မျောက်မျက်နှာ ဒရာကူလာ သစ်ခွပန်းတွေ ပွင့်လန်းရာမြေ

0
1058

ဒီတစ်ပတ်ရဲ့ထူးထွေဆန်းပြား အစီအစဉ်မှာတော့ မျောက်မျက်နှာ ဒရာကူလာ သစ်ခွပန်းတွေအကြောင်းကို တင်ဆက်ပေးသွားပါမယ်။

ဒီသစ်ခွပန်းတွေရဲ့ထူးခြားချက်က ပန်းပွင့်ဟာ မျောက်တစ်ကောင်ရဲ့မျက်နှာနဲ့ လုံးဝကို ဆင်တူနေတာပါပဲ။

ဒါကြောင့်လည်း ဒီသစ်ခွပန်းတွေကို ဒရာကူလာ ဆီမီနာ(သို့မဟုတ်)မျောက်သစ်ခွ(သို့မဟုတ်)မျောက်နဲ့တူတဲ့ ဒရာကူလာသစ်ခွလို့ ခေါ်ကြတာပါ။

ဒီသစ်ခွတွေဟာ အချိန်မရွေး ရာသီမရွေး ပွင့်လန်းတတ်ပြီး ပွင့်ပြီဆိုရင်လည်း အရေအတွက်များများနဲ့ ဝေဝေဆာဆာ ပွင့်တတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

အစောပိုင်းတုန်းက ဒီသစ်ခွတွေကို မတ်စ်ဒီဗာလီယာ မျိုးရင်းအုပ်စုထဲဆီ ထည့်သွင်းထားပြီး နောက်ပိုင်းမှာတော့ ဒရတ်ကူလာမျိုးရင်းအုပ်စုထဲဆီ ပြောင်းလဲထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။

ထူးခြားလှတဲ့ မျောက်မျက်နှာ ဒရာကူလာ သစ်ခွပန်းတွေရဲ့အကြောင်းကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။