စားအုန်းဆီဈေး ဆက်တိုက်မြင့်တက်နေသည့် မြိတ်ကုန်စည်ဈေးကွက်

0
2791

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် စားအုန်းဆီဈေး အပါအဝင် ကုန်စည်အချို့ ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်သည်။

ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါ တစ်ပုံးလျှင် ၆၂၀၀၀ ကျပ်ရှိရာမှ ယခင်အပတ်က ၅၀၀၀ ကျပ် မြင့်တက်ခဲ့ပြီး ယခုအပတ်တွင် ၅၀၀ ကျပ် ထပ်မံမြင့်တက်သဖြင့် ၆၇၅၀၀ ကျပ်နှုန်း ဖြစ်လာသည်။

သားငါးဈေးကွက်တွင် အမဲသားတစ်ပိဿာလျှင် တစ်‌ထောင်ကျပ်နှင့် ငရုတ်သီးခြောက် (ငရုတ်ပု) ဈေး တစ်ထောင်ကျပ် မြင့်တက်လာသည်။

ထို့အပြင် ကြက်သွန်ဖြူဈေးအနည်းငယ်မြင့်တက်နေပြီး ကျန်ကုန်စည်အများစုမှာ ဈေးတည်ငြိမ်နေသည်။

ဆက်လက်ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ကြောင်း ကုန်စုံအရောင်းဆိုင်တို့ထံမှ သိရသည်။

ကုန်စည်စီးဆင်းရာ မြိတ်-ရန်ကုန်ကားလမ်းမတလျှောက် တိုက်ပွဲများ မကြာမကြာဖြစ်နေခြင်းနှင့် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေခြင်းတို့ကြောင့် ဈေးထပ်မံမြင့်တက်လာနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။