မြိတ်တွင် အခြေခံစားကုန်များ နှစ်ပတ်ဆက်တိုက် ဈေးငြိမ်

0
930

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းတို့သည် နှစ်ပတ်ဆက်တိုက် ငြိမ်နေသည်။

ပြီးခဲ့သည် စက်တင်ဘာလ နောက်ဆုံးအပတ်နှင့် ယခု အောက်တိုဘာလ ပထမအပတ်တို့၏ အခြေခံစားသောက်ကုန်အများစု၏ ဈေးနှုန်းများ တည်ငြိမ်နေခြင်းဖြစ်သည်။

ငရုတ်သီးနှင့် ရေထွက်ကုန်အချို့မှာမူ ဈေးအနည်းငယ်ကျသည်။

ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာဈေးသည် ယခင်က ၁၉၀၀၀ ကျပ်ဈေးရှိရာမှ ယခုအပတ်တွင် ၂၀၀၀ ကျပ် ကျဆင်းသဖြင့် ၁၇၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။

ရေထွက်သားငါးအချို့မှာ ကျပ်ငါးရာမှ တစ်ထောင်ကျပ်အထိ ဈေးကျဆင်းခဲ့သည်။

သားငါးဈေးကွက်တွင် စစ်ကောင်စီက ဝက်သားတစ်ပိဿာအား ကျပ် ၁၅၀၀၀ ဖြင့်သာ ရောင်းချရန် သတ်မှတ်ထားသော်လည်း မြေပြင်တွင် ပေါက်ဈေးဖြစ်သည့် ၁၉၀၀၀ ကျပ်ဖြင့်သာ ရောင်းချနေကြသည်။

ကျန်စားသောက်ကုန်စည်ဈေးနှုန်းများ အပြောင်းအလဲ သိပ်မရှိခဲ့ပေ။