေ့က လာရောက်အပ်နှံကြကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

သဲချောင်းကြီးကျေးရွာအုပ်စုရှိ ကျေးရွာများမှ အသုံးပြု၍ရသည့် တူမီး သေနတ် ၄၈ လက်နှင့် အသုံးပြုမရသည့် တူမီးသေနတ် ၈ လက်တို့ကို အပ်နှံခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

တူမီးသေနတ်ကိုင်ဆောင်ခွင့် လုံးဝ မရှိသည့်အတွက် သက်ဆိုင်ရာရဲစခန်း များတွင် သွားရောက်အပ်နှံရေးအတွက် ကျေးရွာများတွင် ဟောပြောစည်းရုံးရန် ယခင်ကတည်းက ညွှန်ကြားထား ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးစိန်ဝင်းက ဆိုသည်။

“သူတို့ကိုယ်တိုင်လာအပ်ရင် အရေးမယူဘူး၊ ရှာဖွေတွေ့ရှိရင်တော့ လက်နက်ပုဒ်မနဲ့ အရေးယူတယ်”ဟု ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။

လက်ရှိအပ်နှံခဲ့သည့် တူမီးသေနတ် များမှာ သဲချောင်းကြီးရွာ၊ ၀င်းကဖော်ရွာ၊ ဗျတ်ဝိသားရွာနှင့် ကျွဲခြံရွာတို့မှ လာ ရောက်အပ်နှံခဲ့ကြခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်များကလည်း တနင်္သာရီတိုင်းအတွင်း တူမီးသေနတ် အလက်ရေ ထောင်ချီအပ်နှံခဲ့ကြသော်လည်း အချို့ဒေသများတွင် ကိုင်ဆောင် အသုံးပြုနေဆဲ ဖြစ်သည်။

Dawei Watch