ဆန်၊ ကြက်သွန် ဈေးအနည်းငယ်ကျလာသည့် ထားဝယ်ဈေးကွက်

0
798

ထားဝယ်ဈေးကွက်တွင် အတက်ကြမ်းသည့် ဆန်ချော ဈေးကျလာသလို ကြက်သွန်နီ၊ ကြက်သွန်ဖြူမှာလည်း ဈေးကျလာသည်။

ရွှေဘိုပေါ်ဆန်း အိတ်ကြီးတစ်အိတ်လျှင် ယခင်ပတ်က ၂၁၃,၅၀၀ ကျပ်စျေးရှိရာမှ ယနေ့ ၂၀၈,၅၀၀ကျပ်သို့ ဈေးကျလာသည်။

ဆန်ချောတစ်အိတ်လျှင် တစ်ပတ်အတွင်း ၅၀၀၀ ကျပ် ဈေးကျလာခြင်းဖြစ်သည်။

သို့သော် ဆန်ကြမ်းဈေးမှာ ယခင်အပတ်က ဈေးနှုန်းအတိုင်း တစ်အိတ်လျှင် ၁၀၂,၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။

ယင်းအပြင် ကြက်သွန်နီတစ်ပိဿာ ၅၀၀၀ကျပ်မှ ၄၀၀၀ကျပ်သို့ ဈေးကျလာသလို ကြက်သွန်ဖြူ တစ်ပိဿာ ဈေးနှုန်းများမှာလည်း ယခင်အပတ်ကထက် ၂၀၀ကျပ်မှ ၃၀၀ကျပ်အထိ ဈေးကျလာသည်ကိုတွေ့ရသည်။

ငရုတ်ပုခြောက်ဈေးမှာလည်း ယခင်အပတ်က တစ်ပိဿာ ၁၉၀၀၀ ကျပ်မှ ယနေ့ ၁၅၅၀၀ကျပ်သာ စျေးရှိတော့သည်။

တစ်ပတ်အတွင်း ငရုတ်ပုခြောက် တစ်ပိဿာ ၃၅၀၀ကျပ်အထိ ဈေးကျသွားခြင်းဖြစ်သည်။