လောင်းလုံးမြို့နယ်အတွင်း န၀မတန်းတက်ရောက်ပြီးသည့် ကျောင်းသား ပျမ်းမျှ ၃၀ ရာခိုင်နှုန်းခန့်မှာ တက္ကသိုလ်ဝင်တန်းတက်ရောက်ရန် ဘော်ဒါဆောင်များ၊ ပုဂ္ဂလိကကျောင်း များသို့ ပြောင်းရွှေ့သွားကြသည်။
၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ လေးနှစ်တာကာလ အတွင်း လောင်းလုံးမြို့နယ်ရှိ န၀မတန်း ကျောင်းသားနှင့် ဒသမတန်းကျောင်းသား စာရင်းကို နှိုင်းယှဉ်ချက်အရ န၀မတန်း တက်ရောက်သူ၏ ပျမ်းမျှ ၇၀ ရာ နှုန်းခန့် သာ လောင်းလုံးမြို့နယ် အထက်တန်း ကျောင်းများတွင် တက်ရာက်ကြသည်။
လျော့နည်းသွားသူများတွင် န၀မတန်းစာမေးပွဲ မအောင်မြင်သူမှာ အနည်းငယ်သာရှိပြီး အများစုမှာ ထားဝယ်မြို့ပေါ်ရှိ ဘော်ဒါဆောင်များ၊ ကိုယ်ပိုင်ကျောင်းများကို ပြောင်းရွှေ့သွား သူများဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးတင်ထွန်းက ပြောသည်။
“ကျောင်းသားတွေမှာ ငါအောင်ကို အောင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိရင် ဘယ်မှာနေနေ အောင်မှာပါပဲ”ဟု ဦးတင်ထွန်းက ဆိုသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နှစ်ချင်းပေါက် အောင်မြင်စေလိုသည့် ရည်ရွယ်ချက်ကြောင့် ဘော်ဒါဆောင် တွင် သွားရောက်အပ်နှံထားခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် စွန်တောင်ပေါ် ကျေးရွာမှ တက္ကသိုလ်ဝင်တန်း ကျောင်းသူ တစ်ဦး၏မိခင် ဒေါ်တင်မေက ပြောသည်။
“တစ်နှစ်ဆိုတစ်နှစ်ပဲ ဖြစ်ချင် တယ်။ နောက်နှစ်ဆိုတာ မဖြစ်ချင်ဘူး။ ပိုက်ဆံရှိလို့ မဟုတ်ဘူး”ဟု ဒေါ်တင်မေ က ဆိုသည်။
လောင်းလုံးမြို့နယ်တွင် ယခုပညာ သင်နှစ်တွင် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) ၉ ကျောင်း အပါအဝင် အထက်တန်းကျောင်း ၁၅ ကျောင်းရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်း အရ သိရသည်။