သရက်ချောင်း ကျောက်လှေကားရွာက နေအိမ်အချို့

0
2221

သရက်ချောင်းမြို့နယ် ကျောက်လှေကားရွာက နေအိမ်အချို့ကို ဧပြီလ ၁၀ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဧပြီလ ၉ရက် နံနက်ပိုင်းတွင် စော်ဖျားရွာဘုရားကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက စော်ဖျား၊ ကျောက်လှေကားရွာများဘက်ကို စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ဧပြီလ ၁ဝရက် ညနေ ၄ နာရီခန့်တွင် ကျောက်လှေကားရွာဘက်က ပစ်ခတ်သံများ ကြားရပြီး ညနေ ၅ နာရီခန့်တွင် ပစ်ခတ်သံများ တိတ်သွားပြီးနောက် မီးရှို့ခံရခြင်းဖြစ်ကြောင်း ယင်းကျေးရွာအနီးနေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“မနေ့က မီးခိုးလုံးတွေ တက်လာတာကို အဝေးကနေတွေ့ရတယ်။ နောက်မှ ကျောက်လှေကားက အိမ်တွေ မီးရှို့ခဲ့တာလို့ ပြောတယ်။ အိမ်သုံးဆောင်လို့လည်း ‌ကြားတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဧပြီလ ၉ ရက်က တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများသည်ဟု ဒေသခံအချို့က ဆိုသည်။

ယင်းကြောင့် သရက်ချောင်းမြို့နယ် စော်ဖျားရွာနှင့် ကျောက်လှေကား၊ ကင်းရှေ့၊ မိုးရွှေကုန်းရွာများဘက်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က တောနင်းကာ စစ်ကြောင်းထိုးရှာဖွေနေကြောင်း ဒေသခံတို့က ပြောသည်။

ထို့ကြောင့် ဒေသခံများ ထွက်ပြေးတိမ်း ရှောင်‌နေရဆဲကြောင်း ၎င်းတို့က ပြောဆိုကြသည်။