စစ်ကောင်စီ ဖမ်းထားသည့် ခမောင်းချောင်းဒေသခံ သားအဖ အလောင်းသာပြန်တွေ့

0
1802

စစ်ကောင်စီက ဖမ်းဆီးသွားသည့် ရေဖြူမြိုနယ် ခမောင်းချောင်းရွာက သားအဖ နှစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိရသည်ဟု ဒေသခံများထံမှသိရသည်။

စစ်ကြောင်းပြန်ထွက်သွားပြီးနောက် အောက်တိုဘာ ၄ ရက်နေ့တွင် ဦးသန်း၏ရုပ်အလောင်းကို ခမောင်းချောင်းရွာအနီး တောင်ကြောတွင်တွေ့ရပြီး၊ ၎င်း၏သားဖြစ်သူ ကိုသားငယ်၏ ရုပ်အလောင်းကို စီးနှင်းခံရသည့် PDF စခန်းတစ်ခုအနီးတွင် အောက်တိုဘာလ ၅ ရက်နေ့က ပြန်တွေ့ရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

” သားဖနှစ်ယောက် အလောင်းတွေက တစ်နေရာစီမှာ တွေ့ရတယ် “ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းသည် ထားဝယ်အထူးပွားရေးဇုန်‌ဒေသဖြစ်သည့် ခမောင်းချောင်း ရွာကို ဝင်ရောက်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဒေသခံ ၁၀ ဦးကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ၁ဝ ဦးမှာ ခမောင်းချောင်းရွာအနီး ဥယျာဉ်ခြံတစ်တစ်ခုတွင် စစ်ဘေးရှောင်ရင်း ဦးသန်းတို့သားအဖနှစ်ဦးနှင့်အတူ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ယင်းနောက် စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာ ၃ ရက်နေ့အတွင်း ဦးသန်း၏ဇနီးဖြစ်သူအပါဝင် အမျိုးသမီးကြီးနှစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး၊အမျိုးသား တစ်ဦးတို့ကို ပြန်လွတ်ပေးခဲ့သည်။

စစ်ကောင်စီ ဖမ်းဆီးခဲ့သည့် ခမောင်းချောင်း ဒေသခံဆယ်ဦးအနက် နှစ်ဦးပစ်သတ်ခဲ့ပြီး ၄ ဦးပြန်လွှတ်‌ပေးကာ ၄ ဦးကိုမူ ဆက်လက်ဖမ်းဆီး ‌ခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီက ဖမ်းခေါ်သွားသည့်သူများမှာ အသက် ၂၀ ကျော်အရွယ် ကိုသားဂန်းဆိုသူနှင့် ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ် ၃ ဦး တို့ဖြစ်သည်။

ဆက်လက်ဖမ်းခေါ်သွားသည့် ၎င်းတို့လေးဦးကို ယနေ့အောက်တိုဘာလ ၆ ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုနှင့် နီးစပ်သည့် ဒေသခံ များကပြောသည်။